နောက်ဆုံးသောအချိန်နှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် ပြောကြာချက်အမြားအပြား ရှိသည်။ သမ္မာကျမ်းစာတစ်အုပ်လုံးတွင်ရှိသော ကျမ်းစာအုပ်များသည် အများအားဖြင့် နောက်ဆုံး ချိန်များကို ဖော်ပြထားပါသည်။ ထိုပရောဖက်များအားလုံးကို အကောင်အထည်ဖော်ခြင်းနှင့် အသိ အမှတ်ပြုခြင်းသည် အလွန်ခက်ခဲသည်။ အောက်တွင်ဖော်ပြထားသော အချက်အလက်အချို့တို့ သည် သမ္မာကျမ်းစာထဲတွင် နောက်ဆုံးချိန်များနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် ဖော်ပြထား သည့်အတိုင်း အကျဉ်းချုံး၍ဖော်ပြထားခြင်းဖြစ်သည်။
ချီဆောင်ခြင်း အချိန်တွင် ခရစ်တော်က ဒုတိယမွေးခြင်းကိုခံယူသော ယုံကြည်သူအားလုံးကို ဤလောကမှ ဖယ်ရှားပါလိမ့်မည် (၁သက် ၄း၁၃-၁၈၊ ၁ကော ၁၅း၅၁-၅၄)။ခရစ်တော်၏တရားစီ ရင်ခြင်းပလ္လင်တော်တွင် ယုံကြည်သူများသည် ဤလောကတွင် အသက်ရှင်စဉ်တွင် လုပ်ဆောင်ခဲ့ သောကောင်းမှုကုသိုလ်များနှင့် သစ္စရှိခြင်းအတွက် ဆုပေး/ဒဏ်ပေးစနစ်ရှိမည်ဖြစ်သည်။ သို့သော် ထိုတရားစီရင်ခြင်းသည် ထာဝရကာလအတွက် မဟုတ်ပေ။ သူတို့၏နာခံခြင်းနှင့် လုပ်ဆောင်ချက် များအတွက်သာ တရားစီရင်ခြင်း ဖြစ်သည် ( ၁ကော ၃း၁၁-၁၅၊ ၂ကော ၅း၁၀)။
အန္တီခရစ် ( တောသားရဲ) သည် တန်ခိုးအာဏာရရှိလာပြီး၊ ဣသရေလလူမျိုးများနှင့်ခုနစ်နှစ် အတွက်ပဋိဥာဉ်စာချုပ်ချုပ်ဆိုလိမ့်မည် (ဒံယေလ ၉း၂၇)။ ထိုခုနစ်နှစ်ကာလကို “ဘေးဒဏ်ကြီး ကာလ” ဟု သိရသည်။ ဘေးဒဏ်ကြီးကာလတွင် ထိတ်လန့်စရာကောင်းသောစစ်ပွဲများ၊ အစာရေ စာခေါင်းပါးမှုများ၊ ကာလနာဘေးများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်လာပါလိမ့်မည်။ ဘုရားသခင်က အပြစ်တရားပြုသောသူများ၊ ဆိုးသွမ်းသောသူများနှင့် ကောက်ကျစ်သောသူများ အပေါ် သူ၏အမျက်ဒေါသကို သွန်းလောင်းမည်ဖြစ်သည်။ ဘေးဒဏ်ကြီးကာလသည် Apocalypse ခေါ်မြင်းစီးယောင်္ကျားလေးယောက်ပေါ်လာသောအချိန်နှင့် တရားစီရင်ခြင်း တံဆိပ်၊ တံပိုးနှင့် ခွက်ဖလား ခုနစ်ခုသွန်းလောင်းသောအချိန်တွင် အဆုံးသတ်ပါလိမ့်မည်။
ခုနစ်နှစ်မှ သုံးနှစ်ခွဲအတောအတွင်း၊ အန္တီခရစ်သည် ဣသရေလလူမျိုးများနှင့် ငြိမ်းချမ်းရေးပဋိ ညာဉ်စာချုပ်ချုပ်ဆိုပြီး၊ ထိုစာချုပ်ကို ချိုးဖောက်ကာ စစ်ပွဲဆင်နွှဲပါလိမ့်မည်။ အန္တီခရစ်က “အလွန် ညစ်ညမ်းသော လုပ်ဆောင်မှု” တစ်ခုကို ပြုပါလိမ့်မည်။ သူသည် မိမိရုပ်ပုံကို ယေရုရှလင်မြို့ဗိမာန် တော်ထဲတွင် တည်ဆောက်ကာ လူတွေ့ကိုကိုးကွယ်စေပါလိမ့်မည်( ဒံယေလ ၉း၂၇။ ၂သက် ၂း၃-၁၀)။ ထိုဗိမာန်တော်သည် ပြန်လည်တည်ဆောက်ရမည့်ဗိမာန်တော်ဖြစ်သည်။ ခုနစ်နှစ်မှ နောက် ဆုံးသုံးနှစ်ခွဲသည် “ကြီးမားသော ဘေးဒဏ်ကြီးကာလ” (ဗျာဒိတ် ၇း၁၄) နှင့် “ယာကုပ်၏အမျိုး၌ အမှုရောက်သောနေ့ရက်” (ယေရမိ ၃၀း၇) ဟု သိရသည်။
ဘေးဒဏ်ကြီးကာလခုနစ်နှစ်ကုန်ဆုံးသွားသောအချိန်တွင် အန္တီခရစ်သည် ယေရုရှလင်မြို့တွင် နောက်ဆုံးသောစစ်ပွဲဆင်နွဲပါလိမ့်မည်။ ၄င်းကို အမေဂဒုန်စစ်ပွဲဟု သိရသည်။ ခရစ်တော်သည် တ ဖန်ပြန်လာ၍ အန္တီခရစ်နှင့်၎င်း၏စစ်ဗိုလ်များကို ဖျက်ဆီးပါလိမ့်မည်။ သူတို့ကို ငရဲမီးအိုင်ထဲသို့ပစ် ချပါလိမ့်မည် (ဗျာဒိတ် ၁၉း၁၁-၂၁)။ ထိုနောက်ခရစ်တော်က စာတန်ကို ချည်နှောင်၍ အနှစ်တစ် ထောင်အတွင်း အဆုံးမရှိသောတွင်းထဲသို့ ပစ်ချမည်ဖြစ်သည်။ သူသည် ဤလောကတွင် သူ၏နိုင်ငံအနှစ် တစ်ထောင်ကို အုပ်စိုးပါလိမ့်မည် (ဗျာဒိတ် ၂၀း၁-၆)။
အနှစ်တစ်ထောင်ကုန်ဆုံးသွားခဲ့ပြီးနောက် စာတန်ကို ပြန်လည်လွှတ်ခဲ့ပြီး၊ သူသည် တဖန်ရှုံးနှိမ့် ကာ ငရဲမီးအိုင်ထဲတွင် ထာဝရပစ်ချခြင်းကိုခံရပါလိမ့်မည် (ဗျာဒိတ် ၂၀း၇-၁၀)။ ခရစ်တော်က ကြီး မားသော ပလ္လင်တော်ပေါ်တွင် မယုံကြည်သူများကို တရားစီရင်၍ (ဗျာဒိတ် ၂၀း၁၀-၁၅) သူတို့ကို ငရဲမီးအိုင်ထဲသို့ ပစ်ချပါလိမ့်မည်။ ထိုနောက်ခရစ်တော်က ယုံကြည်သူများထာဝရစိုးစံမည့်နေရာ ကောင်းကင်သစ်နှင့်မြေကြီးသစ်၊ ယေရုရှလင်မြို့သစ်မှ ယုံကြည်သူများကို ကြိုဆိုပါလိမ့်မည်။ အပြစ်၊ ၀မ်းနည်းခြင်း၊ သေခြင်းရှိတော့မည်မဟုတ်ပေ (ဗျာဒိတ် ၂၁-၂၂)။
မဿဲ ၂၄း၅-၈ ထဲတွင် ကျွန်ုပ်တို့နှင့် သက်ဆိုင်သောနောက်ဆုံးသောအချိန်များအတွက် အရေးကြီးသော အချက်အလက်အချို့တို့ကို ဖော်ပြထားပါသည်။ “အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟုဆိုလျက်၊ ငါ၏အယောင်ကို ဆောင်၍ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြား ကြလိမ့်မည်။ သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို ၄င်း၊ ကြားရကြလိမ့်မည်။ သို့သော်လည်းတုန်လှုပ်ခြင်းမရှိစေခြင်းငှါ၊ သတိပြုကြလော့။ ထိုအမှုအ ရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တ နိုင်ငံရန် ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏အစအဦးဖြစ် သတည်း။” မှားယွင်းသောမေရှီယများပေါ်ပေါက်လာခြင်း၊ စစ်ပွဲများပေါ်ပေါက်လာခြင်း၊ အစာရေစာ ခေါင်းပါးမှုများ၊ ကာလနာဘေးများ၊ သဘာဝဘေးအန္တရာယ်များပေါ်ပေါက်လာခြင်း စသည်တို့ သည် နောက်ဆုံးကာ၏လက္ခဏာများဖြစ်သည်။ ဤကျမ်းပိုဒ်ထဲတွင် ကျွန်ုပ်တို့ကို သတိပေးထား သော်လည်း ကျွန်ုပ်တို့သည် လှည့်ဖြားခြင်းကို ခံစားရကြမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအဖြစ်အပျက်များသည် နာကျင်မှု၏အစသာဖြစ်သည်။ အဆုံးသည် ရောက်လာလိမ့်မည်ဖြစ် သည်။
အချို့သော် ဘာသာပြန်သူများက မြေငလျှင်လှုပ်ခြင်း၊ နိုင်ငံရေးကသောင်းကနင်းဖြစ်ခြင်း၊ နှင့်ဣသရေလလူမျိုးများအပေါ်တိုက်ခိုက်မှုများသည် နောက်ဆုံးအချိန်ကာလကို နီးကပ်နေပြီ ဟု ပြောတတ်ကြသည်။ သို့သော်ထိုအဖြစ်အပျက်များသည် နောက်ဆုံးသောနေ့ရက်များကို နီးကပ် နေခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ နောက်ဆုံးသောအချိန်ရောက်နေပြီဟု ဖော်ပြလိုခြင်းမဟုတ် ပေ။ တမန်တော်ရှင်ပေါလုက နောက်ဆုံးသောအချိန်တွင် မှားယွင်းသောပရောဖက်များစွာ ပေါ်ပေါက်လိမ့်မည်ဟု ဖော်ပြထားပါသည်။ “၀ိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော် မူသည်ကား၊ အချို့သောသူများသည် ယုံကြည်ခြင်းစွန့်လွှတ်၍ နတ်ဆိုးများ၏သွန်သင်ခြင်းသို့ လိုက်ကြလိမ့်မည်” (၁တိ ၄း၁) ဟုဖော်ပြထားပါသည်။ နောက်ဆုံးသောနေ့ရက်ကို “ကြီးမားသော အန္တရာယ်အချိန်များ” ဟုဖော်ပြထားပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတွေက အ ကျင့်စာရိတ္တပျက်ပြားလာကာ “သမ္မာတရားကို ခုခံတော်လှန်” ကြမည်ဖြစ်သောကြောင့်ဖြစ်သည် (၂တိ ၃း၁-၉၊ ၂သက် ၂း၃ကိုလည်းကြည့်ပါ)။
အခြားသောလက္ခဏာသည် ယေရုရှလင်မြို့တွင်ယုဒလူမျိုးများ၏ ဗိမာန်တော်တည်ဆောက်ခြင်း ဖြစ်သည်။ ဣသရေလလူမျိုးများကို ရန်ငြိုးပွါးလာမည်။ တစ်ကမ္ဘာလုံးကို ဘုရင်တစ်ပါးက အုပ်ချုပ် မည်ဖြစ်သည်။နောက်ဆုံးသောအချိန်ကာလသည် ဣသရေလလူမျိုးများပေါ်တွင် အများစု သက် ရောက်သွားမည်ဖြစ်သည်။ ၁၉၄၈ခုနှစ်တွင် ဣသရေလနိုင်ငံသည် အစိုးရသော ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ အေဒီ ၇၀ မှစ၍ ပထမအကြိမ်သတ်မှတ်ခြင်းသည် မှတ်သားစရာဖြစ်သည်။ ဘုရားသခင်က အဗြဟံအား ခါနန်ပြည်သည် သင့်၏ “ ထာဝရ ပိုင်ဆိုင်မှု” ဖြစ်လိမ့်မည်ဟု ကတိ ထားခဲ့သည် ( ကမ္ဘာ၊ ၁၇း၈)။ ထို့ပြင် ယေဇကျေလကလည်း ဣသရေလများ၏ကာယပိုင်းနှင့်ဝိ ညာဉ်ပိုင်း တည်ဆောက်ခြင်းကို ကတိပေးခဲ့သည် ( ယေဇကျေလ အခန်းကြီး ၃၇)။ ဣသရေလလူ မျိုးများသည် အနာဂတ်ကာလနှင့်စပ်ဆိုင်သော လူမျိုးများဖြစ်ကြသောကြောင့် ပရောဖက်ဆိုင်ရာ နှင့်ပတ်သက်၍ နောက်ဆုံးသောနေ့ရက်သည် သူတို့၏နယ်မြေပိုင်ဆိုင်မှုသည် အလွန်အရေးကြီး သည် (ဒံယေလ ၁၀း၁၄၊ ၁၁း၄၁၊ ဗျာဒိတ် ၁၁း၈)။
ထိုနိမိတ်လက္ခဏာများကိုကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် နောက်ဆုံးသောနေ့ရက်ကာလနှင့် ပတ်သက်၍ သေချာစွာပိုင်းခြားသိမြင်နိုင်ပါသည်။ သို့သော် အချို့သောအဖြစ်အပျက်များကြောင့် နောက်ဆုံးအချိန်ရောက်နေပြီဟု ကျွန်ုပ်တို့ အထစ်ချ အပြောနိုင်ပေ။ကျွန်ုပ်တို့သည် ပြင်ဆင်မှုပြု နိုင်ရန်အတွက် ဘုရားသခင်က ကျွန်ုပ်တို့အား လုံလောက်သော အကြောင်းကြားခြင်းများကို ပေးခဲ့သည်။ ကျွန်ုပ်တို့သည် ကြိုတင်ပြင်ဆင်ခြင်းရှိရန်အတွက် ဘုရားသခင်အလိုတော်ရှိသည်။
“ချီဆောင်ခြင်း” စကားလုံးသည် သမ္မာကျမ်းစာထဲတွင် မတွေ့ရပေ။ သို့သော် ချီဆောင်ခြင်းယူဆချက်ကို သမ္မာကျမ်းစာထဲတွင် တိကျစွာဖော်ပြထားပါသည်။ အသင်းတော်ချီ ဆောင်ခြင်းသည် ဘုရားသခင်က ယုံကြည်သူများအားလုံးကို လောကမှဖယ်ရှားကာ သူ၏ဖြောင့် မတ်ခြင်းအမျက်တော်ကို ဤလောကသို့သွန်းလောင်းသောအချိန်ကို ရည်ညွှန်းလိုခြင်းဖြစ်သည်။ ချီဆောင်ခြင်းကို ၁သက် ၄း၁၃-၁၈ နှင့် ၁ကော ၁၅း၅၀-၅၄ ထဲတွင် အဓိကဖော်ပြထားပါသည်။ ဘုရားသခင်က သေပြီးသောသူများကို ထမြောက်စေပြီး၊ သူတို့ကို ဘုန်းတန်းခိုးနှင့်ပြည့်ဝသော ခန္ဓာကိုယ်ပေးမည်ဖြစ်သည်။ အသက်ရှင်သေးသောသူများကိုလည်း ဘုရားသခင် ဘုန်းတော်နှင့် ပြည့်ဝသော ခန္ဓာကိုယ်ပေးကာ သေပြီး ဘုန်းတော်နှင့်ပြည့်ဝသော ခန္ဓာကိုယ်နှင့်ပြည့်စုံသော သူများနှင့် လောကမှ ဖယ်ရှားမည်ဖြစ်သည်။ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တ မန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တန်ပိုးတော်ကိုမုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌သေလွန်သောသူတို့သည် အဦးထ မြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည်အာကာသကောင်းကင်၌ သခင်ဘုရားထဲတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင် ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်” (၁သက် ၄း၁၆-၁၇)။
ချီဆောင်ခြင်းသည် တကယ့်တကယ်ဖြစ်ပျက်မည့်အဖြစ်အပျက်ဖြစ်သည်။ ထိုအချိန်တွင် ကျွန်ုပ် တို့သည် ဘုန်းတော်နှင့်ပြည့်ဝသောခန္ဓာကိုယ်အဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။ “နက်နဲ သောအရာတစ်ခုကိုငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသောတံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်း လဲခြင်းသို့ရောက်ရကြမည်” (၁ကော ၁၅း၅၁-၅၂)။ ချီဆောင်ခြင်းသည် ကျွန်ုပ်တို့လိုချင်တောင့်တ သော မြင့်မြတ်သော အဖြစ်အပျက်ဖြစ်သည်။ ကျွန်ုပ်တို့သည် နောက်ဆုံးတွင် အပြစ်တရားနှင့် ကင်းကွာသွားလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ အစဉ်ထာဝရနေရလိမ့်မည်။ ၄င်း အပြင် ချီဆောင်ခြင်းနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့်ယူဆချက်များစွာရှိသည်။ ထိုသို့ငြင်း ဆိုခြင်းသည် ဘုရားသခင်၏အလိုတော်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ချီဆောင်ခြင်းအကြောင်းကို ငြင်းခုံကြမည့်အစား၊ “အချင်းချင်းတယောက်နှင့်တယောက် နှုတ်ကပတ်တော်အားဖြင့် ခွန်အား ပေးခြင်း” သည် ဘုရားသခင်၏အလိုတော်ဖြစ်သည်(၁သက် ၄း၁၈)။
ဘေးဒဏ်ကြီးကာလသည် ဘုရားသခင်ကဣသရေလလူမျိုးများကို ဆုံးမသွန်သင်ခြင်း နှင့်နောက်ဆုံးတွင် မယုံကြည်သူများအပေါ်သူ၏တရားစီရင်ခြင်းအားဖြင့်အဆုံးသတ်ခြင်းဖြစ်သော အနာဂတ်ကာလတွင်ဖြစ်ပျက်လာမည့် ခုနစ်နှစ်ကာလကို ဖော်ပြလိုခြင်းဖြစ်သည်။ သခင်ယေရှုခ ရစ်တော်ကို ယုံကြည်သောသူများ၊ ကယ်တင်ခြင်းစိတ်ချမှုရရှိသောသူများဖြစ်သော အသင်းတော် သည် အပြစ်တရားအတွက် တရားစီရင်ခြင်းမှလွှတ်မြောက်၍ ဘေးဒဏ်ကြီးကာလအတွင်း သူတို့ သည် ပါဝင်ကြလိမ့်မည်မဟုတ်ပေ။ အသင်းတော်သည် ချီဆောင်ခြင်းတွင် လောကမှ ဖယ်ရှားခြင်း ခံရကြမည်ဖြစ်သည် ( ၁သက် ၄း၁၃-၁၈၊ ၁ကော ၁၅း၅၁-၅၃)။ အသင်းတော်သည် ဘုရားသခင် ၏အမျက်တော်မှ လွှတ်မြောက်ရကြမည်ဖြစ်သည် (၁သက် ၅း၉)။ သမ္မာကျမ်းစာထဲတွင် ဘေးဒဏ် ကြီးကာလကို ဘုရားသခင်၏နေ့ရက် ( ဟေရှာယ ၂း၁၂၊ ၁၃း၆-၉၊ ယောလ ၁း၁၅၊ ၂း၁-၃၁၊ ၃း၁၄၊ ၁သက် ၅း၂)၊ ဆင်းရဲဒုက္ခခံခြင်း (သို့) ဘေးဒဏ်ကြီးကာလ ( တရားဟော ၄း၃၀၊ ဇေဖနိ ၁း၁)၊ ကြီးမားသောဘေးဒဏ်ကြီး၊ ၄င်းကို ခုနစ်နှစ်ကာလ၏နောက်ဆုံးသော အပိုင်းဖြစ်သည် ( မဿဲ ၂၄း၂၁)၊ ဆင်းရဲဒုက္ခခံသောနေ့ရက်ကာလ (ဒံယေလ ၁၂း၁၊ ဇေဖနိ ၁း၁၅)၊ ယာကုပ်အမျိုး ၌အမှုရောက်သောနေ့ရက် (ယေဇမိ ၃၀း၇) ဟု ကင်ပွန်းတပ်ထားပါသည်။
ဘေးဒဏ်ကြီးကာလ၏ရည်ရွယ်ချက်နှင့်အချိန်ကို သိရှိရန် အတွက် ဒံယေလ ၉း၂၄-၂၇ ကိုသိရှိနား လည်ရန် လိုအပ်လျက်ရှိသည်။ “သင်၏လူများ” ကိုဆန့်ကျင်သည် ဟု ကြွေးကြော်သော သိတင်း ၇၀ အကြောင်းကို ဖော်ပြထားပါသည်။ ဒံယေလ၏လူများသည် ယုဒလူမျိုးများ၊ ဣသရေ လလူမျိုးများဖြစ်ကြသည်။ ဒံယေလ ၉း၂၄ ထဲတွင် ဘုရားသခင်လုပ်ဆောင်ရမည့်အချိန်ကို ဖော်ပြ ထားပါသည်။ “လွန်ကျူးခြင်းအမှုကိုဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ် ကိုဖြေရှင်း၍ ထာဝရကုသိုလ်ကိုသွင်းစေခြင်းငှါ၎င်း၊ ဗျာဒိတ်ရူပါရုံနှင့်အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိတ်ခတ်၍၊ အလွန်သန့်ရှင်းသောဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းတို့အဘို့နှင့် သင်၏သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။” “သိတင်း ခုနစ်ဆယ် ခုနစ်ကြိမ်” အတောအတွင် ဤအမှုအရာများပြည့်စုံလိမ့်မည်ဟု ဘုရားသခင်က ဖော်ပြ ထားပါသည်။ ၄င်းသည် ခုနစ်ဆယ် ခုနစ်ကြိမ်နှစ်ဖြစ်ကာ၊ နှစ်ပေါင်း ၄၉၀ ဖြစ်သည်။ (အချို့သော ဘာသာပြန်သူများက သိတင်းခုနစ်ဆယ်နှစ် ဟု ဖော်ပြထားပါသည်)။ ထိုအဖြစ်အပျက်မှန်ကန် သည်ဟု အခြားသော ဒံယေလကျမ်းထဲတွင် ထောက်ခံထားပါသည်။ အခန်းငယ် ၂၅နှင့် ၂၆ ထဲတွင် “ခုနစ် ခုနစ်လီ နှင့် ခြောက်ဆယ်နှစ် ခုနစ်လီ” (စုစုပေါင်း ၆၉)၊ ယေရုရှလင်မြို့ပြန်လည် စတင်တည်ဆောက်ချိန်တွင် မေရှီယသည် သတ်ဖြတ်ခြင်းခံရမည်ဟု ဒံယေလက ဖော်ပြထားပါ သည်။ တနည်းအားဖြင့်၊ ၆၉ ခုနစ်လီ နှစ် (၄၈၃နှစ် ယေရုရှလင်မြို့တဖန်တည်ဆောက်ပြီး နောက် မေရှီယသည် အသေသတ်ခြင်းကို ခံပါလိမ့်မည်။ သမ္မာကျမ်းစာ သမိုင်းလေ့လာသူများက နှစ်ပေါင်း ၄၈၃ သည် ယေရုရှလင်မြို့ပြန်လည်တည်ဆောက်ခြင်းမှ သခင်ယေရှုအသေခံသောအချိန်ထိ ဖြစ်သည် အသိအမှတ်ပြုထားပါသည်။ ခရစ်ယာန်ကျမ်းတတ်ပုဂ္ဂိုလ်အများစုက သူတို့၏ အနာဂတ် နှင့်စပ်ဆိုင်သော ဖြစ်ပျက်မည့်အရာများရှုထောင့်က လွှဲ၍၊ ဒံယေလထဲတွင် ဖော်ပြထားသော ၇၀ ခု နစ်လီကို သိရှိခဲ့ကြသည်။
ယေရုရှလင်မြို့ပြန်လည်တည်ဆောက်ခြင်းမှ မေရှီယအသေခံသောအချိန်အထိသည် နှစ်ပေါင်း ၄၈၃ဖြစ်ရာ ဒံယေလ ၉း၂၄ ထဲတွင် ဖော်ပြထားသော အချက်များပြည့်စုံဖို့ ခုနစ်နှစ် တစ်လီ ကျန်သေးသည်။ “လွန်ကျူးခြင်းအမှုကိုဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ် ကိုဖြေရှင်း၍ ထာဝရကုသိုလ်ကိုသွင်းစေခြင်းငှါ၎င်း၊ ဗျာဒိတ်ရူပါရုံနှင့်အ နာဂတ္တိဗျာ ဒိတ်တော်တို့ကို တံဆိတ်ခတ်၍၊ အလွန်သန့်ရှင်းသောဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်းခုနစ် ဆယ်ကို သင်၏ အမျိုးသားချင်းတို့အဘို့နှင့် သင်၏သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။” နောက်ဆုံးကျန်သေးသော ခုနစ်နှစ်တစ်လီကို ဘေးဒဏ်ကြီးကာလဖြစ်သည်ဟု သိရှိရသည်။ ထိုအချိန်တွင် ဘုရားသခင် ဣသရေလလူမျိုးများကို သူတို့၏အပြစ်ကြောင့် ဒဏ်ခတ်တရားစီရင် မည်ဖြစ်သည်။
ဒံယေလ ၉း၂၇ ထဲတွင် ဘေးဒဏ်ကြီးကာလအတွက် ဖြစ်ပျက်ရမည့်အကြောင်းအရာများကို အဓိကဖော်ပြထားပါသည်။ “တသိတင်းတွင် လူအများတို့နှင့်ပဋိညာဉ်ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်းတ ၀က်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကိုပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသောသူသည်ရောက်၍၊ စီရင်ဆုံးဖြတ်သောသုတ်သင်ပယ်ရှင်းခြင်းသည် ပျက်ဆီးအပ်သောသူတို့ကို မလွှမ်းမိုးမှီတိုင်အောင်ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။” ဤကျမ်း ပိုဒ်ထဲတွင် ဖော်ပြထားသော လူသည် သခင်ယေရှုဖြစ်သည်။ သူ့ကို “ဖျက်ဆီးတတ်သောရွံရှာဖွယ် အရာ” (မဿဲ ၂၄း၁၅) နှင့် ဗျာဒိတ်၁၃ ထဲတွင် “တောသားရဲ” ဟု ဖော်ပြထားပါသည်။ ဒံယေလ ၉း၂၇ထဲတွင် ထိုသားရဲက ခုနစ်နှစ်အတွင်း ပဋိညာဉ်စာချုပ်ဆိုလိမ့်မည်။ သို့သော် သိတင်းတစ်ပတ် အလယ် (ဘေးဒဏ်ကြီးကာလ၏ ၃ ၁/၂နှစ်၊)တွင် သူသည် ထိုပဋိညာဉ်ကိုချိုးဖျက်ကာ ယဇ်ပူဇော် ခြင်းအမှုကိုလည်းဖျက်သိမ်းမည်ဖြစ်သည်။ ဗျာဒိတ် ၁၃ ထဲတွင် ထိုသားရဲသည် မိမိပုံသဏ္ဍာန် ရုပ် တုကို တည်ဆောက်ကာ လူတွေကို ကိုးကွယ်စေလိမ့်မည်ဟု ဖော်ပြထားပါသည်။ ဗျာဒိတ်ကျမ်း ၁၃း၅ ထဲတွင် ထိုကာလသည် ၄၂ လ၊ ၄င်းသည် သုံးနှစ်ခွဲ ကြန့်ကြာလိမ့်မည်ဟု ဖော်ပြထားပါ သည်။ ဒံယေလ ၉း၂၇ ထဲတွင် ထိုအချိန်သည် သိတင်း၏အလယ်ခန့်တွင်ဖြစ်ပျက်လိမ့်မည်ဟု ဖော်ပြထားကာ ဗျာဒိတ် ၁၃း၅ ထဲတွင် သားရက ၄၂ လအတွင် ထိုအမှုပြုလိမ့်မည်ဟု ဖော်ပြထား သောကြောင့် အချိန်စုစုပေါင်းသည် ၈၄ လ (သို့) ခုနစ်နှစ် ကြာလိမ့်မည်ဟု လွယ်လင့်တကူသိရှိ နိုင်ပါသည်။ ဒံယေလ ၇း၂၅ ကိုလည်းကြည့်ပါ။ “အချိန်၊ အချိန်၊ အချိန်တစ်ဝက်” (အချိန်= ၁ နှစ်၊ အချိန်=၂ နှစ်၊ တစ်ဝက်= ၆လ၊ စုစုပေါင်း ၃နှစ်ခွဲ နှစ်)ဖြစ်သည်။ “ကြီးမားသော ဘေးဒဏ်ကြီးကာ လ” ကိုဖော်ပြလိုခြင်းဖြစ်သည်။ ခုနစ်နှစ်ကာလ၏နောက်ဆုံး သုံးနှစ်ခွဲအတွင်း သားရဲသည် အလွန် တန်ခိုးကြီးလာမည်ဖြစ်သည်။
ဘေးဒဏ်ကြီးကာလကို ဗျာဒိတ် ၁၁း၂-၃ တွင်လည်းတွေ့ရှိနိုင်သည်။ ထိုကျမ်းပိုဒ်ထဲတွင် ၁၂၆၀ ရက်နျင် ၄၂ လ ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ဒံယေလ ၁၂း၁၁-၁၂ ထဲတွင် ၁၂၉၀ ရက် နှင့် ၁၃၃၅ ရက်ဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုနေ့ရက်များသည် ဘေးဒဏ်ကြီးကာ အလယ်ပိုင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ ဒံယေလ ၁၂ ထဲတွင် ရှိသော နေ့ရက်များသည် လူမျိုးများအတွက် တရား စီရင်ခြင်းအဆုံးပိုင်းလည်းပါဝင်သည် (မဿဲ ၂၅း၃၁-၄၆)။ ထိုအချိန်သည် ခရစ်တော်အနှစ်တစ် ထောင်အုပ်စိုးရန် ပြင်ဆင်ထားသောအချိန်လည်းဖြစ်သည် (ဗျာဒိတ် ၂၀း၎-၆)။
ဘေးဒဏ်ကြီးကာလနှင့်စပ်လျဉ်းသော ချီဆောင်ခြင်းအချိန်သည် ယနေ့အသင်းတော် ခေတ်ကာလတွင် စကားအချည်အတင် ငြင်းခုံခြင်းရှိသော အကြောင်းအရာတစ်ခုဖြစ်သည်။ ချီဆောင်ခြင်းနှင့်ပတ်သက်၍ ရှုတောင့် သုံးမျိုးရှိသည်။ ၄င်းတို့မှာ- pre-tribulational ( ဘေးဒဏ် ကြီးကာလမတိုင်မီ ချီဆောင်ခြင်း)၊ mid-tribulational (ချီဆောင်ခြင်းသည် ဘေးဒဏ်ကြီးကာလ တွင်ဖြစ်စေ၊ ဘေးဒဏ်ကြီးကာလနှင့်အလွန်နီးကပ်သောအချိန်တွင်ဖြစ်ပေါ်ခြင်း)၊ နှင့် post- tribulational (ဘေးဒဏ်ကြီးကာလပြီးဆုံးသွားပြီးနောက်ချီဆောင်ခြင်း) စသည်တို့ဖြစ်သည်။ စတုတ္ထအချက်သည် pre-wrath (အမျက်ဒေါသမတိုင်မီ) ဟု သိရသည်။ ၄င်းသည် mid-tribulaiton နှင့် နီးစပ်မှုရှိသည်။
ပထမအနေဖြင့်၊ ဘေးဒဏ်ကြီးကာရည်ရွယ်ချက်ကို အသိအမှတ်ပြုရန် အရေးကြီးသည်။ ဒံယေလ ၉း၂၇ အရ ရက်သတ္တပတ်ခုနစ်ဆယ်မြောက် “ခုနစ်” ( ခုနစ်နှစ်) သည် နောက်ကာလတွင် ဖြစ်လာ မည့်အရာဖြစ်သည်။ ဒံယေလမြင်သော ခုနစ်ဆယ်ခုနစ် ပရောဖက်များသည် (ဒံယေလ ၉း၂၀-၂၇) ဣသရေလလူမျိုးများ အကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ ထိုအချိန်သည် ဘုရားသခင်က ဣသရေလလူမျိုးများကို အထူးဂရုစိုက်သောအချိန်ကာလဖြစ်သည်။ ခုနစ်ဆယ် ခုနစ်မြောက်အ ပတ်သည် ဘေးဒဏ်ကြီးကာလ၊ အထူးသဖြင့်၊ ဘုရားသခင်သည် ဣသရေလလူမျိုးများကို ဆုံးမသွန်သင်မည့်အချိန်ကာလဖြစ်သည်။ ထိုအချိန်တွင် ယနေ့ယုံကြည်သူအသင်းတော်များ ရှိတော့မည်အဟုတ်ပေ။ ထိုအချိန်အတွင် အဘယ်ကြောင့်ယုံကြည်သူများသည် ဤလောကတွင် နေရန်လိုအပ်သေးမည်နည်း ဟု မေးရန်ရှိသည်။
ချီဆောင်ခြင်းအကြောင်းကို ၁သက် ၄း၁၃-၁၈ ထဲတွင် အဓိကဖော်ပြထားပါသည်။ ထိုကျမ်းပိုဒ်ထဲ တွင်အသက်ရှင်သေးသောယုံကြည်သူအားလုံးများနှင့် သေပြီးသောယုံကြည်သူအားလုံးတို့သည် သခင်ယေရှုနှင့် မိုဃ်းတိမ်ပေါ်တွင် တွေ့၍ သူနှင့်အတူ ထာဝရစိုးစံတော်မူကြမည်ဖြစ်သည်။ ချီဆောင်ခြင်းသည် ဘုရားသခင်က ယုံကြည်သူများကို ဤလောကမှ ဖယ်ရှားခြင်းဖြစ်သည်။ ၁သက် ၅း၉ ထဲတွင် ရှင်ပေါလုက “ အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့် ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ၊ ခန့် ထားတော်မူ၏” ဟု ဖော်ပြထားပါသည်။ ဗျာဒိတ်တော်ကျမ်းထဲတွင် ဘေးဒဏ်ကြီးကာလ၏အစပိုင်း ကို ဖော်ပြထားပါသည်။ ၄င်းထဲတွင် ဘေးဒဏ်ကြီးကာလတွင် ဘုရားသခင်သည် သူ၏အမျက်ဒေါ သကို လောကသို့ မည်သို့သွန်းလောင်းသည်ကို ဖော်ပြထားပါသည်။ ဘုရားသခင်သည် ခရစ်ယာန်များကို သူ၏အမျက်ဒေါသသွန်းလောင်းခြင်းမှ ကယ်တင်လိမ့်မည်ဟု ကတိပြုထားသော ကြောင့် ဘုရားသခင်သည် ခရစ်ယာန်များကို လောကမှ ဖယ်ရှားသည်နှင့်တပြိုင်နက် ဘေးဒဏ် ကြိးကာလအစပြုလာမည်ဖြစ်သည်။
ချီဆောင်ခြင်းအကြောင်းနှင့်ပတ်သက်၍အခြားအရေးကြီးသော ဖော်ပြချက်သည် ဗျာဒိတ် ၃း၁၀ ထဲ တွင် တွေ့ရှိနိုင်သည်။ ၄င်းထဲတွင်ခရစ်တော်က ယုံကြည်သူများကို ဤလောကသို့ ရောက်လာမည့် “ဒုက္ခဆင်းရဲခြင်းခံရသောအချိန်” တွင် ကယ်တင်လိမ့်မည်ဟု ဖော်ပြထားပါသည်။ အဓိပ္ပါယ်နှစ်မျိုးရှိနိုင်သည်။ ခရစ်တော်သည် ယုံကြည်သူများကို ဒုက္ခများထဲမှ ကွယ်ကာမည်။ (သို့) သူက ယုံကြည်သူများကို ဒုက္ခများထဲမှ ကယ်တင်မည်။ ဂရိဘာသာစကားဖော်ပြချက်မှ ကြည့်လျှင် နှစ်ခုစလုံးတို့သည် မှန်ကန်သည်။ သို့သော် ယုံကြည်သူများသည် မည်သည့်အရာမှ ကယ်တင်မည့်ကတိတော်ကို သိရှိခြင်းသည် အလွန်အရေးကြီးသည်။ ဒုက္ခဆင်းရဲခြင်းမှ ကယ်တင် ခြင်းသက်သက်မဟုတ်ဘဲ၊ ဆင်းရဲဒုက္ခခံရသော “အချိန်” တွင် ကယ်တင်ခြင်းကို ဆိုလိုသည်။ ခရစ်တော်က ယုံကြည်သူများကို ဆင်းရဲဒုက္ခခံရသောအချိန်၊ အဓိကအားဖြင့် ဘေးဒဏ်ကြီးနှင့် ရင်ဆိုင်ရသောအချိန်တွင် ကယ်တင်လိမ့်မည်ဟု ကတိပြုထားပါသည်။ ဘေးဒဏ်ကြီးကာလ၏ ရည်ရွယ်ချက်၊ ချီဆောင်ခြင်း၏ရည်ရွယ်ချက်၊ ၁သက် ၅း၉ ၏ဖော်ပြချက်၊ ဗျာဒိတ် ၃း၁၀ ၏အနက် ဖွင့်ဆိုချက်များကို ကြည့်လျှင် pre-tribulation (ဘေးဒဏ်ကြီးကာလမတိုင်မီ ချီဆောင်ခြင်း) သည် မှန်ကန်ကြောင်းတွေ့ရှိနိုင်ပါသည်။ သမ္မာကျမ်းစာကို တိကျမှန်ကန်စွာဖြင့် အနက်ဖွင့်လျှင် ဘေးဒဏ်ကြီးကာလမတိုင်မီ ချီဆောင်ခြင်းသည် သမ္မာကျမ်းစာနှင့်အညွတ်ဆုံးဖြစ်ကြောင်းတွေ့ရှိ နိုင်ပါသည်။
သခင်ယေရှုဒုတိယအကြိမ်ကြွလာခြင်းသည် ယုံကြည်သူအားလုံးတို့၏မြော်လင့်ခြင်းဖြစ် သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ထိန်းချုပ်ထားသည်။ သူသည် သူ၏နှုတ်ကပတ်တော် ထဲတွင် ဖော်ပြထားသော ကတိတော်များနှင့် ပရောဖက်ပြုချက်များပြည့်စုံရန် သစ္စာတရားနှင့်ပြည့် စုံသည်။ သခင်ယေရှုခရစ်တော်ဒုတိယကြွလာသည့်အချိန်တွင် သူသည် ပရောဖက်ဟောပြောခဲ့ သည့်အတိုင်း ဗက်လဟင်မြို့ နွားစားခွက် ထဲတွင် သူငယ်အဖြစ်နှိမ့်ချစွာ ဖွါးမြင်ခဲ့သည်။ သခင် ယေရှုသည် သူ၏မွေးဖွါးခြင်း၊ အသက်ရှင်းခြင်း၊ သာသနာလုပ်ငန်းလုပ်ဆောင်ခြင်း၊ အသေခံခြင်း၊ နှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မေရှီယနှင့်ပတ်သက်သောပရောက်ဖက်ပြုချက်များစွာ ပြည့်စုံစေ ခဲ့သည်။ သို့ရာတွင် မေရှီယနှင့်ပတ်သက်၍မပြည့်စုံရသေးသောပရောဖက်ပြုချက်များ စွာရှိသေးသည်။ သခင်ယေရှုခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းသည် ထိုမပြည့်စုံရသေးသော ပရောဖက်ပြုချက်များကို ပြည့်စုံစေရန်အတွက် ဖြစ်သည်။ သခင်ယေရှုပထမအကြိမ်ကြွလာခြင်းထဲ တွင် သူသည် စေခံတစ်ဦးဖြစ်ခဲ့သည်။ သခင်ယေရှုသည် ဒုတိယအကြိမ်ကြွလာသောအခါ သူသည် အောင်မြင်သော ဘုရင်အဖြစ်ကြွလာမည်ဖြစ်သည်။ သခင်ယေရှုသည် ပထမအကြိမ်ကြွ လာသည့်အချိန်တွင် သူသည် နှိမ့်ချသောအသက်တာဖြင့်ကြွလာခဲ့သည်။ သခင်ယေရှုဒုတိယအ ကြိမ်ကြွလာသောအခါ သူသည် မိမိပတ်ဝန်းကျင်တွင် ကောင်းကင်ဗိုလ်ခြေများနှင့်ကြွဆင်းလာမည် ဖြစ်သည်။
ဓမ္မဟောင်းထဲတွင်ရှိသော ပရောဖက်များက သခင်ယေရှု၏ပထမအကြိမ်ကြွလာခြင်းနှင့် ဒုတိယအ ကြိမ်ကြွလာခြင်းတို့၏ခြားနားမှုကို တိကျစွာဖော်ပြထားခြင်းမရှိပေ။ သခင်ယေရှုကြွလာခြင်းအ ကြောင်းကို ဟေရှာယ ၇း၁၄၊ ၉း၆-၇ နှင့် ဇာခရိ ၁၄း၎ ထဲတွင် တွေ့ရှိနိုင်ပါသည်။ ထိုကျမ်းပိုဒ်ထဲ တွင် သခင်ယေရှုကြွလာခြင်းသည် မတူညီသော ပုဂ္ဂိုလ်နှစ်ဦးအဖြစ်ကြွလာလိမ့်မည်ဟု ဖော်ပြထား သည်။ ယုဒလူမျိုးကျမ်းတတ်ပုဂ္ဂိုလ်များက ညှဉ်းပန်းနှိပ်စက်ခြင်းခံသော မေရှီယနှင့် အောင်မြင် သောမေရှီယရှိသည်ဟု ယုံကြည်ကြသည်။ သတို့မသိသောအချက်တစ်ခုသည် ညှဉ်းပန်းနှိပ်စက် ခြင်းခံသော မေရှီယနှင့် အောင်မြင်သောမေရှီယသည် တစ်ဦးတည်းအားဖြင့်ပြည့်စုံမည်ကို မသိ ခြင်းဖြစ်သည်။ သခင်ယေရှုသည် ပထမအကြိမ်ကြွလာသောအချိန်တွင် ညှဉ်းပန်းနှိပ်စက်ခြင်းခံ သောမေရှီယအခန်းကဏ္ဍကို ပြည့်စုံစေခဲ့သည် (ဟေရှာယ အခန်းကြီး ၅၃)။ သခင်ယေရှုသည် ဒုတိယအ ကြိမ်ကြွလာသောအခါ ဣသရေလလူမျိုးများကို ကယ်တင်ရှင်အဖြစ်နှင့် ရှင်ဘုရင် အခန်းကဏ္ဍများ ကို ပြည့်စုံစေမည်ဖြစ်သည်။ ဇာခရိ ၁၂း၁၀ နှင့် ဗျာဒိတ် ၁း၇ ထဲတွင် သခင်ယေရှု ၏ဒုတိယအကြိမ် ကြွလာခြင်းအကြောင်းကို ဖော်ပြထားသည်။ သခင်ယေရှု၏နာကျင်ထိုးနက်ခြင်း ခံခြင်းကို ပြန်လည် ဖော်ပြထားပါသည်။ ဣသရေလလူမျိုးများနှင့် လောကတွင်ရှိသောလူသားအား လုံးတို့သည် သခင်ယေရှု ပထမအကြိမ်ကြွလာသောအခါသူတို့က မလက္ခံခဲ့ကြသောကြောင့် သူတို့သည် နောင်တ ရကြမည်ဖြစ်သည်။
သခင်ယေရှုသည် ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံခဲ့ပြီးနောက် ကောင်းကင်တမန်များက တမန် တော်များထံ ဤသို့ကြွေးကြော်ခဲ့ကြသည်။ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ မျှော်ကြည့်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ ၍ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ၊ တဖန်ကြွလာ တော်မူလတံ့ဟု ပြောဆို၏” (တမန် ၁း၁၁)။ ဇာခရိ ၁၄း၎ထဲတွင် သခင်ယေရှုဒုတိယအကြိမ်ကြွ လာမည့်နေရာကို ဖော်ပြထားပါသည်။ မဿဲ ၂၄း၃၀ ထဲတွင် “ထိုအခါလူသား၏နိမိတ်လက္ခဏာ သည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလူအပေါင်းတို့သည် ငိုကြွေမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ကြွလာတော် မူသည်ကို မြင်ရကြလိမ့်မည်” ဟုဖော်ပြထားပါသည်။ တိတု ၂း၁၃ ထဲတွင် သခင်ယေရှု၏ဒုတိယ အကြိမ်ကြွလာခြင်းကို “ဘုန်းတန်ခိုးအာနုဘော်တော်အားဖြင့်ထင်ရှားခြင်း” ဟုဖော်ပြထားပါသည်။
ဗျာဒိတ် ၁၉း၁၁-၁၆ ထဲတွင် ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းကို စုံလင်စွာဖြင့်ဖော်ပြထားပါ သည်။ “ထိုအခါကောင်းကင်ဘုံဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသောသူ သည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့်စီရင်တတ် ၏။ တရားသဖြင့်စစ်တိုက်တတ်၏။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော်ပေါ်၌ သရ ဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတပါး၊ အဘယ်သူမျှမသိသောနာမတော်သည် ရေးထားလျက်ရှိ ၏။ အသွေး၌နှစ်ပြီးသောအ၀တ်ကိုဝတ်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျက်၊ နောက်တော်သို့လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သောသန်လျက်သည် ခံတွင်းတော်ထဲက ထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့်ပြည့်စုံ တော်မူသော ဘုရားသခင်၏ဒေါသအမျက်တော်၏ စပျစ်နယ်ရာတန်ဆာကို ဖိနင်းတော်မူမည်။ ဘု ရင်တို့၏ဘုရင်၊ သခင်တို့၏သခင် ဟု ဘွဲ့နာမတော်သည် အ၀တ်တော်၌၄င်း၊ ပေါင်တော်၌ ၄င်း ရေးထားလျက်ရှိ၏။”
အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် ခရစ်တော်က ဤလောကတွင် အနှစ်တစ်ထောင်အုပ် စိုးခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ အချို့သောသူများက အနှစ်တစ်ထောင်ကို ပုံဥပမာအဖြစ် ဘာသာပြန်ဆိုကြသည်။ အချို့သောသူများက အနှစ်တစ်ထောင်ကို “ရှည်လျားသောကာလတစ်ခု” ဖော်ပြလိုခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုကာသည် ခရစ်တော်အုပ်စိုးသောကာလဖြစ်ကာ အနှစ်တစ်ထောင်သည် တကယ့်အနှစ်တစ်ထောင်မဟုတ်ပေဟု ယုံကြည်ကြသည်။ သို့သော် ဗျာဒိတ် ၂၀း၂-၇ ထဲတွင် အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် အနှစ်တစ်ထောင်ဖြစ်ကြောင့်ကို တိတိ ကျကျ ဖော်ပြထားပါသည်။ ဘုရားသခင်က “ရှည်လျားသောကာလ” ကိုဖော်ပြလိုလျှင် သူက အချိန်ကို တိတိကျကျ ဖော်ပြလိမ့်မည်မဟုတ်ပေ။
ခရစ်တော်တဖန်ပြန်ကြွလာသောအခါ သူသည် သူကိုယ်တိုင် ရှင်ဘုရင်အဖြစ် ယေရုရှလင်မြို့ရှိ ဒါဝိဒ်၏ပလ္လင်တော်ပေါ်တွင် ထိုင်ရလိမ့်မည် ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည် (လုကာ ၁း၃၂-၃၃)။ အခြေအနေပေါ်တွင် မမူတည်သော ပဋိညာဉ်က ခရစ်တော်သည် ဤလောကသို့တ ဖန်ကြွလာ၍ အနှစ်တစ်ထောင်အုပ်စိုးမည် ဟု ဖောပြထားပါသည်။ အာဗြဟံနှင့်ချုပ်ဆိုသော ပဋိညာဉ်စာခုပ်ထဲတွင် ဣသရေလလူမျိုးများအတွက် နယ်မြေ၊ ပစ္စည်းဥစ္စာဓန၊ နှင့် အုပ်ချုပ်သူ၊ ၀ိ ညာဉ်ပိုင်းဆိုင်ရာကောင်းကြီးမင်္ဂလာ (ကမ္ဘာ ၁၂း၁-၃) များကို ဂတိပေးထားသည်။ ဖိလစ်တိုင်းနှင့် ချုပ်ဆိုထားသော စာချုပ်ထဲတွင် ဣသရေလလူများများသည် မိမိနယ်မြေ၌ပြန်စုံစည်းမည့်အ ကြောင်းနှင့် နယ်မြေကို ပြန်လည်သိမ်းယူမည့်အကြောင်း (တရားဟော ၃၀း၁-၁၀) ဂတိပြုထားပါသည်။ ဒါဝိဒ်နှင့်ချုပ်ဆိုသောစာချုပ်ထဲတွင် ဣသရေလလူမျိုးများအတွက် ခွင့်လွှတ် ခြင်းအကြောင်းများကို ဖော်ပြထားပါသည်။ ထိုသို့ခွင့်လွှတ်ခြင်းအားဖြင့် သူတို့သည် ကောင်းကြီး မင်္ဂလာခံစားကြမည်ဖြစ်သည် (ယေရမိ ၃၁း၃၁-၃၄)။
သခင်ယေရှုဒုတိယအကြိမ်ကြွလာသောအခါ ထိုပဋိညာဉ်များသည် ပြည့်စုံသွားမည်ဖြစ်သည်။ ဣသရေလလူမျိုးများသည် လူမျိုးအသီးသီးမှ ပြန်လည်စုရုံးကြကာ (မဿဲ ၂၄း၃၁) သူတို့သည် ပြောင်းလဲကြ၍ (ဇာခရိ ၁၂း၁၀-၁၄)မေရှီယဖြစ်သော သခင်ယေရှုခရစ်တော်၏အုပ်စိုးမှုအောက် တွင် ပြန်လည်စုရုံးကြမည်ဖြစ်သည်။ အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နှင့် ၀ိညာဉ်ပိုင်းဆိုင်းရာပြည့်စုံခြင်းဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။ ထိုအချိန် သည် ငြိမ်းချမ်းသောအချိန် (မိက္ခာ ၄း၂-၄၊ ဟောရှာယ ၃၂း၁၇-၁၈)၊ ပျော်ရွှင်သောအချိန် (ဟေရှာ ၆၁း၇၊ ၁၀)၊ နှစ်သိမ့်မှုခံယူသောအချိန် (ဟောရှာယ ၄၀း၁-၂)၊ ဆင်းရဲခြင်း၊ ဖျားနာခြင်းမရှိသောအ ချိန် (အာမုတ် ၉း၁၃-၁၅၊ ယောလ ၂း၂၈-၂၉) ဖြစ်သည်။ အနှစ်တထောင်အုပ်စိုးခြင်းထဲတွင် ယုံ ကြည်သူများသာ ၀င်ရောက်ရမည်ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ အဘယ်ကြောင့်ဆို သော် ထိုအချိန်သည် ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်း (မဿဲ ၂၅း၃၇၊ ဆာလံ ၂၄း၃-၄)၊ နာခံခြင်းရှိ ခြင်း (ယေရမိ ၃၁း၃၃)၊ သန့်ရှင်းခြင်း (ဟေရှာယ ၃၅း၈)၊ သမ္မာတရားနှင့်ပြည့်စုံခြင်း (ဟေရှာယ ၆၅း၁၆) နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ပြည့်စုံးသောအမှုပြုခြင်း (ယောလ ၂း၂၈-၂၉) စသည့် တို့ဖြစ်ပေါ်သောအချိန်ဖြစ်သည်။ ခရစ်တော်သည် ဒါဝိဒ်မင်းကြီးနေရာတွင် ထိုင်၍ (ယေရမိ ၃၃း၁၅-၃၁၊ အာမုတ် ၉း၁၁) ရှင်ဘုရင်တပါးကဲ့သို့အုပ်စိုးမည်ဖြစ်သည် (ဟေရှာယ ၉း၃-၇၊ ၁၁း၁-၁၀)။ မြင့်မြတ်သောသူများနှင့် အခြားသောဘုရင်များကလည်း အုပ်စိုးပါလိမ့်မည် (ဟေရှာယ ၃၂း၁၊ မဿဲ ၁၉း၂၈)။ ထို့ပြင် ယေရုရှလင်မြို့သည် တစ်ကမ္ဘာလုံး၏ နိုင်ငံရေးနှင့်ပတ်သက် သော ဌာနချုပ်ဖြစ်ပါလိမ့်မည် (ဇာခရိ ၈း၃)။
ဗျာဒိတ် ၂၀း၂-၇ ထဲတွင် အနှစ်တစ်ထောင်အုပ်စိုးခြင်းနှင့်ပတ်သက်၍နိဒါန်းဖော်ပြထားပါသည်။ ဤ ကျမ်းပိုဒ်ကလွှဲ၍ မေရှီယ၏အနှစ်တစ်ထောင်အုပ်စိုးခြင်းအကြောင်းကို ဖော်ပြသော ကျမ်းပိုဒ်အမြား အပြားတို့ကို သမ္မာကျမ်းစာထဲတွင် တွေ့ရှိနိုင်ပါသည်။ ဘုရားသခင်၏ပဋိညာဉ်များနှင့် ဂတိတော် များသည် မျက်ဝါးထင်ထင်၊ ရုပ်ခန္ဓာနှင့်အနာဂတ်နိုင်ငံအတွက် ပြည့်စုံမှုများစွာရှိသည်ကို တွေ့ရှိ နိုင်ပါသည်။ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးခြင်းနှင့်ပတ်သက်၍၊ အနှစ်တစ်ထောင်အုပ်စိုး ခြင်းသည် ပုံဆောင်ချက်ဖြစ်၍ တကယ့်အဖြစ်အပျက်မဟုတ်ကြောင်း ငြင်းဆိုဖွယ်မရှိပေ။