ဂေါဂမင်းကျဆုံးခြင်း
၃၉
၁ အရှင်ထာဝရဘုရားက``အချင်းလူသား၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီး ဆုံးမင်းဖြစ်သူဂေါဂအားရှုတ်ချလော့။ ငါသည်သူ၏ရန်သူဖြစ်ကြောင်းဆင့်ဆို လော့။-
၂ ငါသည်သူ့အားလှည့်စေ၍ဆွဲခေါ်လာမည်။ ဣသရေလတောင်များသို့ရောက်သည့်တိုင် အောင်မြောက်မျက်နှာစွန်းမှခေါ်ဆောင်လာ မည်။-
၃ ထို့နောက်သူ၏လက်ဝဲလက်မှလေးနှင့် လက်ယာလက်မှမြားတို့ကိုပုတ်ချမည်။-
၄ ဂေါဂနှင့်စစ်သည်အလုံးအရင်းတို့သည် လည်းကောင်း၊ သူ၏မဟာမိတ်တို့သည်လည်း ကောင်းဣသရေလတောင်များပေါ်တွင်ကျ ဆုံးကြလိမ့်မည်။ ငါသည်သင့်အားငှက်ရဲ များနှင့်တောတိရစ္ဆာန်တို့၏အစာဖြစ်စေ မည်။-
၅ သင်သည်ကွင်းပြင်ထဲတွင်ကျဆုံးလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။-
၆ ငါသည်မာဂေါဂပြည်နှင့်လူတို့ငြိမ်းချမ်း စွာနေထိုင်လျက်ရှိသည့်ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်ကိုမီးသင့်လောင်စေမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းလူတိုင်းသိရှိကြလိမ့်မည်။-
၇ ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကို ငါ့လူမျိုးတော်ဣသရေလအမျိုး သားတို့သိရှိကြစေရန်ငါပြုမည်။ သူတို့ သည်ထိုသန့်ရှင်းသောနာမတော်ကိုနောက် တစ်ဖန်မရှုတ်ချရ။ ထိုအခါငါထာဝရ ဘုရားသည် ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူကြောင်းလူမျိုးတကာ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
၈ အရှင်ထာဝရဘုရားက``ငါဖော်ပြခဲ့ သည့်နေ့ရက်ကာလသည်ဧကန်မုချ ကျရောက်အံ့။-
၉ ဣသရေလမြို့များတွင်နေထိုင်သူတို့သည် မြို့ပြင်သို့ထွက်၍ ရန်သူများစွန့်ပစ်ထား ခဲ့သည့်လက်နက်များကိုထင်းအဖြစ်စု သိမ်းကြလိမ့်မည်။ သူတို့သည်ခုနစ်နှစ်တိုင် တိုင်မီးဆိုက်နိုင်လောက်အောင် ဒိုင်းလွှား၊ လေး၊ မြား၊ တင်းပုတ်နှင့်လှံများကိုရရှိကြလိမ့် မည်။-
၁၀ ရန်သူတို့စွန့်ပစ်ထားခဲ့သည့်လက်နက်များ ကိုရရှိကြမည်ဖြစ်၍သူတို့သည်လွင်ပြင် ၌ထင်းခွေရန်၊ တော၌သစ်ပင်များခုတ်လှဲ ရန်လိုလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့ အားလုယက်သတ်ဖြတ်ကြသူတို့ကိုပြန် ၍တိုက်ခိုက်လုယက်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
ဂေါဂကိုသင်္ဂြိုဟ်ခြင်း
၁၁ ထာဝရဘုရားက``ဤအမှုအရာအပေါင်း ဖြစ်ပျက်လာသောအခါဂေါဂအား ဣသရေလ ပြည်ပင်လယ်သေအရှေ့ဘက်တွင်ရှိသော ခရီးသည် ချိုင့်ဝှမ်းတွင်သင်္ချိုင်းမြေယာ တစ်ကွက်ကိုငါပေးမည်။ ထိုအရပ်တွင် ဂေါဂနှင့်သူ၏တပ်မတော်တစ်ခုလုံးကို မြှုပ်နှံရသဖြင့် ခရီးသွားရန်လမ်းပိတ် နေလိမ့်မည်။ သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည် ဂေါဂတပ်မတော်ချိုင့်ဝှမ်းဟုနာမည် တွင်လိမ့်မည်။-
၁၂ ဣသရေလအမျိုးသားတို့သည်ပြည်ရွာ သန့်ရှင်းမှုအတွက် လူသေအလောင်းများ ကိုခုနစ်လပတ်လုံးသင်္ဂြိုဟ်ရကြလိမ့်မည်။-
၁၃ ပြည်သူပြည်သားအပေါင်းတို့သည်ကူညီ ၍သင်္ဂြိုဟ်ကြလိမ့်မည်။ သို့ဖြစ်၍သူတို့သည် ငါ၏ဘုန်းတော်ထင်ရှားသည့်နေ့၌ ဂုဏ်ပြု ချီးမြှင့်ခြင်းကိုခံရကြလိမ့်မည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။-
၁၄ ခုနစ်လကာလကုန်ဆုံးသွားသောအခါ အရပ်ရပ်သို့လှည့်လည်၍ ကြွင်းကျန်နေသေး သောလူသေအလောင်းများကိုရှာဖွေသင်္ဂြိုဟ် စေရန်အတွက် လူတို့ကိုရွေးချယ်ခန့်ထား ကြလိမ့်မည်။ ဤနည်းအားဖြင့်ပြည်ရွာကို စင်ကြယ်စေကြလိမ့်မည်။-
၁၅ ထိုသူတို့သည်ပြည်ရွာကိုအစုန်အဆန် သွားလာလျက်လူရိုးများကိုတွေ့ရှိသည့် အခါတိုင်း ဂေါဂတပ်မတော်ချိုင့်ဝှမ်းတွင် မြှုပ်နှံမည့်သူများရောက်ရှိလာချိန်တိုင် အောင်မှတ်တိုင်များကိုစိုက်ထားကြလိမ့် မည်။-
၁၆ (ထိုချိုင့်ဝှမ်းအနီးတွင်တပ်မတော်နာမည် ကိုယူ၍မှည့်ခေါ်ထားသည့်မြို့ရှိသတည်း။) သို့ဖြစ်၍ပြည်ရွာပြန်လည်စင်ကြယ်လာ လိမ့်မည်'' ဟုမိန့်တော်မူ၏။
၁၇ အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ပတ်ဝန်းကျင်အရပ်ရပ်မှငှက်များ နှင့်တိရစ္ဆာန်များအား သူတို့အတွက်ငါပြင် ဆင်ပေးမည့်ယဇ်ပူဇော်ပွဲသို့လာ၍စား သောက်ကြရန်ခေါ်ဖိတ်လော့။ ဣသရေလ တောင်ပေါ်မှကြီးမြတ်သောယဇ်ပူဇော်ပွဲ ကြီးဖြစ်၏။-
၁၈ ထိုပွဲသည်ကြီးကျယ်သောစားသောက်ပွဲ ဖြစ်၍သူတို့သည် စစ်သူရဲတို့၏အသား ကိုစား၍ပြည်ရှင်မင်းတို့၏သွေးကိုသောက် ရကြလိမ့်မည်။ ထိုစစ်သူရဲများနှင့်ပြည် ရှင်မင်းတို့သည်ဘာရှန်ပြည်မှဆူဖြိုးသော တိရစ္ဆာန်များဖြစ်သည့် သိုးထီး၊ သိုးငယ်၊ ဆိတ် များ၊ နွားများကဲ့သို့အသတ်ခံရကြ လိမ့်မည်။-
၁၉ ထိုသူတို့သည်ယင်းသို့ယဇ်ကောင်များ သဖွယ်အသတ်ခံရကြသောအခါ ငှက် နှင့်တိရစ္ဆာန်များသည်အဆီကိုဝစွာစား ၍သွေးကိုမူးယစ်သည့်တိုင်အောင်သောက် ရကြလိမ့်မည်။-
၂၀ ငါပြင်ဆင်သောစားပွဲတွင်သူတို့သည် မြင်းများနှင့်မြင်းစီးသူရဲများ၊ တပ်မ တော်သားများနှင့်စစ်ပွဲဝင်သူတို့၏အ သားကိုစားရကြလိမ့်မည်။ ဤကားငါ အရှင်ထာဝရဘုရားမြွက်ဟတော်မူ သောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ဣသရေလပြည်ကိုပြန်လည်ထူထောင်မည်
၂၁ ထာဝရဘုရားက``လူမျိုးတကာတို့သည် ငါ၏ဘုန်းအသရေတော်ကိုမြင်ရကြလိမ့် မည်။ ငါ၏တရားမျှတသောစီရင်ချက်များ ကိုအကောင်အထည်ဖော်ရာတွင် ငါသည် မိမိ၏တန်ခိုးတော်ကိုအဘယ်သို့အသုံး ပြုတော်မူကြောင်းသူတို့အားပြမည်။-
၂၂ ထိုအချိန်မှအစပြု၍ဣသရေလအမျိုး သားတို့သည် မိမိတို့၏ဘုရားသခင်ထာဝရ ဘုရားကားငါပင်ဖြစ်သည်ကိုသိရှိကြ လိမ့်မည်။-
၂၃ ဣသရေလအမျိုးသားတို့သည်ငါ့အား ပြစ်မှားသည့်အပြစ်များကြောင့်ပြည်နှင် ဒဏ်သင့်ရကြကြောင်းကိုလည်း လူမျိုး တကာတို့သိရှိကြလိမ့်မည်။ ငါသည်သူ တို့အားကျောခိုင်းတော်မူ၍ရန်သူတို့ ၏လက်သို့ရောက်စေလျက်စစ်ပွဲတွင်ကျ ဆုံးစေတော်မူခဲ့၏။-
၂၄ ငါသည်သူတို့အားမိမိတို့၏ဆိုးညစ် ယုတ်မာမှုများနှင့်ထိုက်လျောက်သည့် အတိုင်းစီရင်တော်မူပြီးလျှင်ကျော ခိုင်းနေတော်မူ၏'' ဟုမိန့်တော်မူ၏။
၂၅ အရှင်ထာဝရဘုရားက``သို့ဖြစ်၍ယခု ငါသည် ယာကုပ်၏သားမြေးဖြစ်သူ ဣသရေလအမျိုးသားတို့အားကရုဏာ သက်၍ တစ်ဖန်ပြန်လည်ကောင်းစားလာ စေမည်။ ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကိုကာကွယ်မည်။-
၂၆ သူတို့သည်မိမိတို့၏ပြည်တွင်ခြိမ်းခြောက် မည့်သူမရှိဘဲဘေးမဲ့လုံခြုံစွာနေထိုင်ရ ကြသောအခါ ငါ့အားသစ္စာဖောက်ခြင်း ကြောင့်အသရေပျက်ခဲ့ရကြောင်းကိုမေ့ ပျောက်နိုင်ကြလိမ့်မည်။-
၂၇ ငါသည်သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား ဖြစ်သည်ကိုလူမျိုးတကာတို့သိရှိကြစေ ရန် ငါ၏လူမျိုးတော်အားရန်သူတို့နေထိုင် ရာတိုင်းပြည်နိုင်ငံအသီးသီးမှငါပြန် လည်ခေါ်ဆောင်ခဲ့မည်။-
၂၈ ထိုအခါငါ၏လူမျိုးတော်သည်ငါ့အား မိမိတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းသိရှိကြလိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော်ငါသည်ယခင်ကသူ တို့အားဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံစေ တော်မူခဲ့သော်လည်း ယခုအခါ၌တစ် ယောက်မကျန်ပြန်လည်စုသိမ်းကာမိမိ တို့ပြည်သို့ပို့ဆောင်တော်မူသောကြောင့် တည်း။-
၂၉ ငါသည်မိမိ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုသွန်း လောင်းမည်။ သူတို့အားနောင်အဘယ်အခါ ၌မျှငါကျောခိုင်းမည်မဟုတ်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။