ဘုရားသခင်ရှိပါသလား၊ ဤငြင်းခုံမူသည် အာရုံစူးစိုက်ရန်အတွက် စိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းတစ်ခု ဖြစ်ပါသည်။ နောက်ဆုံးရရှိသော သတင်းသည်ယနေ့ကမ္ဘာပေါ်တွင်ရှိသော ၉၀%က ဘုရားသခင်ရှိကြောင်း (သို့) သူသည် သာလွန်သောတန်ခိုးရှိကြောင်းကို ယုံကြည်ကြသည်။ တစ်ဖက်တွင် ဘုရားသခင်ရှိသည်ဟုယုံကြည်သောသူတို့သည် သူအမှန်တယ်ရှိကြောင်းကို သက်သေပြရန် လိုအပ်ပေသည်။ ကောင်းမွန်စွာ သက်သေမပြနိုင်လျှင် အတွေးအခေါ်သက် သက်ပဲဖြစ်ပါလိမ့်မည်။
သို့သော် ဘုရားသခင်ရှိကြောင်းကို သက်သေမပြနိုင်ပေ။ (သို့) သက်သေလည်းပြနိုင်ပါသည်။ သမ္မာကျမ်းစာက ဘုရားသခင်ရှိကြောင်းကို ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်ဟု မိန့်ဆိုထားပါသည်။ “ယုံကြည်ခြင်းမရှိ လျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံသို ချဉ်းကပ်သော သူတို့သည် ဘုရားသခင် ရှိတော်မူသည်၎င်း၊ ကိုယ်တော်ရှာသောသူအား အကျိုးပေးတော်မူသည်၎င်း ယုံကြည်ရမည်” (ဟေဗြဲ၊ ၁၁း၆)။ ဘုရားသခင် အလိုတော်ရှိပါက လောကတခုလုံးတွင် သူရှိကြောင်းကို ဖွင့်ပြော၍သက်သေထူနိုင်ပါသည်။ သို့သော် သူသည်ထိုသို့ပြုလျှင် ယုံကြည်ခြင်းလိုအပ်တော့မည်မဟုတ်ပေ။
“ယေရှုကလည်း၊ သင်သည် ငါကိုမြင်သောကြောင့် ယုံကြည်ခြင်းရှိ၏။ ငါ့ကိုမမြင်ပဲယုံသောသူတို့သည် မင်္ဂလာရှိကြ ၏” ဟု မိန့်တော်မူ၏ (ယောဟန်၊ ၂၀း၂၉)။
သို့သော် ဘုရားသခင်ရှိကြောင်းကို သက်သေအထောက်အထားမရှိသည်ကို မဆိုလိုပေ။ သမ္မာကျမ်းစာက “မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအရေတော်ကိုကြားပြော၍၊ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သော အရာ များကိုပြသ၏။ တနေ့ကိုတနေ့်မြွက် ဆို၍၊ တညဉ့်ကိုညဉ့်သွန်သင်၏။ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့နှုတ်ထွက် သံကိုမကြားရသော်လည်း သူတို့၏အသံသည် မြေတပြင်လုံး၌နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်း တိုင်အောင် ရောက်လေ၏ ” (ဆာ၊ ၁၉း၁-၄)။ ကြယ်တာယာများကို ကြည့်ခြင်း၊ စကြာဝဌတခုလုံး၏ကြီးမားမှုကို သိရှိခြင်း၊ သဘာဝတရား၏ အံဩမှုကိုလေ့လာခြင်း၊ နေ၀င်ခြင်း၏လှပမှုမြင်ကွင်းကို မြင်တွေ့ခြင်းစသော အချက်တို့သည် ဖန်ဆင်းခြင်းရှိကြောင်းကို ညွှန်ပြသည်။ ဤသက်သေပြချက်ကို လုံလောက်မူမရှိလျှင် ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ဘုရားသခင်ရှိကြောင်း ကို သက်သေပြနိုင်ပါသည်။ ဒေသနာ၊ ၃း၁၁ က “…လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလမ်းစေတော်မူပြီ” ဟု မိန့်ဆို ထားပါသည်။ ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ဤဘ၀လွန်သွားလျှင် နောင်ဘ၀ရှိသည်ကို၎င်း၊ ဤလောကလွန်သွားလျှင် လော ကရှိသေးသည်ကို၎င်း၊ အသိအမှတ်ပြုနိုင်သည်။ ဤသိရှိခြင်းပညာကို ကျွန်ုပ်တို့ငြင်းဆိုနိုင်ပါသည်။ သို့သော ကျွန်ုပ်တို့ထဲ၌ ဘုရားသခင်ရှိသည်ကို၎င်း၊ ကျွန်ုပ်တို့အားဖြင့် ဘုရားသခင်အလုပ်လုပ်သည်ကို၎င်း တွေ့ရှိနိုင်သည်။ ထို့ပြင် လူတချို့တို့ သည် ဘုရားသခင်တည်ရှိခြင်းကို ငြင်းဆိုနိုင်သည်ဟု သမ္မာကျမ်းစာထဲတွင် မိန့်ဆိုချက်ကို တွေ့နိုင်ပါမည်။ “ဘုရားသခင် မရှိဟု မိုက်မဲသောသူတို့သည် ထင်တတ်ကြ၏ ” (ဆာ၊ ၁၄း၁)။ ၉၀%သော ပုဂ္ဂိုလ်တို့သည် သူတို့၏သမိုင်း၌ဖြစ်စေ၊ ယဉ်ကျေးမူ၌ဖြစ်စေ၊ လူမူရေး၌ဖြစ်စေ၊ နယ်မြေဒေသ၌ဖြစ်စေ ဘုရားသခင်ရှိကြောင်းကို ယုံကြည်တတ်ကြသည်။ ထိုသို့ ယုံကြည်ရန် တစ်စုံတစ်ခု( သို့) တစ်ဦးတစ်ယောက်က သွန်သင်သောကြောင့်ဖြစ်နိုင်သည်။
ဘုရားသခင်တည်ရှိခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာငြင်းခုံမူထဲမှ အတွေးခေါ်နှင့်ပတ်သက်သော ငြင်းခုံမူကို ကြည့်ကြပါစို့၊ ပထမအနေနှင့် ontological argument ဟု ခေါ်သော ဘုရားသခင်တည်ရှိခြင်းကို သက်သေပြခြင်းဖြစ် သည်။ ဤသက်သေပြခြင်းက ဘုရားသခင်တည်ရှိခြင်း သက်သေထူရန် ဘုရားသခင်နှင့် ပတ်သက်သော ယူဆချက်ကို အသုံးပြုသည်။ ၎င်းက “ဘုရားသခင်ထက် ကြီးမြတ်သောသူမရှိ ” ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် အစပြုထားပါသည်။ တည်ရှိခြင်းသည် မတည်ရှိခြင်းထက်သာ၍ ကြီးမားသည်ဟူသော သက်သေပြချက်ဖြစ်သည်။ ထို့ကြောင့် အကြီးဆုံးသော ဖန်ဆင်းရှင်ရှိရမည်ဟု ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်သည် မရှိခဲ့လျှင် ဘုရားသခင်သည် အကြီးမားဆုံးသော သူမဖြစ်နိုင်ပေ။ ဘုရားသခင်၏ဖြစ်ခြင်းအနက် ဖွင့်ဆိုချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သွားပါလိမ့်မည်။ ဒုတိယအချက်သည် teleogical argument ဟု ခေါ်သော ဖန်ဆင်းပြုပြင်သူရှိသည်ဟု ထောက်ပြခြင်းဖြစ်သည်။ ၎င်းက စကြာဝဌာတစ်ခုလုံး သည် အံ့ဩဖွယ်သော အနေအထားဖြင့် လှပစွာတည်ရှိသောကြောင့် ပုံစံရေးသူရှိရမည်ဟု ယုံကြည်ကြသည်။ ဥပမာအား ဖြင့်၊ ကမ္ဘာသည် နေမှမိုင်ပေါင်းလေးရာ (သို့) ထိုထက်ဝေးလံလျှင် ယခုမျက်မှောက်ကာလတွင် ၎င်း၏လုပ်ဆောင်ချက်အ တိုင်း အသက်ရှိသော သူများ ရှင်သန်နိုင်ရန် ထောက်ပံ့နိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့နေထိုင်သော ပတ်ဝန်ကျင်တွင် ပြောင်းလဲမူအနည်းငယ် ရာခိုင်းနှုန်းပေါ်ပေါက်လာပါက လောက၌ရှိသော သက်ရှိသတ္တ၀ါအလုံးတို့သည် သေကုန်ကြပါလိမ့်မည်။ ပရိုတင်း မော်လီကြူး တစ်ခုထုတ်လုပ်နိုင်ရန် တကြိမ်လျှင် ၁၀၂၄၃ လိုအပ်သည်။ (၎င်းသည် ၁၀ ပြီးနောက် ၂၄၃ 0’s တို့က လိုက်လာခြင်းဖြစ်သည်)။ ဆဲလ်တခုသည် သန်းနှင့်ချီသော ပရိုတင်မော်လီကြူတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
ဘုရားသခင်တည်ရှိခြင်းနှင့်ပတ်သက်၍ တတိယငြင်းခုံမူသည် Cosmologocal ဟုခေါ်သော ကမ္ဘာလုံးနှင့်ပတ် သက်သော သက်သေပြသခြင်းပင်ဖြစ်သည်။ ဖြစ်ပျက်မူဟူသမျှသည် အကြောင်းတရားဖြစ်သည်။ ဤစကြာဝဌာတခုလုံးနှင့် ၎င်း၏အ ထဲ၌ရှိသော အရာအားလုံးတို့သည် အကြောင်းတရားတခုဖြစ်သည်။ အရာခပ်သိမ်းဖြစ်လာရန် ဖန်တီးပေးသော တစ် ယောက်ရှိသည်။ နောက်ဆုံးအနေဖြင့်၊ အရာခပ်သိမ်းဖြစ်လာရန်အတွက် “ဖန်ဆင်းခြင်း” မခံသောသူတစ်ဦးရှိရမည်။ ထို “ဖန်ဆင်းခြင်း” မခံရသောသူသည် ဘုရားသခင်ပင် ဖြစ်လေသည်။ စတုတ္ထမြောက်ငြင်းခုံမူသည် Moral argument ဟု ခေါ် သော အကျင့်စာရိတ္တပိုင်းဆိုင်ရာ သက်သေပြသခြင်းဖြစ်သည်။ သမိုင်းတစ်လျှောက်ကြည့်လျှင် ယဉ်ကျေးမူအားလုံးက ဥပဒေပုံစံရှိ ကြသည်။ လူတိုင်းက အမှားအမှန်ဟူသော ခံယူချက်ရှိကြပါသည်။ သတ်ခြင်း၊ လိမ်ညာခြင်း၊ ခိုးခြင်းနှင့် အကျင့်စာရိတ္တပျက် ပြားခြင်းတို့ကို လူတိုင်းက မနှစ်သက်ကြပေ။ အမှားနှင့်အမှန် သိရှိနိုင်သော ပညာသည် သန့်ရှင်းသောဘုရားသခင်ထံမှ လွှဲ ၍ မည်သည့်အရပ်မှလာသနည်း။
ထို့ပြင် လူတို့သည် ဘုရားသခင်ထံမှလာသော စစ်မှန်သည့်တရားကို ငြင်းပယ်၍ လိမ်ညာမူကိုသာ ယုံကြည်ကြ လိမ့်မည်ဟု သမ္မာကျမ်းစာက ပြောထားပါသည်။ ရောမ၊ ၁း၂၅ က “လူတို့သည် မှန်သောဘုရားသခင်အရာ၌ အမှားကို ထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍၊ ဖန်ဆင်းအပ်သောအရာကို ၀တ်ပြုကိုးကွယ်သောသူဖြစ်ကြ၏။ ထိုသခင် သည် ထာဝရမင်္ဂလာရှိတော်မူ၏ “အာမင်” ဟု မိန့်ဆိုထားပါသည်။ လူတို့သည် ဘုရားသခင်ကို မယုံကြည်ခြင်းသည် အပြစ် တင်ခြင်းနှင့်မလွှတ်ကြောင်း သမ္မာကျမ်းစာက မိန့်ဆိုထားပါသည်။ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသောအရာ များကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာ တို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကို မဖုန်းနိုင်ရာ” (ရောပ၊ ၁း၂၀)။
“သိပံ္ပနည်းကျကျ” နှင့် “မျက်ဝါးထင်ထင်သက်သေထူရန်” မရှိသောကြောင့် လူတို့သည် ဘုရားသခင်ကို မယုံကြည်ကြောင်းပြောလေ့ရှိပါသည်။ လူသည် ဘုရားသခင်ရှိသည်ဟု သိရှိဝန်ခံသည်နှင့်တပြိုင်နက်၊ သူတို့သည် ဘုရား သခင်ထံသို့ လုပ်ဆောင်ရန်တချို့ရှိကြောင်းနှင့် ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းလိုအပ်ကြောင်းကို သိရှိရန်လိုအပ်သည် (ရောမ၊ ၃း၂၃၊ ၆း၂၃)။ ဘုရားသခင်တည်ရှိလျှင် ကျွန်ုပ်တို့သည် သူထံရိုသေလေးမြတ်မူတခုခုပြုရပေမည်။ ဘုရားသခင် မရှိလျှင် ကျွန်ုပ်တို့သည်ဘုရားသခင်၏တရားစီရင်ခြင်းကို ကြောက်ရွံ့ခြင်းမရှိပဲ မိမိနှစ်သက်သောအရာတို့ကို ပြုနိုင်ပါသည်။ ထိုကြောင့် လူပေါင်းများစွာက တရားစီရင်ခြင်းမှ လွက်မြောက်လိုသောကြောင့် လူသားသည် ခေတ်အဆက်ဆက်တိုး တတ်လာခြင်း မှဖြစ်လာသူဟူသော ခံယူချက်ကို စွဲကိုင်လျှက် ဖန်ဆင်းရှင်ဘုရားသခင်တည်ရှိကြောင်းကို လုံးဝမလက်ခံနိုင် တော့ပေ။ တည်ရှိသောဘုရားသခင်ကို နောက်ဆုံးတွင်သူတည်ရှိကြောင်းကို လူတွေကသိရှိခဲ့ကြသည်။ တချို့သောသူတို့သည် ဘုရားသခင်မရှိ သည်ဟု မိုက်မဲ့စွာငြင်းခုံလိုခြင်းသည် အကျိုးမဲ့ အနတ္တသက်သက်ငြင်းခုံခြင်းပင်ဖြစ်သည်။
နောက်ဆုံးအနေဖြင့် ဘုရားသခင်တည်ရှိကြောင်းကို သက်သေပြပါရစေ။ ဘုရားသခင်တည်ရှိကြောင်းကို မည့်သို့ သိရှိနိုင်မည်နည်း။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို နေ့တိုင်းစကားပြောကြသောကြောင့် သူရှိသည်ကို သိရှိခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏စကားပြောခြင်းကို ဇာတိနားဖြင့်မကြားသော်လည်း သူ၏အတူပါ ရှိမူကို ကျွန်ုပ်တို့ခံစားသိရှိနိုင်သည်။ သူ၏သွန်သင်လမ်းပြခြင်းကို ကျွန်ုပ်တို့ခံစားနိုင်သည်။ သူ၏မေတ္တာကို ကျွန်ုပ်တို့သိရှိနိုင်သည်။ သူ၏ ကျေးဇူးတော်ကိုလည်း ကျွန်ုပ်တို့လိုချင်တောင့်တကြသည်။ လူတွေကတောင်မဖြေရှင်းပေးနိုင်သောပြသနာ များ ကို ဘုရားသခင်က သာ ဖြေရှင်းပေးနိုင်သော အဖြစ်အပျက်များ စွာတို့ကို ကျွန်ုပ်တို့တွေ့ရှိနိုင်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို အံ့ဩဖွယ်ရာနိမိတ်လက္ခဏာဖြင့် ကယ်တင်ခဲ့၍ ကျွန်ုပ်တို့ အသက်တာ ကိုလည်းပြောင်းလဲစေခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို လုံးဝမကူညီနိုင်ခဲ့ပေ။ သို့သော် သူ၏တည်ရှိ ခြင်းကို အသိအမှတ် ပြု၍ ချီးမွမ်းရန်သာလိုအပ်သည်။ အထက်၍ဖော်ပြထားသော ငြင်းခုံမူက ဘုရားသခင်တည်ရှိကြောင်းကို တိကျစွာ အသိအမှတ်ပြုနိုင်ရန် ငြင်းဆိုသောသူတို့ကို လုံးဝဖျားယောင်နိုင်မည်မဟုတ်ပေ။ နောက်ဆုံးအနေဖြင့်၊ ဘုရားသခင်တည်ရှိ ကြောင်းကို ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် လက်ခံရမည်ဖြစ်သည် (ဟေဗြဲ၊ ၁၁း၆)။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အမှောင်ထုထဲတွင် ခုန်ချသောမျက်စိကန်းသောသူကဲ့သို့မဟုတ်ပေ။ ၉၀% သော ပုဂ္ဂိုလ်တို့ဝင်ရောက်ခဲ့ သောအခန်းသို့ ရောင်ရဲ့စွာချီတတ်ခြင်းပင်ဖြစ်သည်။
ဘုရားသခင်သည် စစ်မှန်သောဘုရားဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် သူ၏ တည်ရှိခြင်းကို နည်းလမ်း (၃) ခုဖြင့်ဖွင့်ပြထားပါသည်။ ၎င်းတို့မှာ ဖန်ဆင်းခြင်း၊ သူ၏နှုတ်ကပတ်တော်နှင့် သူ၏သားတော် ယေရှုခရစ်တော်တို့ဖြစ်ကြသည်။
ဘုရားသခင်တည်ရှိခြင်းကို သူဖန်ဆင်းခဲ့သောအရာများကြည့်ခြင်းအားဖြင့် သက်သေပြနိုင်ပါသည်။ “အဘယ် သို့ နည်းဟူမူကား၊ ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော် ဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့် သူတို့ သည်ကိုယ်အပြစ်ကို မဖုံးနိုင်ရာ ” (ရောမ၊ ၁း၂၀)။ “မိုးဃ်ကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသားရေတော်ကို ကြား ပြာ၍ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏ ” (ဆာ၊ ၉၀း၁)။
မိတ်ဆွေသည် လယ်ကွင်းတခု၏အလယ်တွင် လက်ပတ်နာရီတခုတွေ့ခဲ့လျှင် ဤလက်ပတ်နာရီဖြစ်သည် သူအလိုလျောက် “ပေါ်လာ” သည်(သို့) ဖန်ဆင်းသူမရှိပဲ အမြဲတမ်းရှိသော လက်ပတ်နာရီဖြစ်သည်ဟု တွေးတောရလိမ့်မည်မဟုတ်ပေ။ ၎င်းနာရီ၏လှပမူကိုသိပြီး၊ ဖန်ဆင်းသူရှိရလိမ့်မည်ဟု မိတ်ဆွေတွေးတောနိုင်သည်။ သို့သော် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် ထိုထက်မက သာ၍ကြီးမားသော လှပသည့်ရှုခင်းတို့ကို တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့၏အချိန်တိုင်းတာမူသည်လက်ပတ်နာရီကြောင့်မဟုတ်ပေ။ သို့သော် ဘုရားသခင်၏လက်ယာတော်ကြောင့်ပင်ဖြစ်သည် ထို့လက်ယာတော်သည် ကမ္ဘာလုံးကြီး ၏ လှည့်ပတ်ရွေ့လျားခြင်းပင်ဖြစ်သည်။ (၎င်းရွေ့လျားသောအရာဝတ္တု၏အလေးချိန်သည် ၁၃၃ အက်တော်မ်ရှိသည်)။ စကြာဝဌာ တခုလုံးက လှပသောလက်ယာတော်ကို ပြသခဲ့သည်။ ထို့ကြောင့် ၎င်းကကြီးမားသော ဖန်ဆင်းရှင်ရှိရလိမ့်မည် ဟု ဖော်ပြထား ပါသည်။
မိတ်ဆွေသည် လျှို့ဝှက်ချက်တခုကို မြင်တွေ့ခဲ့လျှင် ထို့လျှို့ဝှက်ချက်ကို သိရှိရန် မိတ်ဆွေကြိုးပမ်းမည်ဖြစ်ပါ သည်။ ထို့လျှို့ဝှက်ချက်ဖန်တီးရေးသားသောသူသည် အတွေးအခေါ်ထက်မြက်သောသူဖြစ်သည်ဟု မိတ်ဆွေယူဆနိုင်ပါ သည်။ DNA “ပုဒ်ဆာ” သည် မည်မျှခက်ခဲ့သနည်း။ ၎င်းကိုသိရှိရန် ကျွန်ုပ်တို့၏ခန္ဓာကိုယ်ကြွက်သားများစွာ အသုံးပြုရန်လို အပ်သည်။ DNA ၏ ရှုတ်ထွေးမူနှင့်လေးနက်မူတို့သည် ညာဉ်စမ်းပိုဒ်စာရေးထားသော ညာဏ်ကောင်းသည် စာရေးသူကြောင့် မဟုတ်လော့။
ခပ်သိမ်းသောအရာတို့ကို မိမိအချိန်တန်မှလျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တကာလ ၌ စွဲလမ်းစေတော်မူပြီး။ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသောအမူကို အစမှအဆုံးတိုင်အောင် လူသည် စစ်၍မကုန်နိုင် (ဒေသ၊ ၃း၁၁)။ လူတွေ၏စိတ်ထဲတွင် သာမန်မျက်စိဖြင့်မမြင်နိုင်သော သာ၍ကောင်းမွန်သော ဘ၀ရှိသော သသည်ကို၎င်း၊ ဤလောကအရာများထက်သာ၍ ကြီးမြတ်သောသူရှိသည်ကို၎င်း သိရှိခဲ့သည်။ ကျွန်ုပ်တို့၏ထာဝရကာလ အတွက် ခံယူချက်သည် အနည်းဆုံးနည်းလမ်းနှစ်မျိုးဖြင့် ဖော်ပြနိုင်ပါသည်။ ၎င်းတို့မှာပညတ်တော်ရေးစွဲခြင်းနှင့် ၀တ်ပြု ကိုးကွယ်ခြင်းတို့ ဖြစ်ကြသည်။
သမိုင်းတလျှောက်ရှိ လူမျိုးတိုင်း၌ တန်ဖိုးရှိသောလူမူကျင့်ဝတ်ကိုယ်စီရှိကြပါသည်။ အံ့ဖွယ်ရာတခုသည် သူတို့၏ လူမူကျင့်ဝတ်တို့သည် အများအားဖြင့် တခုနှင့်တခုတူညီသည်။ ဥပမာအားဖြင့် လူသားအားလုံးက ချစ်ခြင်းမေတ္တာကို မြတ် နိုးခဲ့ကြသည်။ လိမ်ညာဖြားယောင်မူကို ရွံ့ရှာမုန်းတီးတတ်ကြသည်။ ဤကဲ့သို့သော တူညီသောအကျင့်စရိုက်၊ အမှားနှင့် အမှန်ခွဲခြားတတ်သော လူသားအားလုံးတို့၏သိရှိနားလည်ခြင်း သွန်သင်ပေးသော ကြီးမြတ်သောသူတစ်ဦးရှိသည်ကို ညွှန် ပြထားပါသည်။
ထိုနည်းတူ လောက၌ရှိသော လူသားအားလုံးတို့သည် သူတို့၏ယဉ်ကျေးမူနှင့်မသက်ဆိုင်သော ၀တ်ပြု ကိုးကွယ်ခြင်းစနစ်ကို အမျိုးမျိုးဖန်တီးတတ်ကြသည်။ ၀တ်ပြုကိုးကွယ်သူတို့သည် အများအပြားဖြစ်နိုင်သော်လည်း “သာ၍မြင့်သော တန်ခိုး” နှင့်ပတ်သက်၍ ယူဆချက်တို့သည် လူတွေ၏နှလုံးသားထဲတွင် ရှိသည်ကိုမငြင်းဆိုနိုင်သော တရား ဖြစ်သည်။ ကျွန်ုပ်တို့၏၀တ်ပြုကိုးကွယ်ခြင်းကိုကြည့်လျှင် ဘုရားသခင်က ကျွန်ုပ်တို့ကို “ ငါတို့၏ပုံသဏဏ္ဍန်နှင့်အညီ ” (က၊ ၁း၂၇) ဖန် ဆင်းကြပါစို့ဟု ဖော်ပြသောအချက်နှင့်ညီညွတ်မူရှိသည်။
ဘုရားသခင်သည် သူ၏တည်ရှိခြင်းကို နှုတ်ကပတ်တော်ဖြစ်သော သမ္မာကျမ်းစာတော်အားဖြင့် ဖွင့်ပြခဲ့ပါသည်။ သမ္မာကျမ်းစာအုပ်တစ်ခုလုံးကိုကြည့်သော် ဘုရားသခင်တည်ရှိခြင်းကို ဖော်ပြရာတွင် သူ့ကိုမည်သူကမှ မဖန်ဆင်းကြောင်း တွေ့ရပါသည် (က၊ ၁း၁၊ ထွက်၊ ၃း၁၄)။ လူတစ်ဦးသည် မိမိအထ္ထုပတ္တိကို ရေးသားသောအခါ မိမိကိုယ်ကိုတည်ရှိခြင်းအ တွက် အချိန်ယူ၍မဖော်ပြခဲ့ပေ။ ထိုနည်းတူ ဘုရားသခင်သည်လည်း သူ၏နှုတ်ကပတ်တော်ထဲတွင် သူတည်ရှိသည့်အ ကြောင်း မိမိကိုယ်ကိုအချိန်ယူ၍ သက်သေမပြခဲ့ပေ။ အသက်တာကိုပြောင်းစေသော နှုတ်ကပတ်တော်၊ ၎င်း၏ရိုးသားဖြူ စင်မူနှင့် ၎င်း၏ရေးသားပြုစုခြင်း နိမိတ်လက္ခဏာကြောင့် ဘုရားသခင်နှင့်နီးကပ်စွာ ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြင့် အသက်ရှင် ရန်လိုအပ်သည်။
တတိယအနေနှင့် ဘုရားသခင်က သူ၏တပါးတည်းသောသားတော်၊ သခင်ယေရှုတော်အားဖြင့် (ယောဟန်၊ ၁၄း၆-၁၁) မိမိကိုယ်ကိုထင်ရှားခဲ့ပါသည်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အ တူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍ ကျွန်ုပ်တို့အထဲ၌ ကျိန်းဝပ်တော်မူ၏။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ ကြွလာသော သူ၏ဘုန်းတန်ခိုးတော်၊ ကျေးဇူးတော်တရားနှင့် သမ္မာတရားတို့ကို မြင်တွေ့ခဲ့ကြသည် (ကော၊ ၂း၉)။
သခင်ယေရှုသည် သူ၏အသက်တာ၌ ဓမ္မဟောင်းထဲ၌ရှိသော ပညတ်တော်အားလုံးတို့ကို ပြည့်စုံစွာလိုက် လျှောက်ခဲ့ပြိး မေရှီယနှင့်ပတ်သက်သော ပရောဖက်ပြုချက်တို့ကို သူကပြည့်စုံစေခဲ့သည် (မဿဲ၊ ၅း၁၇)။ သူသည်ကရုဏာ တရားများစွာဖြစ်စေ၊ သူဟောပြောသော ဒေသနာသည် မှန်ကန်ကြောင်းသက်သေပြရန် အံ့ဩဖွယ်နိမိတ်လက္ခဏာများကို ဖြစ်စေ၊ သူသည်ဘုရားဖြစ်ခြင်းကိုဖြစ်စေ သခင်ယေရှုကပြသခဲ့သည် (ယော၊ ၂၁း၂၄-၂၅)။ သူအသေခံပြီး၊ သုံးရက်မြောက် သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်ခဲ့ပါသည်။ သူ၏ထမြောက်ခြင်းကို ရာကျော်သောသူတို့က သက်သေခံခဲ့ပါသည် (၁ ကော၊ ၁၅း၆)။ သမိုင်းရာဇာဝင်တို့က ခရစ်တော်သည် မည်သူဖြစ်ကြောင်းကို “သက်သေ” ထူနိုင်ခဲ့ပါသည်။ တမန်တော်ရှင်ပေါလု ပြောသည့်အတိုင်း ဤအရာသည် “ဆိတ်ကွယ်ရာအရပ်တို့၌ ပြုသောအရာမဟုတ်ပေ” (တ၊ ၂၆း၂၆)။
ဘုရားသခင်အကြောင်းနှင့်ပတ်သက်၍ မိမိစိတ်ထင်သည့်အတိုင်း သံသယ၀င်နေသူများလည်းရှိနိုင်၍ သူတို့သည် သက်သေအထောက်အထားတို့ဖြင့်လည်း သက်သေပြနိုင်ကို ကျွန်ုပ်တို့နားလည်ရမည်။ သို့သော် သူတို့၏သက်သေပြချက် တို့သည် အလွန်ရှက်စရာပင်ဖြစ်လေသည် (ဆာ၊ ၁၄း၁)။ သူတို့သည် ယုံကြည်ခြင်းရှိရန်လိုအပ်သည် (ဟေဗြဲ၊ ၁၁း၆)။
ကျွန်ုပ်တို့သည် ဤမေးခွန်းကိုဖြေဆိုရန် ကြိုးပမ်းသည့်နည်းတူ ဘုရားသခင် အကြောင်းကို နေရာများစွာတို့၌ တွေ့ရှိနိုင်ခြင်းသည် သတင်းကောင်းတစ်ခုဖြစ်ပါသည်။ နှုတ်ကပတ်တော်ဖြစ်သော သမ္မာကျမ်းစာတော်ထဲတွင် ဘုရားသခင်သည် မည်သည့်အရာနှင့်တူကြောင်းကိုဖြစ်စေ၊ သူသည်မည်သည့် အရာနှင့်မတူကြောင်းကိုဖြစ်စေ ဖော်ပြထားခြင်း သည် သတင်းကောင်းဖြစ်ပါသည်။ သမ္မာကျမ်းစာဖော်ပြချက်မပါပဲ ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ်တို့ကိုဖော်ပြထားခြင်းသည် ကောင်းမွန်သော အရာမဟုတ်ပေ။ အထူးသဖြင့် ဘုရားသခင်၏အကြောင်းကို သိရှိနားလည်းခြင်း၌ သမ္မာကျမ်းစာအတိုင်း မဖော်ပြလျှင် မှားယွင်းမှုများစွာရှိသည် (ယောဘ၊ ၄၂း၇)။ ဘုရားသခင်သည် မည်သို့သောအရာနှင့်တူကြောင်းကို သိရှိရန် ကြိုးပမ်းအားထုတ်ခြင်းသည် အရေးကြီးသည်ဟု ပြောဆိုခြင်းသည်မှားယွင်းမှုကြီးတစ်ရပ် ဖြစ်နိုင်ပါသည်။ ဘုရားသခင်သည် မည်သို့သော အရာနှင့်တူကြောင်းကိုမသိရှိခြင်းက ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်၍ တခြားဘုရားများကိုတည်ခြင်း၊ နောက်လိုက်ခြင်းနှင့်ကိုးကွယ်ခြင်းတို့ဖြစ်စေတတ်သည် (ထွက်၊ ၂၀း၃-၅)။
ဘုရားသခင်ဖွင့်ပြသောအရာများကိုသာသိရှိနိုင်ပါသည်။ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ်များ (သို့) အရည်အချင်း ထဲမှ တစ်ခုသည် “အလင်း” ဖြစ်သည်။ သူကိုယ်တိုင်က အလင်းဖြစ်ကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်(ဟေရှာ၊ ၆၀း၁၉၊ ယာကုပ်၊ ၁း၁၇)။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှိတော်မူသော အရပ်၌ ၀င်ရောက် ခြင်းမပြုမချင်း ဘုရားသခင်သည် သူရှိကြောင်းကို ဖော်ပြသောသမ္မာတရားကို ကျွန်ုပ်တို့သည် မထီမဲ့မြင်မပြုနိုင်ပေ (ဟေဗြဲ၊ ၄း၁) ။ ဖန်ဆင်းခြင်း၊ သမ္မာကျမ်းစာနှင့် နှုတ်ကပတ်တော်တို့သည် လူဇာတိဖြစ်လာသော (သခင်ယေရှုခရစ်တော်) ဘုရားသခင်သည် မည်သည့်အရာနှင့်တူကြောင်းကို သိရှိစေပါသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်ကြောင်း နှင့် ကျွန်ုပ်တို့သည် သူ၏ ဖန်ဆင်းထားသော သူများဖြစ်ကြောင်း သိရှိခြင်းမှအစပြုကြပါစို့၊ (က၊ ၁း၁၊ ဆ၊ ၂၄း၁)။ လူသည်ဘုရားသခင်၏ပုံသဏ္ဍန်တော်နှင့် ဖန်ဆင်းခြင်းခံရသောသူဖြစ်ကြောင်း ဘုရားသခင်ကပြောကြားခဲ့ပါသည်။ လူသားသည်ဖန်ဆင်းထားသော အရာတို့ထက် မြင့်မြတ်၍ ဖန်ဆင်းထားသော အရာများအုပ်စိုးရန် တာဝန်အပ်နှံခြင်းခံခဲ့ရသည် (က၊ ၁း၂၆-၂၈)။ ဖန်ဆင်းခြင်းသည် လူသား ကျဆုံးခြင်းအားဖြင့် ပျက်ဆီးသွားခဲ့သော်လည်း ဘုရားသခင်၏ လက်ယာတော်သည် ယခုတိုင်အောင် မြင်တွေ့နိုင်ပါသည် (က၊ ၃း၁၇-၁၈၊ ရောမ၊ ၁း၁၉-၂၀)။ ဖန်ဆင်းခြင်း၏ ကြီးမားကျယ်ပြန့်မှု၊ ရှုပ်ထွေးမှု၊ လှပမှုနှင့် စနစ်တကျတည်ရှိမှုတို့ကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ မြင့်မြတ်မှုကို ထင်ရှားစွာတွေ့နိုင်ပါသည်။
ဘုရားသခင်၏နာမတော်တချို့တို့ကို ဖတ်ရှုခြင်းအားဖြင့် ဘုရားသခင်သည် မည်သည့် အရာ နှင့် တူကြောင်းကို စူးစမ်းရှာဖွေရာတွင် များစွာအကျိုးပြုနိုင်ပါသည်။
Elohim - တန်ခိုးကြီးသော ဘုရားသခင် (က၊ ၁း၁)။
Adonai - သခင်၊ သခင်နှင့်ကျွန်ုပ်တို့၏ဆက်နွယ်မှုကိုပြသခြင်း (ထွက်၊ ၄း၁၀၊ ၁၃)။
El Elyon - အမြင့်ဆုံးသောဘုရား၊ တန်ခိုးအကြီးသောဘုရား (က၊ ၁၄း၂၀)။
El Roi - စောင့်ထိန်းတော်မူသော တန်ခိုးကြီးသောဘုရား (က၊ ၁၆၊ ၁၃)။
El shaddai - အရာခပ်သိမ်းတက်စွမ်းနိုင်သော ဘုရား (က၊ ၁၇း၁)။
El olam - ထာဝရဘုရားသခင် (ဟေရှာ၊ ၄၀း၂၈)။
Yehweh - “ငါ” ဟူသော ဘုရားသခင်၊ မိမိကိုယ်ကို ထာဝရတည်ရှိသော ဘုရား သခင်ဟု အဓိပါယ်ရသည် (ထွက်၊ ၃း၁၃၊ ၁၄)။
“ထာဝရဘုရား” ၏ အဓိပ္ပါယ်သည် သူတည်ရှိခြင်းက အစမရှိ၊ အဆုံးလည်းမရှိခြင်း ပင်ဖြစ်သည်။ သူသည် ယိုယွင်းပျက်စီးခြင်းမရှိ၊ ထာဝရတည်ရှိသော ဘုရားသခင်ဖြစ်သည် (တ၊ ၃၃း၂၇၊ ဆာ၊ ၉၀း၂၊ ၁တိ၊ ၁း၁၇)။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိပေ။ ဘုရားသခင်သည် မှီခိုအားကိုးထိုက်သော ဘုရားနှင့်ယုံ ကြည်ကိုးစားထိုက်သော ဘုရားသခင်ဖြစ်ပါသည် (မာ၊ ၃း၆၊ တော၊ ၂၃း၁၉၊ ဆာ၊ ၁၀၂း၂၆၊ ၂၇)။ ဘုရားသခင်သည် သူ၏လုပ်ငန်းအားဖြစ်စေ၊ သူ၏ဖြစ်ခြင်း၌ဖြစ်စေ၊ သူနှင့်တူသောသူတစ်ဦးမျှမရှိပေ။ သူသည် အရာအားလုံးထက်သာလွန်၍ပြီးပြည့်စုံသော ဘုရားသခင် ဖြစ်တော်မူသည် (၂ ဓမ္မ၊ ၇း၂၂၊ ဆာ၊ ၈၆း၈၊ ဟေရှာ၊ ၄၀း၂၅၊ မဿဲ၊ ၅း၄၈)၊ ဘုရားသခင်တည်ရှိခြင်းကို လုံးလုံးလျားလျားရှာဖွေသိရှိ နားလည်း၍မရပေ (ဟေရှာ ၄၀း၂၈၊ ဆာ ၁၄၅း၃၊ ရောမ ၁၁း၃၃-၃၄)
ဘုရားသခင်သည် တရားမျှတသည်သူသည် ဘယ်ပုဂ္ဂိုလ်မှမျက်နှာသာမ ပေးခြင်းကို ဆိုလိုသည် (တရား ၃၂း၎ ဆာလံ ၁၈း၃၀)။ ဘုရားသခင်သည် အရာ ခပ်သိမ်းကို တတ်စွမ်းနိုင်သည်။ သူသည်တန်ခိုးအလုံးစုံကိုပိုင်ဆိုင်သည်။ သူလုပ် ချင်သောအရာဟူသမျှလုပ်နိုင်သည်။ သို့သော် သူလုပ်ဆောင်သမျှအားလုံးသည် သူ၏စိတ်နေသဘောထားနှင့်ညီညွှတ်မူရှိသည်။ (ဗျာ ၁၉း၆ ယော ၃၂း၁၇-၂၇)။ ဘုရားသခင်သည် နေရာတိုင်း၌ရှိခြင်း၏ အဓိပ္ပါယ်သည် သူကအချိန်တိုင်း၌ တည်ရှိခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည်အရာခပ်သိမ်းကိုသိသည်။ အတိတ်၊ ပစ္စုပ္ပုန်၊ အနာဂတ်၌ ဖြစ်ပျက်သော အကြောင်းအရာ ဟူသမျှ သူသိရှိသည်။ ကျွန်ုပ်တို့၏နှလုံးသား၌ ကြံစည်သော အကြံစည်များကိုလည်းသူသိသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို သိသောကြောင့် သူ၏တရား စီရင်ခြင်းသည် အစဉ်အမြဲမျှတသည် (ဆာ ၁၃၉း၁-၅၊ သုတ္တံ ၅း၂၁)။
ဘုရားသခင်သာလျှင် ဘုရားဖြစ်သည်အဓိပ္ပါယ်သည်ဘုရားသခင်ကလွဲ၍ တခြားသော ဘုရားမရှိခြင်းကို ဆိုလိုသည်။ သူသာလျှင်ကျွန်ုပ်တို့၏နှလုံးသားထဲ၌ လိုချင်တောင်းတ သောအရာများကို ဖြည့်ဆည်းပေးနိုင်သည်။ ဘုရားသခင် သာလျှင် ၀တ်ပြုကိုးကွယ်ခြင်းပေးအပ်ရန်ထိုက်တန်သည်(တရား ၆း၎)။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း အဓိပ္ပါယ်သည် ဘုရားသခင်သည် မှားယွင်းသောအရာ တစ်ခုမျှမလုပ်ခြင်းကိုဆိုလိုသည်။ ထို့ကြောင့်ဘုရားသခင်သည် ဖြောင့်မတ်၍ တရားမျှတ သော ဘုရားဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်ကို ခွင့်လွတ်နိုင်ရန်အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များကို သခင်ယေရှု ပေါ်သို့ တင်သောအခါ သခင်ယေရှုသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည် (ထွက် ၉း၂၇၊ မဿဲ၊၄၅-၄၆၊ ရောမ၊ ၃း၂၁-၂၆)။
ဘုရားသခင်သည်တန်ခိုးအလုံးစုံ၏အရှင်ဖြစ်ခြင်း၏အဓိပ္ပါယ်သည်သူသည်အမြင့်ဆုံး သောဘုရားသခင် ဖြစ်ကြောင်းကို ဆိုလိုသည်။ သူ၏ဖန်ဆင်းခြင်းသည် တညီတ ညွတ်တည်းတည်ရှိသည်။ ဖန်ဆင်းခြင်းခံသောအရာများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝမဖြတ်ဆီးနိုင်ပေ (ဆာ၊ ၉၃း၁၊၉၅း၃၊ ယေရမိ၊ ၂၃း၂၀)။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်ခြင်း၏အဓိပ္ပါယ်သည်သူ့ကိုသာမန်မျက်စိဖြင့် မမြင်နိုင် ခြင်းကိုဆိုလိုသည် (ယောဟန် ၁-၁၈၊ ၄း၂၄)။ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်သည်။ သုံးပါးတစ်ဆူဟုခေါ်ရာတွင် ပုဂ္ဂိုလ်တစ်ပါးစေတိုင်း၌ရှိသော တန်ခိုးနှင့် ဘုန်းတော် တို့သည် တစ်ခြားသောတစ်ပါးတို့၌ရှိသော ဘုန်းတန်ခိုးတော်နှင့်တူညီ ခြင်းကို ဆိုလို သည်။ ရှင်မဿဲ ၂၈း၁၉ ကိုကြည့်သောအခါ “(နာမည်)” ကိုအနည်းကိန်းဖြင့်ဖော်ပြထားသော်လည်း သုံးပါး တစ်ဆူဖြစ်သော “ခမည်းတော်ဘုရား သားတော်ဘုရား သန့်ရှင်းသောဝိညာဉ်ဘုရား မုသာစကားကို မသုံးတတ်သော ဘုရားသခင်ဖြစ်သည် (ဆာ၊ ၁၁၇း၂၊ ၁ဓမ္မ၊ ၁၅း၂၉)။
ဘုရားသခင်၏် သန့်ရှင်းသည်အဓိပ္ပါယ်သည် ညစ်ညမ်းသောအရာဟူ သမျှနှင့် မရောနှောဘဲ ဆန့်ကျင်ဘက် ဖြစ်ခြင်းကိုဆိုလိုသည်။ တည်ရှိပြီးသောဆိုးသွမ်းမှုများက ဘုရားသခင်ကိုအမျက်ထွက်စေသည်။ ဘုရားသခင်သည် လောင်းကျွမ်းသောမီးအဖြစ် ဖော်ပြထားသည် (ဟေရှယ၊ ၆း၃၊ ဟဗက္က၊ု ၁း၁၃၊ ထွက်၊ ၃း၂၊ ၄၊ ၅၊ ဟေဗြဲ၊ ၁၂း၂၉ )။ ဘုရားသခင်သည် ကျေးဇူးပြုတတ်သော ဘုရားသခင်ဖြစ်သည်။ ကျေးဇူးပြုသည်ဟုဆိုရာတွင် သူ၏ကောင်းမြတ်ခြင်း၊ သနားကြင် နာတတ်ခြင်း၊ ကျေးဇူးပြုခြင်းနှင့်ချစ်ခြင်းတို့ကိုပါဝင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းအဓိပ္ပါယ်ကို စကားလုံး အားဖြင့် ဖော်ပြနိုင်သောအရာများဖြစ်သည်။ဘုရားသခင်၏ ကောင်းမြတ်ခြင်းမရှိလျှင် တခြားသောအင်္ဂါရပ်တို့ကိုကျွန်ုပ်တို့ ခံစားရလိမ့်မဟုတ်ပေ။ ကျေးဇူးတင်စရာတစ်ခုသည် ဘုရားသခင်သည် ကျွန်ုပ်တို့ကို တစ်ဦးခြင်းစီသိရှိလိုသောဆန္ဒသည် သူ၏ကောင်းမြတ်ခြင်းပင် ဖြစ်သည် (ထွက၊် ၃၄း၆၊ ဆာလံ၊ ၃၁း၁၉၊ ၁ပေ၊ ၁း၃၊ ယောဟာန၊် ၃း၁၆၊ ယောဟာန၊် ၁၇း၃)။
ဘုရားသခင်သည် ထာဝရဘုရားသခင်ဖြစ်သောကြောင့် သူသည် မည်သည့် ပုံစံဖြစ်သည်ဟူသောမေးခွန်းကို ပြည့်စုံစွာ မည်သူကမှ မဖြေဆိုနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်သည် မည်သူဖြစ်ကြောင်းကို ၎င်းသူကို မည်ကဲ့သို့သောသူဖြစ်သည်ကို ၎င်းသိရှိနိုင်သည်။ ဘုရားသခင်၏အကြောင်းကို ဆက်လက်၍ နှလုံးသားအကြွင်းမဲ့ ရှာဖွေတွေ့ရှိနိုင်ကြပါစေ (ယောမိ ၂၉း၁၃)။
သုံးပါးတဆူအကြောင်းနှင့်ပတ်သက်၍ တိတိကျကျဖော်ပြနိုင်ရန် အလွန်ခက်ခဲသော မေး ခွန်းတခုဖြစ်ပါသည်။ သုံးပါးတဆူအကြောင်းနှင့်ပတ်သက်၍ လူတွေ၏ဦးနှောက်အတွေးအခေါ် အားဖြင့် သိရှိရန် မလွယ်ကူပေ။ အရိပ်အမြွက်ကိုသာ သိရှိနိုင်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ ထက်အလွန်ကြီးမားသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အကြောင်းကို ပြီးပြည့်စုံစွာ နား လည်ရန် မဖြစ်နိုင်ပေ။ ခမည်းတော်သည်ဘုရားသခင်ဖြစ်ကြောင်း၊ သားတော်သည် ဘုရားသခင် ဖြစ်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း ကို သမ္မာကျမ်းစာက သွန်သင်ထားပါသည်။ ဘုရားတဆူတည်းရှိကြောင်းကို လည်သမ္မာကျမ်းစာက သွန်သင်ထား ပါသည်။ ကျွန်ုပ်တို့သည် သုံးပါးတဆူ၏အကြောင်းကို နားလည်နိုင်သော်လည်း ကျွန်ုပ်တို့၏နား လည်မှုသည် ပြည့်စုံခြင်းမရှိပေ။ သို့သော် သုံးပါးတဆူသည် မှားယွင်းကြောင်း၊ သမ္မာကျမ်းစာဖော် ပြချက်မဟုတ်ကြောင်းကို တင်ပြလိုခြင်းမဟုတ်ပေ။
သုံးပါးတဆူသည် ပုဂ္ဂိုလ်သုံးပါးအဖြစ်တည်ရှိသော ဘုရားတဆူဖြစ်သည်။ ဘုရားသုံးပါး ပေါင်းစပ်ထားခြင်းမဟုတ်ကြောင်းကို မှတ်သားပါ။ သုံးပါးတဆူကို လေ့လာသောအခါ “သုံးပါးတ ဆူ” စကားလုံးကို သမ္မာကျမ်းစာထဲတွင် ဖော်ပြထားခြင်းမရှိကြောင်းကိုလည်းသိရှိပါ။ သုံးပါးတဆူ ကိုဖော်ပြရန်အတွက် -ဘုရားဖြစ်သော ထိုသုံးပါးတို့သည် အတူတူရှိခြင်း နှင့် ထာဝရကာလမှစ၍ တည်ရှိသော ဘုရားဖြစ်ကြောင်းကိုသာ ပြသနိုင်ပါသည်။ နှုတ်ကပတ်တော်ထဲတွင် “သုံးပါးတဆူ” ကိုမတွေ့ရသော်ငြားလည်း၊ သုံးပါးတဆူအကြောင်းနှင့်ပတ်သက်၍ ဖော်ပြထားသော အရိပ်အမြွက် များစွာရှိသည်။ အောက်တွင်ဖော်ပြထားသောကျမ်းပိုဒ်တို့သည် သုံးပါးတဆူအကြောင်းကို ရည်ညွှန်း ဖော်ပြလိုခြင်းဖြစ်သည်။
၁။ ဘုရားတဆူရှိသည် (တရားဟော၊ ၆း၎၊၁ကော၊ ၈း၎၊ ဂလာ၊ ၃း၂၀၊ ၁တိ၊ ၂း၅)
၂။ သုံးပါးတစ်ဆူတွင် ပုဂ္ဂိုလ်သုံးပါးပါဝင်သည် (ကမ္ဘာ၊ ၁း၁၊ ၂၆၊ ၃း၂၂၊ ၁၁း၇၊ ဟေရှာ၊ ၆း၈၊ ၄၈း၁၆၊ ၆၁း၁၊ မဿဲ၊ ၃း၁၆-၁၇၊ ၂၈း၁၉၊ ၂ကော၊ ၁၃း၁၄)။ ကမ္ဘာ၊ ၁း၁ ထဲတွင် ဖော်ပြထားသော ဟေဗြဲဘာသာစကား Elohim (နာမ်) ကို အသုံးပြုထားပါသည်။ ကမ္ဘာ၊ ၂း၁၆၊ ၃း၂၂၊ ၁၁း၇၊ နှင့် ဟေရှာ၊ ၆း၈ တို့တွင် “ကျွန်ုပ်တို့” ဟူသော နာမ်စားတို့သည် အများကိန်းကိုပြ၍ ဟေဗြဲဘာသာ စကားလုံးတွင်ထိုစကားလုံးကိုအသုံးပြုသောအခါ တစ်ဦးထက်ပိုများသောအရာတို့ကို ဖော်ပြလို ခြင်းဖြစ်သည်။ ထိုကြောင့်သုံးပါးတဆူဖြစ်သည်ဟု လက်မထောင်၍ မပြောနိုင်သော်လည်း ဘုရားနာမကို ဖော်ပြသောအခါ အများကိန်းဖြစ်ဖော်ပြထားကြောင်းကို သတ်မှတ်နိုင်ပါသည်။ ဂရိ ဘာသာစကားမှာ Elohim ဘုရားသည် သုံးပါးဖြစ်ကြောင်းကို ထင်ရှားစေပါသည်။
ဟေရှာ၊ ၄၈း၁၆၊ ၆၁း၁ တို့တွင် သားတော်က ခမည်းတော်ထံနှင့် သန့်ရှင်းသောဝိညာဉ် တော်ထံသို့စကားပြောနေသည်ကို ဖော်ပြထားပါသည်။ ဟေရှာ၊ ၆၁း၁ ကို လု၊ ၄း၁၄-၁၉ နှင့် နှိုင်း ယှဉ်လျှင်၊ သားတော်၏စကားပြောခြင်းကို တွေ့ရှိနိုင်ပါသည်။ မဿဲ၊ ၃း၁၆-၁၇ ထဲတွင် သခင်ယေ ရှုနှစ်ခြင်းခံယူခြင်းအကြောင်းကို တွေ့ရှိနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် သားတော်ဘုရားပေါ်တွင်ဆင်းသက်၍၊ ခမည်းတော်ဘုရားသည် သားတော်ပေါ်တွင် ၀မ်းမြောက် စကားပြောကြောင်း ဖော်ပြထားပါသည်။ မဿဲ၊ ၂၈း၁၉ နှင့် ၂ကော၊ ၁၃း၁၄၌ ဖော်ပြထား သောကျမ်းပိုဒ်တွင် သုံးပါးတဆူတွင် ပုဂ္ဂိုလ်သုံးပါးပါဝင်ကြောင်းတွေ့ရှိနိုင်ပါသည်။
၃။ ကျမ်းပိုဒ်အများအပြားတွင် သုံးပါးတဆူတို့၏ကွာဟမှုများကို တွေ့ရှိနိုင်ပါသည်။ ဓမ္မ ဟောင်းထဲတွင် “LORD” ထာဝရဘုရား စကားလုံးသည် “Lord” ဘုရားသခင် (ကမ္ဘာ၊ ၁၉း၂၄၊ ဟောရှေ၊ ၁း၎) စကားလုံးနှင့် မတူပေ။ ထာဝရဘုရားမှာသားတော်တစ်ပါးရှိသည်( ဆာ၊ ၂း၇၊ ၁၂၊ သုတ္တံ၊ ၂၀း၃-၄)။ ၀ိညာဉ်တော်သည်လည်း “LORD” ထာဝရဘုရား (ထွက်၊ ၁၇း၁၈)၊ “God” ဘုရားသခင် (ဆာ၊ ၆၁း၁၀-၁၂) နှင့် ကွာဟမှုရှိသည်။ သားတော်ဘုရားသည်လည်း ခမည်းတော် ဘုရားနှင့် ကွာဟမှုရှိသည် (ဆာ၊ ၄၅း၆-၇၊ ဟေဗြဲ၊၁း၈-၉)။ ဓမ္မဟောင်းကျမ်းထဲတွင် သခင်ယေရှု က ခမည်းတော်အား ဥပဇ္ဈယ်ဆရာ၊ သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ရန် တောင်းဆိုခဲ့ပါ သည်( ယော၊ ၁၄း၁၆-၁၇)။ သခင်ယေရှု က မိမိကိုယ်ကို ခမည်းတော် (သို့) သန့်ရှင်းသော ၀ိညာဉ်တော်မဟုတ်ကြောင်းကို ထင်ရှားစေပါသည်။သတင်းကောင်းစာအုပ်များတွင် သခင်ယေရှု က ခမည်းတော်ဘုရားသခင်ထံအမြဲတမ်းစကားပြောသည်ကို မှတ်သားထားပါ။ သခင်ယေရှု သည် မိမိကိုယ်ကို စကားပြောသလား။ မဟုတ်ပါ။ သခင်ယေရှုက မိမိနှင့်မတူသော သုံးပါးတဆူတွင် ပါဝင်သော ခမည်းတော်ဘုရားကို စကားပြောခြင်းဖြစ်သည်။
၎။ သုံးပါးတဆူတွင် ပါဝင်သော ပုဂ္ဂိုလ်သုံးပါးတို့သည် ဘုရားသခင်ဖြစ်သည်။ ခမည်းတော် သည် ဘုရားသခင်ဖြစ်သည် (ယောဟန်၊ ၆း၂၇၊ ရောမ၊၁း၇၊ ၁ပေ၊၁း၂)။ သားတော်သည် ဘုရားဖြစ်သည် (ယောဟန်၊ ၁း၁၊ ၁၄၊ ရောမ၊ ၉း၅၊ ကောလော၊ ၂း၉၊ ဟေဗြဲ၊ ၁း၈၊ ၁ယော၊ ၅း၂၀)။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်သည် (တမန်၊ ၅း၃-၄၊ ၁ကော၊ ၃း၁၆)။
၅။ သုံးပါးတဆူတွင် ရာထူးအဆင့်ဆင့်ရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ခမည်းတော် နှင့်သားတော်တို့ထက် အနည်းငယ်နိမ့်၍၊ သားတော်သည်လည်း ခမည်းတော်ထက်နိမ့်သည်ဟု သမ္မာကျမ်းစာထဲတွင်ဖော်ပြထားပါသည်။ ၎င်းသည် အတွင်းပိုင်းဆိုင်ရာ ဆက်နွယ်မှုဖြစ်ပြီး၊ သုံးပါး တစ်ဆူတို့၏ဘုရားဖြစ်ခြင်းကို ငြင်းပယ်ထားခြင်းမဟုတ်ပေ။ ထို့ကြောင့်ဘုရားသခင်၏အကြောင်း သည် လူ့ဦးနှောက်ဖြင့် အကုန်အစင်မသိနိုင်ခြင်းဖြစ်သည်။ သားတော်အကြောင်းနှင့်ပတ်သက်၍ လု၊ ၂၂း၄၂၊ ယောဟန်၊ ၅း၃၆၊ ၂၀း၂၁၊ နှင့် သန့်ရှင်းသောဝိညာဉ်တော်အကြောင်းကို ယောဟန် ၁၄း၁၆၊ ၁၄း၂၆၊ ၁၆း၇၊ နှင့် အထူးသဖြင့် ၁၆း၁၃-၁၄တို့ကို ကြည့်ပါ။
၆။ ပုဂ္ဂိုလ်သုံးပါးတွင်ပါဝင်သောသူတို့သည် လုပ်ငန်းကိုယ်စီရှိကြသည်။ ခမည်းတော်ဘုရား သည် စကြာဝဠာတစ်ခုလုံး၏မူလအစ (၁ကော၊ ၈း၆၊ ဗျာ၊ ၄း၁၁)၊ ဘုရားသခင်နှင့်ဆိုင်သောဗျာ ဒိတ်တော် (ယောဟန်၊ ၁း၁)၊ ကယ်တင်ခြင်း (ယော၊ ၃း၁၆-၁၇) တို့၏ အရင်းအမြစ်ဖြစ်တော်မူ၏။ သခင်ယေရှုက လူသားနှင့်ဆိုင်သော အရာများလုပ်ဆောင်ထားပါသည် (ယောဟန်၊ ၅း၁၇၊ ၁၄း၁၀)။ အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့ပါသည်။
သားတော်သည် ခမည်းတော်ပြုခဲ့ပြီးသော- လောကတခုလုံးကိုဖန်ဆင်းခြင်းနှင့်၊ ပြုပြင်မွမ်း မံခြင်း (၁ကော၊ ၈း၆၊ ယောဟန်၊ ၁း၃၊ ကောလော၊ ၁း၁၆-၁၇)၊ ဘုရားသခင်နှင့်ဆိုင်သောဗျာဒိတ် တော် (ယောဟန်၊ ၁း၁၊ ၁၆း၁၂-၁၅၊ မဿဲ၊ ၁၁း၂၇၊ ဗျာ၊ ၁း၁ နှင့် ကယ်တင်ခြင်း (၂ကော၊ ၅း၁၉၊ မဿဲ၊ ၁း၂၁၊ ယောဟန်၊ ၄း၄၁) တို့ကို တာဝန်ယူထိန်းသိမ်းပြုပြင်ထားပါသည်။ ထို့ကြောင့် ဘုရားသခင်က သခင်ယေရှုကို သူဖန်ဆင်းပြီးသောအရာများ ထပ်မံပြုပြင်မွမ်းမံရန် တာဝန်ခန့်အပ် ခဲ့ပါသည်။
ဤဖန်ဆင်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း (ကမ္ဘာ၊ ၁း၂၊ ယောဟန်၊ ၂၆း၁၃၊ ဆာ၊ ၁၀၄း၃၀)၊ ဘုရားသခင်နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံ (ယောဟန်၊ ၁၆း၁၂၊၁၅၊ ဧဖက်၊ ၃း၅၊ ၂ပေ၊ ၁း၂၁)၊ ကယ်တင်ခြင်း (ယောဟန်၊ ၃း၆၊ တိတု၊ ၃း၅၊ ၁ပေ၊ ၁း၂) နှင့် သခင်ယေရှုပြုသောအမှုများ (ဟေရှာ၊ ၆၁း၁၊ တမန်၊ ၁၀း၃၈) တို့ကို ဘုရားသခင်က သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် အမှုပြုခဲ့ခြင်းဖြစ်ပါသည်။ ဘုရားသခင်က အမှုပြုသောအခါ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပြုခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။
သုံးပါးတဆူအကြောင်းနှင့်ပတ်သက်၍ ဖော်ပြချက်များစွာရှိသည်။ သို့သော်သူတို့၏ဖော်ပြ ချက်တို့သည် တိကျမှန်ကန်မှုမရှိပေ။ ကြက်ဥတစ်လုံးတွင် အနှစ်၊ အကာ၊ မခွံ၊ ပန်းသီးတစ်လုံး တွင်အခွံ၊ အသား၊ အစေ့၊ တို့ပါဝင်သည့်နည်းတူ သုံးပါးတဆူသည်လည်းထိုနည်းတူဖြစ်သည် ဟုြ အချို့သောသူများက ပြောတတ်ကြသည်။ သို့သော်ခမည်းတော်၊သားတော်နှင့် သန့်ရှင်းသောဝိ ညာဉ်တော်တို့သည် ဘုရားသခင်၏အစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ၊ သူတို့အားလုံးသည် ဘုရားဖြစ် ကြသည်။ ရေအားဖြင့်ဖော်ပြထားခြင်းသည် ပို၍ကောင်းမွန်သော်လည်း သုံးပါးတဆူအကြောင်းကို ဖော်ပြရာတွင် တိကျခိုင်လုံမှုမရှိပေ။ ရေသည် အရည်၊ အငွေ့၊ အခဲ စသည်တို့ဖြစ်ဖွဲ့စည်းထားပါ သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ၀ိညာဉ်တော်တို့သည်လည်း ဘုရားသခင်၏ဖွဲ့ စည်းထားသော ပုံသဏ္ဍာန်မဟုတ်ဘဲ၊ သူတို့သည် ဘုရားဖြစ်သည်။ ဤကဲ့သို့သောပုံဆောင်ချက် တို့သည် သုံးပါးတဆူဖော်ပြရာတွင် ဥပမာအဖြစ်မသုံးပြုနိုင်သော်လည်း တိကျမှန်ကန်မှုမရှိပေ။ ထာဝရဘုရားကို နစ္စအရာများအားဖြင့် ပုံဖော်၍မရနိုင်ပေ။
ယနေ့ခရစ်ယာန်အသင်းတော်တွင်သုံးပါးတဆူအကြောင်းကို တိကျစွာမသိရှိနိုင်ပေ။ သုံး ပါးတဆူအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာထဲတွင် အရိပ်အရောင်သာဖော်ပြထားသော် လည်း ၎င်းတို့သည် ရှင်းလင်းစွာဖော်ပြထားခြင်းမဟုတ်ပေ။ ခမည်းတော်သည်ဘုရားဖြစ်သည်။ သားတော်သည် ဘုရားဖြစ်သည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် ဘုရားဖြစ်သည်။ သို့သော် ဘုရားတဆူတည်းရှိသည်။ သုံးပါးတဆူအကြောင်းသည် သမ္မာကျမ်းစာ၏ဖော်ပြချက်ဖြစ်သည်။ သမ္မာကျမ်းစာကလွှဲ၍ အခြားဖော်ပြချက်တို့သည် ထင်မြင်ချက်၊ငြင်းဆိုဖွယ်ရာ၊ အနှစ်သာရမရှိ သော ဖော်ပြချက်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိဦးနှောက်ကို အသုံးပြု၍၊ သုံးပါးတဆူအကြောင်း ကို သိရှိရန် ကြိုးပမ်းမည့်အစား၊ ဘုရားသခင်၏ ကြီးမားဆန်းကျယ်မှု နှင့် သူ၏မြင့်မြတ်မှုတို့ကို ချီးမွမ်းရန် ပိုကောင်းသည်။ “ ဘုရားသခင်၏ပညာနှင့် ညာဉ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွ တကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူသောလမ်းတို့ကို လိုက်၍ရှာသော်လည်းမတွေ့မမီနိုင်။ ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရ ဘုရားနှင့် အဘယ်သူသည် တိုင်ပင်ဖက်ပြုသနည်း။” (ရောမ၊ ၁၁း၃၃-၃၄)
ဤမေးခွန်းသည် သီသြော်လော်ဂျီဘာသာရပ်လေ့လာရာတွင် အခက်ခဲဆုံးသော မေးခွန်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ထာဝရဘုရား၊ အနန္နဘုရား၊ အရာခပ်သိမ်းကိုသိတော်မူသောဘုရား၊ နေရာ တိုင်း၌ရှိ တော်မူသောဘုရား၊ အနန္နတန်ခိုးတော်နှင့်ပြည့်စုံသောဘုရားသခင်ဖြစ်တော်မူသည်။ လူသားများ (တဒင်္ဂ၊ ပုထုဇဉ်လူသားများ၊ အသိညာဉ်ကန့်သတ်သောလူသားများ၊ တစ်နေရာ၌သာရှိသောလူသားများ၊ တန်ခိုးမရှိသော လူသားများ)က အဘယ့်ကြောင်းဘုရားသခင်ပြုသောအမှုကို ပြည့်ဝစုံလင်စွာ သိလိုကြသ နည်း။ ဤအကြောင်းနှင့် ပတ်သက်၍ ယောဘ၀တ္ထုထဲတွင် ဖော်ပြထားပါသည်။ စာတန်က ယောဘ အပေါ် သူပြုလိုသည့်အတိုင်းပြုရန် ဘုရားသခင်က ခွင့်ပြုထားသည်။ သို့သော် သူ၏အသက်မသတ်ရန် တားမြစ် ထားသည်။ ယောဘက မည်သို့တုံ့ပြန်ခဲ့သနည်း။ “ငါ့ကို သတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်” (ယောဘ ၁၃း၁၅)။ “အ၀တ်မပါဘဲ အမိဝမ်းထဲ သို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမ တော်သည် မင်္ဂလာရှိစေသတည်း” (ယောဘ ၁း၂၁)။ ဘုရားသခင်သည် အဘယ့်ကြောင့်ဆိုသွမ်းမှုများ စေလွှတ်ခဲ့သည်ကို ယောဘက မသိခဲ့ပေ။ သို့သော် ဘုရားသခင်သည် ကောင်းမြတ်ကြောင်းသူ သိခဲ့ သည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို ဆက်လက်ကိုးစားခဲ့သည်။ ကျွန်ုပ်တို့သည် ယောဘကဲ့သို့ တုံ့ပြန်တတ်ရန် လိုအပ်သည်။
ဘုရားသခင်သည် အဘယ့်ကြောင့် ကောင်းသောသူများအပေါ်တွင် ဆိုးသွမ်းမှုများ သက်ရောက်ရန်ခွင့် ပြုသနည်း။ သမ္မကျမ်းစာအရကြည့်လျှင် ကောင်းသောသူတစ်ယောက်မျှ “မရှိ”ပေ။ ကျွန်ုပ်တို့အားလုံးသည် အပြစ်တရားအားဖြင့် ပုပ်သိုးညစ်ညမ်းသောသူများ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သူများဖြစ်ကြသည် ဟု သမ္မာကျမ်းစာက ထင်ရှားစွာ ဖော်ပြထားပါသည် (ဒေသနာ ၇း၂၀၊ ရောမ ၆း၂၃၊ ၁ယော ၁း၈)။ ရောမ ၃း၁၀ -၁၈ ထဲတွင် “ကောင်းသောသူ” တစ်ယောက်မျှမရှိကြောင်း အတိအလင်းဖော်ပြထားပါသည်။ “ဖြောင့်မတ်သော သူမရှိ၊ တယောက်မျှမရှိ။ နားလည်သောသူမရှိ။ ဘုရားသခင်ကို ရှာသောသူမရှိ။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသောအ ကျင့်ကို ကျင့်သောသူမရှိ၊ တ ယောက်မျှမရှိ။ သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည် လျှာနှင့် လှည့်စားတတ်ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ်အ တောက်ရှိ၏။ သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကားနှင့်ပြည့်ဝ၏။ သူတို့ခြေသည် လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ သူတို့သွားရာ လမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်းရှိ၏။ ချမ်းသာလမ်းကို သူတို့မသိကြ။ ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်းသည် သူတို့မျက်စိ၌ မထင်ဟု ကျမ်းစာလာ သတည်း။” ဤလောကတွင် အသက်ရှင်သောလူသားအားလုံးသည် ယခုချက်ခြင်း အပယ်ငရဲထဲသို့ ပစ်ချခြင်းထိုက်တန်သည်။ ကျွန်ုပ်တို့သည် စက္ကန့်တိုင်းအသက်ရှင်နိုင်ခြင်းသည် ဘုရားသခင်၏ကျေးဇူး တော်နှင့်ဂရုဏာတော်ကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤလောကတွင် အသက်ရှင်စဉ် ကြုံတွေ့ရမည့် ထိတ်လန့်စရာအကောင်းဆုံးသောအတွေ့အကြုံသည် ဂရုဏာတရားမရှိလျှင် အပယ်ငရဲမီးအိုင်ထဲသို့ ထာဝရပစ်ချခြင်းခံရခြင်းပင်ဖြစ်သည်။
“ဘုရားသခင်သည် အဘယ်ကြောင်းဆိုးသောသူများအပေါ် ကောင်းသောအရာများကို သက်ရောက်စေ တော်မူသနည်း” ဟု မေးလျှင် ပို၍ကောင်းသည်။ ရောမ ၅း၈ ထဲတွင် “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့်၊ အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာ ပြတော်မူ၏” ဟု ဖော်ပြထားပါသည်။ လူသားများအား လုံးသည် ဆိုးသွမ်းသောသူများ၊ ညစ်ညူးသောသူများ၊ အပြစ်သားများဖြစ်သော်လည်း ဘုရားသခင်က ကျွန်ုပ်တို့ကို ချစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သောကြောင်း ကျွန်ုပ်တို့၏အပြစ်အတွက် အသေခံခဲ့သည် (ရောမ ၆း၂၃)။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံလျှင် (ယောဟန် ၃း၁၆၊ ရောမ ၁၀း၉) ကျွန်ုပ်တို့သည် လွှတ်ငြိမ်းချမ်းသာခြင်း အခွင့်ရရှိပြီး၊ ကောင်းကင်နိုင်ငံ တော်သည် ကျွန်ုပ်တို့နေထိုင်သောအိမ်တော် ဖြစ်လိမ့်မည် (ရောမ ၈း၁)။ ကျွန်ုပ်တို့သည် ငရဲနှင့်ထိုက်တန် သော သူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်လျှင် အပြစ်လွှတ်ခြင်းအခွင့်ရရှိပြီး၊ ကောင်းကင်နိုင်ငံတော်တွင် ထာဝရအသက်ရှင်မည်ဖြစ် သည်။
တခါတရံ လူများအပေါ် အသင့်တော်သော ဆိုးရွားမှုများ သက်ရောက်တတ်ပါသည်။ ကျွန်ုပ်တို့အ ပေါ်အပြစ် သက်ရောက်ရန် ကျွန်ုပ်တို့သည် ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ အဆိုးသက် ရောက်ခြင်းအားဖြင့် ဘုရားသခင်သည် အကြံအစည်တော်ရှိသည်။ အရေးကြီးဆုံး သိထိုက်သောအရာ သည် ဘုရားသခင်သည် ကောင်းမြတ်သော၊ တရားမျှတသော၊ ချစ်ခြင်းမေတ္တနှင့်ပြည့်စုံတော်မူသော၊ ကျေးဇူးဂရုဏာနှင့်ပြည့်စုံတော်မူသောဘုရားသခင်ဖြစ်သည်။ ကျွန်ုပ်တို့အပေါ်ဖြစ်ပျက်သောအရာများ အဘယ်ကြောင့်ဖြစ်သည်ကို ကျွန်ုပ်တို့ နားမလည်ကြပေ။ မည်သို့ပင်ဖြစ်စေကာမူ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကောင်းမြတ်ခြင်းကို သံသယ၀င်မည့်အစား၊ သူ့ကို ကိုးစားခြင်းအားဖြင့် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို တုံ့ပြန်မှုပြုရရန်ဖြစ်သည်။ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်” (သုတ္တံ ၃း၅-၆)။
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့လျှင် အပြစ်ကိုလည်းဘုရားသခင်ဖန်ဆင်း ထားခြင်းဖြစ်နိုင်သည်ဟု ပထမအနေနှင့် ယူဆနိုင်သည်။ သို့သော် အပြစ်သည် ကျောက် (သို့)လျှပ်စစ် ကဲ့သို့ “အရာဝတ္ထု” မဟုတ်ပေ။ ဆိုးသွမ်းသောအိုးတစ်လုံးဟူ၍ မရှိပေ။ အဆိုးမှာကိုယ်ပိုင် တည်ရှိခြင်း မရှိပေ။ အဆိုးသည် အမှန်ဖော်ပြရလျှင် အကောင်းနှင့် ကင်းကွာခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဖော်ပြရလျှင် တွင်းများသည် မှန်ကန်သော်လည်း မည်သည့်အရာများထဲတွင် တွင်းမရှိပေ။ ကျွန်ုပ်တို့သည် တွင်းတစ်ခုကို အမိုက်တရိုက်နှင့် ကင်းစင်သည် ဟု ဆိုသော်လည်း တွင်းသည် အမှိုက်နှင့်အကင်းနိုင်ပေ။ ထိုကြောင့် ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းသောအခါ အကောင်းဖြင့်ဖန်ဆင်းခဲ့သည်။ ဘုရား သခင်ဖန် ဆင်းသောအရာအားလုံးတို့သည် ကောင်းသောအရာများကို ရွေးချယ်နိုင်ရန် အခွင့်ရှိသည်။ စစ်မှန်သောအ ရာများကို ရွေးချယ်နိုင်ရန်အတွက် ဘုရားသခင်သည် အကောင်းများအပြင် အခြားသော အရာများကိုလည်း ထားရှိခဲ့သည်။ ထိုကြောင့် ဘုရားသခင် သည်ကောင်းကင်တမန်များနှင့် လူသားများအား အကောင်း (သို့) မကောင်း(အဆိုး)များကို ရွေးချယ်နိုင်ရန် အတွက် ပြင်ဆင်ပေးထားပါသည်။ ဤကောင်းသောအရာနှစ်ခု ဆက်နွယ်ခြင်းမှားယွင်းမှုကြောင့် အဆိုးဖြစ်လာသောအခါ အဆိုးသည် ဘုရားသခင်ဖန် ဆင်းခဲ့သော”အရာ” ဖြစ်သည်ဟု မပြောနိုင်ပေ။
အခြားသော ဥပမာတစ်ခုကို ထပ်မံဖော်ပြလိုပါသည်။ လူတစ်ဦးကို “အအေး တည်ရှိသလား” ဟုမေးလျှင် “ရှိသည်” ဟု ပြန်ဖြေနိုင်ပေသည်။ ၄င်းသည် မှန်ကန်နိုင်ပေသည်။ သို့သော် အအေးသည် မရှိပေ။ အအေးဟူသည် အပူဓါတ် မရှိသောအရာ ဖြစ်သည်။ ထိုနည်းတူ၊ အမှောင်သည်လည်းမရှိပေ။ အမှောင် သည် အလင်း မရှိသော အရာသာ ဖြစ်သည်။ အဆိုးသည် အကောင်း (သို့) ပို၍ကောင်းသောအရာများ ကင်းမဲ့သောအရာ ဖြစ်သည်။ အဆိုးသည် ဘုရားသခင်မရှိသောအရာဖြစ်သည်။ ဘုရားသခင်သည် အဆိုးကို မဖန်ဆင်းခဲ့ပေ။ သို့သော် သူက အကောင်း နှင့်ကင်းကွာသောအရာကို တည်ရှိရန် ခွင့်ပြုခဲ့သည်။
ဘုရားသခင်သည် အဆိုးကို မဖန်ဆင်းခဲ့သော်လည်း သူက အဆိုးကို ခွင့်ပြုလိုက်သည်။ ဘုရားသခင်သည် ကောင်းကင်တမန်များဖြစ်စေ၊ လူသားများဖြစ်စေ ဆိုးသောအရာများပြုရန် ခွင့်မပေးဘဲ၊ သူ့ကို သာ အစေခံရန် အလိုတော်ရှိသည်။ ဘုရားသခင်သည် လူသားများနှင့် ကောင်းကင်တမန်များကို “စက်ရုပ်” ကဲ့သို့ရွေးချယ်မှုမရှိဘဲ ဘုရားသခင်၏ “အစီအစဉ်” အတိုင်းသာ ပြုရန် အလိုတော်မရှိခဲ့ပေ။ ဘုရားသခင်က အဆိုးကို ထားရှိခြင်းသည် ကျွန်ုပ်တို့သည် စစ်မှန်သောအရာများကို ရွေးချယ်၍ သူ့ကိုသာ အစေခံရန် အတွက် ဖြစ်သည်။
အကန့်အသတ်ရှိသော လူသားများသည် ထာဝရဘုရားသခင်၏အကြောင်းကို ပြည့်စုံစွာနားမလည်နိုင်ပေ (ရောမ ၁၁း၃၃-၃၄)။ တခါတရံ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏တွေးတောခြင်းထက်ပို ၍အဓိပ္ပါယ်ရှိသော အရာများကြုံတွေ့သောအခါ ဘုရားသခင်ပြုသောအမှုများကို နားလည်နိုင်သည်ဟု ယူဆတတ်ကြသည်။ ဘုရားသခင်သည် အရာအားလုံးကို သန့်ရှင်းသောအရာ၊ ထာဝရရှုတောင့်မှ မြင်တတ်သည်။ ကျွန်ုပ်တို့ သည် အရာအားလုံးကို အဆိုးမြင်ဝါဒ၊ လောကအတွေးနှင့် တဒင်္ဂအတွက်သာ မြင်တတ်ကြသည်။ အာဒံနှင့်ဧ၀တို့သည် အပြစ်ပြု၍ အဆိုး၊ သေခြင်းနှင့် ခက်ခဲပင်ပန်းမှုများ ဤလောကသို့ယူဆောင်လာ သောကြောင့် ဘုရားသခင်သည် လူသားများကို ဤလောကသို့ အဘယ်ကြောင့်ပစ်ချပါသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်တို့ကို ပြည့်စုံစွာဖန်ဆင်း၍ နာခြင်းအိုခြင်းကင်းမဲ့သောနေရာ ကောင်းကင်ဘုံ၌ မထားသနည်း။ ကျွန်ုပ်တို့သည် ဤမေးခွန်းများကို လုံလောက်စွာ မဖြေနိုင်ပေ။ ကျွန်ုပ်တို့သိရှိနိုင်သောအရာတစ်ခုသည် ဘုရားသခင်ပြု သောအရာခပ်သိမ်းတို့သည် သန့်ရှင်း၊ ပြည့်စုံပြီး၊ သူ၏ဘုန်းတော်ထင်ရှားဖို့အတွက်ဖြစ်သည်။ ကျွန်ုပ်တို့ သည်မှန်ကန်သောအရာများကို ရွေးချယ်နိုင်ရန်၊ ဘုရားသခင်ကို ကိုးကွယ်နိုင်ရန်အတွက် ဘုရားသခင်သည် အဆိုးကို ထားရှိခြင်းဖြစ်သည်။ ဘုရားသ ခင်သည် အဆိုးကို မဖန်ဆင်းခဲ့သော်လည်း သူသည် အဆိုးတည်ရှိ ရန် ခွင့်ပြုခဲ့သည်။ ဘုရားသခင်သည် အဆိုးကို မထားရှိခဲ့လျှင် ကျွန်ုပ်တို့သည် ကိုယ်ပိုင်ရွေးချယ်မှုအားဖြင့် မဟုတ်၊ ဘုရားသခင်၏အဓမ္မစေ ခိုင်းခြင်းအားဖြင့် သူ့ကို ကိုးကွယ်ကြပါလိမ့်မည်။
ဤမေးခွန်း၏ အဓိကအားဖြင့် နားလည်မှုလွှဲချော်သွားခြင်းသည် ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်း များထဲ တွင် ဖော်ပြထားသော ဘုရားသခင်၏သဘောသဘာဝကို အသိရှိခြင်းဖြစ်သည်။ အခြားသော အခြေခံနည်းလမ်းအားဖြင့်ဖော်ပြရလျှင် “ဓမ္မဟောင်းထဲတွင် ရှိသောဘုရားသခင်သည် အမျက်ဒေါသပြင်း ထန်သော ဘုရားသခင်ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ရှိသောဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံ တော်မူသော ဘုရားသခင်ဖြစ်သည်” ဟု ဖော်ပြရပေမည်။ အမှန်အကန်ဖော်ပြရလျှင် သမ္မကျမ်းစာသည် သမိုင်းတလျှောက်အဖြစ်အပျက်များနှင့် ဘုရားသခင်နှင့် လူသားများဆက်နွယ်မှုများအားဖြင့် ဘုရားခင် တည်ရှိကြောင်း တဆင့်မှတဆင့် ကျွန်ုပ်တို့ထံပေးထားသော ဗျာဒိတ်တော်ဖြစ်သည်။ ထိုကြောင့်လူတွေက ဓမ္မဟောင်းထဲတွင် ရှိသော ဘုရားသခင်နှင့် ဓမ္မသစ်ထဲတွင် ရှိသောဘုရားသခင်အကြောင်းကို နားလည်မှုလွှဲ သွားခြင်းဖြစ်သည်။ သို့သော်လူတစ်ဦးသည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို ဖတ်လျှင် ဘုရားသခင်သည် ခြားနားမှုမရှိ၊ အတူတူဖြစ်သည်ကို၎င်း၊ ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းများတွင် ဘုရား သခင်၏ အမျက်တော်နှင့်ချစ်ခြင်းမေတ္တာတော်ဖော်ပြထားကြောင်းကို တွေ့ရှိနိုင်ပါလိမ့်မည်။
ဥပမာအားဖြင့်၊ ဓမ္မဟောင်းကျမ်းတစ်ခုလုံးကို ဖတ်လျှင် ဘုရားသခင်က မိမိကိုယ်ကို “သနားဂရုဏာနှင့်ပြည့် စုံသောဘုရား၊ အမျက်ထွက်ခြင်း၌နှေးကွေးသောဘုရား၊ ချစ်ခြင်းမေတ္တာ၊ သစ္စာတရားနှင့်ပြည့်စုံတော်မူသော ဘုရားသခင်”ဖြစ်ကြောင်း ဖော်ပြထားပါသည် (ထွက်မြောက်၊ ၃၄း၆၊ တောလည်၊ ၁၄း၁၈၊ ၀တ်ပြု ၉း၁၇၊ ဆာ ၈၆း၅၊ ၁၅၊ ၁၀၈း၎၊ ၁၄၅း၈၊ ယောလ ၂း၁၃)။ ဓမ္မသစ်ကျမ်းတွင် ဘုရားသခင် သနားခြင်းမေတ္တာတော် နှင့် ဂရုဏာတော်တို့ကို ပြည့်စုံစွာဖော်ပြထားပါသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအ ပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်း သောသားတော်ကို စွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏” (ယောဟန် ၃း၁၆)။ ဓမ္မ ဟောင်းတလျှောက်လုံးကို ကြည့်လျှင် ဖခင်တစ်ဦးက မိမိသားကို ချစ်သည့်နည်းတူ၊ ဘုရားသခင်သည် ဣသရေလလူမျိုးများကို ချစ်ကြောင်းတွေ့ရှိနိုင်ပါသည်။ သူတို့သည် မိမိရွေးချယ်မှုဖြင့် ဘုရားသခင်ကို ဆန့်ကျင်၍ ရုပ်တုကို ကိုးကွယ်သောအခါ ဘုရားသခင်က သူတို့ကို ဒဏ်ခတ်ခဲ့သည်။ သို့သော်သူတို့ သည် မိမိအပြစ်များကို နောင်တရ၍ ဘုရားသခင်ထံပြန်လာသောအခါ ဘုရားသခင်သည်သူတို့ကို ကယ်တင်ခဲ့သည်။ ထိုနည်းတူ ဘုရားသခင်သည်လည်း ဓမ္မသစ်ကျမ်းထဲတွင်ရှိသော ခရစ်ယာန်များကို ဆက်ဆံခဲ့သည်။ ဥပမာအားဖြင့်၊ ဟေဗြဲ ၁၂း၆ ထဲတွင် ဤသို့ဖော်ပြထားပါသည်။ “ထာဝရဘုရားသည် ချစ် တော်မူသောသူတို့ကို ဆုံးမတော်မူ၏။ လက်ခံသမျှသောသူတို့ကို ဒဏ်ခတ်တော်မူ၏။”
ထိုနည်းတူ၊ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းတလျှောက်တွင် အပြစ်တရားအပေါ် တရားစီရင်၍ အမျက် ဒေါသကို သွန်းလောင်းတော်မူသည်ကို တွေ့ရှိနိုင်သည်။ ဓမ္မသစ်ကျမ်းထဲတွင်လည်း ကျွန်ုပ်တို့သည် ဘုရား သခင်၏အမျက်တော်ကို တွေ့ရှိနိုင်သည်။ “သမ္မာတရားကို အဓမ္မဖြင့်ဆီးတာနှိပ်စက် သောသူတို့ပြု တတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်းအမှုအမျိုးမျိုးတို့တဘက်၌ ဘုရားသခင်၏အ မျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏” (ရောမ ၁း၁၈)။ ထိုကြောင့်ဘုရားသ ခင်သည် ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းထဲတွင် ခြားနားမှုမရှိပေ။ ဘုရားသခင်၏သဘောသဘာဝသည် ပြောင်း လဲခြင်းမရှိပေ။ ဘုရားသခင်သည် ပြောင်းလဲခြင်းအရှိသောဘုရားသခင်ဖြစ်ကြောင်းကို သမ္မာကျမ်းစာ ဖတ်လျှင် ကျမ်းပိုဒ်အမြားအပြားတွင် သူ၏သဘောသဘ၀များကို တွေ့ရှိနိုင်ပါသည်။
ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာလျှင် ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းထဲတွင်ဘုရားသခင် သည်ခြားနားမှုမရှိကြောင်းတွေ့ရှိနိုင်ပါသည်။ သမ္မာကျမ်းစာတွင် စာအုပ်ပေါင်း ၆၆ ပါဝင်ပြီး၊ တိုက်ကြီးနှစ်မှ ရေးသားထားသည်။ နှစ်ပေါင်း ၁၅၀၀ အတွင်း ဘာသာကြီးသုံးခုဖြင့် စာရေးသူ ၄၀ကျော်တို့က ရေးသား ခဲ့သည်။ စာအုပ်တစ်ခုနှင့်တစ်ခုသည် လုံးဆန့်ကျင်ဘက်ပြုခြင်းမရှိဘဲ ရည်ရွယ်ချက်တစ်ခုတည်းရှိသည်။ ချစ်ခြင်းမေတ္တာ၊ သနားခြင်းဂရုဏာတော်၊ တရားမျှတနှင့်ပြည့်စုံတော်မူသောဘုရားသခင်သည် အပြစ်ပြု သော လူသားများအပေါ် အခြေအနေမျိုးစုံဖြင့် ဆက်ဆံခဲ့သည်ကို ကျွန်ုပ်တို့တွေ့ရှိနိုင်သည်။ သမ္မာကျမ်း စာသည် လူသားများအပေါ်ဘုရားသခင်ပေးပို့သော မေတ္တာစာစောင်ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်း ထားသောသူများအပေါ်၊ အဓိကအားဖြင့် လူသားများအပေါ်၊ ဘုရားသခင်၏မေတ္တာတော်ကို သမ္မာ ကျမ်းစာ တစ်ခုလုံးတွင် တွေ့ရှိနိုင်သည်။ သမ္မာကျမ်းစာတစ်အုပ်လုံးတွင် မေတ္တာဂရုဏာတော်နှင့် ပြည့်စုံသော ဘုရားသခင်သည် လူသားများအား သူနှင့်မိတ်သာဟာရပြန်ဖွဲ့ရန် ခေါ်ဖိတ်ထားပါသည်။ ဘုရားသခင်က ထိုသို့ပြုခြင်းသည် လောကီသားတို့သည် ထိုက်တန်သောကြောင့်မဟုတ်၊ ဘုရားသခင်၏ ကျေးဇူးဂရု ဏာတော်၊ သူ၏စိတ်ရှည်သည်းခံနိုင်ခြင်းနှင့် သူ၏ပြည့်စုံသော ချစ်ခြင်းမေတ္တာတော်နှင့် ဖြောင့်မတ်ခြင်း ကြောင့်သာ ဖြစ်သည်။ သန့်ရှင်းဖြောင့်မတ်သောဘုရားသခင်သည် သူ၏နှုတ်ကပတ်တော် ကိုနားမ ထောင်သောသူများနှင့် သူ့ကို ကိုးကွယ်ရန်ငြင်းပယ်သောသူများ၊ သူ့ထံမှထွက်သွားသောသူများ၊ ကိုယ်တိုင်တီထွင်ဖန်ဆင်းသောရုပ်တုကိုကိုးကွယ်သောသူများကို တရားစီရင်မည့် တရားသူကြီးဖြစ်သည် (ရောမ အခန်းကြီး ၁)။
ဘုရားသခင်သည် သန့်ရှင်းဖြောင့်မတ်သောဘုရားဖြစ်တော်မူသောကြောင့် အတိတ်၊ပစ္စုပ္ပန်နှင့်အနာဂတ် အပြစ်များကို တရားစီရင်မည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ထာဝရမေတ္တာတော်က အပြစ်တရားအ တွက် လျှော်ကြေးကို ဆပ်ပေးခဲ့သည်။ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်သေနည်းလမ်းကို ပြင်ဆင်ပေးခဲ့ သည်။ သို့မှသာ အပြစ်ရှိသောလူသားများသည် ဘုရားသခင်၏အမျက်တော်မှ လွှတ်မြောက်နိုင်မည်ဖြစ် သည်။ ကျွန်ုပ်တို့သည် ၁ယော ၄း၁၀ အလွန်ကောင်းသော နှုတ်ကပတ်တော်ကို တွေ့ရှိနိုင်သည်။ “ငါတို့ သည် ဘုရားသခင်ကို ချစ်သည်ဟုမဆို။ ဘုရားသခင်သည်ငါတို့ကိုချစ်၍ ငါတို့၏အပြစ်ဖြေစရာဖြစ်စေခြင်း ငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။” ဓမ္မဟောင်းကျမ်းထဲတွင် အပြစ်ဖြေ လွှတ်နိုင်ရန်အတွက် ဘုရားသခင်ကယဇ်ပူဇော်ခြင်းစနစ်ကို ပြင်ဆင်ပေးခဲ့သည်။ သို့ရာတွင် ထိုအပြစ်အ တွက် ယဇ်ပူဇော်ခြင်းသည် ယာယီအတွက် ဖြစ်ပြီး၊ သခင်ယေရှုခရစ်တော်သည် အပြစ်အတွက် ကားတိုင်တော်ပေါ်တွင် ကိုယ်စားပြုအသေခံတော်မူခြင်းလက်္ခဏာကို ပုံဆောင်ထားခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းစာထဲတွင် ကတိထားခဲ့သော ကယ်တင်ရှင်သည် ဓမ္မသစ်ထဲတွင် ပြည့်စုံခဲ့သည်။ ဓမ္မဟောင်းကျမ်းစာထဲတွင် ကတိပြုတော်သော ဘုရားသခင်၏မေတ္တာတော်ဖြစ်သော သူ၏တပါးတည်း သောသားတော် သခင်ယေရှုခရစ်တော် စေလွှတ်မည့် ပရောဖက်ပြုချက်ကို ဓမ္မသစ်ကျမ်းစာထဲတွင် ပြည့်စုံ ခဲ့သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းထဲတွင် “ကယ်တင်ခြင်းရရှိရန် ပညာရှိရန်” (၂တိ ၃း၁၅) ဟု ဖော်ပြ ထားပါသည်။ ကျွန်ုပ်တို့သည် ဓမ္မသစ်ကျမ်းစာကို ကောင်းမွန်စွာလေ့လာသောအခါ ဘုရားသခင်သည် “သူ ဖော်ပြထားခဲ့သော အရိပ်များ”ပြောင်းလဲခြင်းမရှိသည်ကို သက်သေအထောက်အထားတွေ့ရှိနိုင်သည် (ယာကုပ် ၁း၁၇)။
သမ္မာကျမ်းစာက ချစ်ခြင်းမေတ္တာအကြောင်းကို မည်သို့ဖော်ပြထားသည်ကို ကြည့်ကြပါစို့။ သို့မှ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၏မူလအစဖြစ်ကြောင်းကို သိရှိပါလိမ့်မည်။ “မေတ္တာသည် စိတ်ရှည်တတ် ၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ၀ါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာမ ကျင့်တတ်၊ ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟုမထင်တတ်၊ မတရား သောအမှု၌၀မ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌၀မ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ် တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာ ကို သည်းခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွှတ်၏ (၁ကော ၁၂း၎-၈(ခ)။ဤ အချက်တို့သည် ဘုရားသခင်ဖော်ပြပေးထားသော မေတ္တာဖြစ်သည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏ (၁ယော ၄း၈)။ ဘုရားသခင်သည် ဤကဲ့သို့သော မေတ္တာနှင့် ပြည့်စုံတော်မူသည်။
မေတ္တာ (ဘုရားသခင်) က မည်သူမည်ဝါပေါ်၌ အတင်းအဓမ္မ စေခိုင်းခြင်းမပြုပေ။ ဘုရားသခင်ထံသို့လာ သမျှသောသူတို့သည် သူ၏မေတ္တာကို တုံ့ပြန်ရမည်ဖြစ်သည်။ မေတ္တာ (ဘုရားသခင်) သည် သနားခြင်းဂ ရုဏာတော်ကို လူတိုင်းပေါ်တွင် ပြသခဲ့သည်။ မေတ္တာ (သခင်ယေရှု)သည် လူတန်းစားခွဲခြားမှုမရှိဘဲ လူသားအားလုံးအပေါ် ကောင်းသောအရာများ ပြုခဲ့သည်။ မေတ္တာ (သခင်ယေရှု)သည် အခြားသူများပေါ် တွင် တပ်မက်ခြင်းမရှိပေ။ စောဒကတက်ခြင်းမရှိဘဲ နှိမ့်ချစွာဖြင့်အသက်ရှင်ခဲ့သည်။ မေတ္တာ (သခင်ယေရှု) သည်သူနှင့် ဆက်သွယ်သောသူများအပေါ် အနိုင်ယူနိုင်သောတန်ခိုးရှိသော်လည်း သူသည် လောက၌ လူ သားတစ်ဦးကဲ့သို့အသက်ရှင်စဉ် မည်သူမည်ဝါအပေါ် အနိုင်အထက်မပြုခဲ့ပေ။ မေတ္တာ (ဘုရားသခင်) က နာခံခြင်းရှိရန် အမိန့်မထုတ်ခဲ့ပေ။ ဘုရားသခင်က သားတော်ယေရှုကို နာခံခြင်းရှိရန် အမိန့်မပေးခဲ့ပေ။ သို့သော် သားတော်သည် မိမိဆန္ဒအလျောက် ကောင်းကင်ဘုံတွင် ရှိသောခမည်းတော်၏စကားကိုနာခံခဲ့ သည်။ “ငါသည်ခမည်းတော်ကို ချစ်သည်ကို၎င်း၊ ခမည်းတော်မှာတော်မူသည်အတိုင်းပြုသည်ကို၎င်း၊ လောကီသားတို့သိမည်အကြောင်းတည်း “(ယောဟန် ၁၄း၃၁)။ မေတ္တာ (သခင်ယေရှု)က အခြားသူများ၏ လိုအပ်မှုများကို အမြဲတမ်းဦးစားပေးခဲ့သည်။
ဘုရားသခင်မေတ္တာတော်၏အကြီးမားဆုံးသောမေတ္တာတော်သည်ကျွန်ုပ်တို့အားပြသခဲ့ပြီးဖြစ်သည်။ယာ ဟန် ၃း၁၆ ထဲတွင် “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသောသားတော်ကို စွန့်တော် မူသည့်တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏” ဟုဖော်ပြထားသည်။ ရောမ ၅း၈ ထဲတွင်လည်း ထိုနည်းတူ ဖော်ပြထားပါသည်။ “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည်ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည်ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။” ဤကျမ်းပိုဒ်များကို ကြည့်လျှင် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်တွင် ထာဝ ရပျော်မွေ့ရန်အလိုတော်ရှိသည်ကို တွေ့ရှိနိုင်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကြွေးအား လုံးပေးဆပ်ကျေအေးရန် ပြင်ဆင်ပေးခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူသောကြောင့် သူ၏အလိုတော်အတိုင်းအသက်ရှင်ရန် ကျွန်ုပ်တို့အားအလိုတော်ရှိသည်။ မေတ္တာက ခွင့်လွှတ်သည်။ “ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏” (၁ယော ၁း၉)။
ထိုကြောင့် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသည် ဟုဖော်ပြရာတွင် မည်သည့်အရာကိုဆိုလို သနည်း။ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏ဂုဏ်အင်္ဂါတစ်ရပ်ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ဘုရားသ ခင်၏ကိုယ်ကျင့်စရိုက်၊ သူ၏ပုဂ္ဂိုလ်ဖြစ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏မေတ္တာတော်က သူ၏သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ နှင့် သူ၏ အမျက်ဒေါသကို ထိခိုက်ရန်အတွက် မဟုတ်ပေ။ ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ်များသည် ပြည့်စုံစွာ လိုက်လျောညီထွေမှုရှိသည်။ ဘုရားသခင်လုပ်ဆောင်ချက်အားလုံးသည် ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ သူလုပ်ဆောင်ချက်အားလုံးသည် တရားမျှတမှုရှိပြီး၊ မှန်ကန်သည်။ ဘုရားသခင်သည် စစ်မှန်သော ချစ်ခြင်းမေတ္တာပိုင်ဆိုင်နိုင်ရန် ပြည့်စုံသော သာဓကတစ်ခုဖြစ်သည်။ အံ့သြ ဘွယ်ရာတစ်ခုသည် ဘုရားသခင်က သူ၏တပါးတည်းသောသားတော်ကို မိမိကယ်တင်ရှင်အဖြစ်ယုံကြည် လက်ခံသမျှသောသူများကို သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်အားဖြင့် သူပြုသည့်အတိုင်းအခြား သူများကို ချစ်နိုင်သောအစွမ်းအစပေးခဲ့သည် (ယောဟန် ၁း၁၂၊ ၁ယော ၃း၁၊ ၂၃-၂၄)။
ဘုရားသခင်လူများကို အသံအားဖြင့် အကြိမ်များစွာ စကားပြောကြောင်း သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားပါသည် (ထွက်၊ ၃း၁၄၊ ယောရှု ၁း၁၊ တရား ၆း၁၈၊ ၁ဓမ္မ ၃း၁၁၊ ၂ဓမ္မ ၂း၁၊ ယောဘ ၄၀း၁၊ ဟေရှာယ ၇း၃၊ ယေဇမိ ၁း၇၊ တမန် ၈း၂၆၊ ၉း၁၅၊ ဤကျမ်းပိုဒ်များသည် နမူနာပြထားသောကျမ်းပိုဒ် များသာဖြစ်သည်)။ ယနေ့ဘုရားသခင်က လူသားများအား အသံအားဖြင့် အဘယ်ကြောင့်စကားမပြော သည်ကို၎င်း၊ အဘယ်ကြောင့်စကားပြောမည်မဟုတ်သည်ကို၎င်း သမ္မာကျမ်းစာထဲ၌ဖော်ပြထားခြင်းမရှိပေ။ သမ္မာကျမ်းစာထဲတွင်ဘုရားသခင်သည် ရာနှင့်ချီစကားပြောကြောင်း မှတ်တမ်းတင်ထားပါသည်။ သို့သော် ထိုစကားပြောခြင်းသည် လွန်ခဲ့သောလူ့သမိုင်းနှစ်ပေါင်း ၄,၀၀၀ ခန့်တွင်ဖြစ်ပျက်ခဲ့သည်ကို ကျွန်ုပ်တို့ သိရှိရမည်ဖြစ်သည်။ ဘုရားသခင်က အသံအားဖြင့်စကားပြောခြင်းသည် ခြွင်းချက်တစ်ခုဖြစ်သည်။ နည်းလမ်းမဟုတ်ပေ။ သမ္မာကျမ်းစာထဲတွင် ဘုရားသခင်က အသံအားဖြင့်စကားပြောသည်ဟု မှတ်တမ်း တင်ထားသော်လည်း ၄င်းသည် လူ့အသံလား၊ အထဲမှဖြစ်ပေါ်လာသောအသံလား၊ (သို့) စိတ်ထဲ၌ဖော်ပြ သောအသံလား ဟူ၍ အမြဲတမ်း သေချာစွာမဖော်ပြနိုင်ပေ။
ယနေ့ဘုရားသခင်က လူသားများကို စကားပြောသည်။ ပထမအနေဖြင့်၊ ဘုရားသခင်က ကျွန်ုပ်တို့ကို သူ၏နှုတ်ကပတ်တော်အားဖြင့်စကားပြောသည် (၂တိ ၃း၁၆-၁၇)။ ဟေရှာယ ၅၅း၁၁ ထဲတွင် “ထိုအတူ၊ ငါ့ စကားသည်တည်လိမ့်မည်။ အကျိုးမရှိဘဲငါ့ထံသို့မလာရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ တည်လိမ့်မည်” ဟုဖော်ပြထားပါသည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့လိုအပ်သော ကယ်တင်ခြင်းနှင့် ခရစ်ယာန်အသက်တာနှင့်အညီအသက်ရှင်နိုင်ရန် ဖော်ပြပေးထားသော နှုတ်ကပတ်တော်ဖြစ်သည်။ ရှင်ပေတရုသြ၀ါဒစာ ဒုတိယစောင် ၁း၃ထဲတွင် “ထိုသို့နှင့်အညီ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူ သောဘုရားကို သိသောဥာဏ်အားဖြင့်၊ ငါတို့အားအသက်ရှင်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့် စပ်ဆိုင် သောအရာရှိသမျှတို့ကို ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ” ဟုဖော်ပြထားပါသည်။
ဒုတိယအနေဖြင့်၊ ဘုရားသခင်သည် အခက်အခဲ၊ အဖြစ်အပျက်များနှင့် အတွေးအခေါ်အားဖြင့် စကားပြော သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏စိတ်ထဲတွင် အမှားမှအမှန်ကို ခွဲခြားနိုင်ရန် ပိုင်းခြားနိုင်သော ဥာဏ် ပညာကို ပေးထားသည် (၁တိ ၁း၅၊ ၁ပေ ၃း၁၆)။ ဘုရားသခင်သည် သူ၏စိတ်တော်ကို သိရှိနိုင်ရန် ကျွန်ုပ် တို့၏စိတ်ကို ပုံသွင်းထားပါသည် (ရောမ ၁၂း၂)။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လမ်းပြရန်၊ ပြောင်းလဲရန်၊ ၀ိညာဉ်ရေးရာ၌တိုးတက်ကြီးထွားရန် အတွက် အဖြစ်အပျက်အချို့တို့ကို ခွှင့်ပြုထားခြင်း ဖြစ်သည်(ယာကုပ် ၁း၂-၅၊ ဟေဗြဲ ၁၂း၅-၁၁)။ ၁ပေ ၁း၆-၇ထဲတွင် “အရည်ကျို၍စုံစမ်းခြင်းကို ခံနိုင်သော် လည်း၊ ပျက်စီးတတ်သောရွှေကိုစစ်ကြောခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာ သည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အ လိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသောစုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ၀မ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသောကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိ၏” ဟုဖော်ပြထားပါသည်။
နောက်ဆုံးအနေဖြင့်၊ ဘုရားသခင်သည် တခါထရံ လူတွေကြားနိုင်သောစကားသံဖြင့်စကားပြောနိုင်သည်။ ချို့သောသူများက ဘုရားသခင်ကစကားပြောသည်ဟုဖော်ပြသော်လည်း ၄င်းသည် သံသာယရှိဖွယ်ကောင်း သည်။ သမ္မာကျမ်းစာထဲတွင် ဘုရားသခင်သည် လူ့နားဖြင့်ကြားနိုင်သောအသံဖြင့် စကားပြောသည်ဟု မှတ်တမ်းတင်ထားသော်လည်း ခြွင်းချက်ဖြစ်သည်။ သာမန်လူများကို ဘုရားသခင်သည် အသံဖြင့်စကား မပြောပေ။ လူတစ်စုံတစ်ဦးက ဘုရားသခင်သည် လူ့နားဖြင့်ကြားနိုင်အသောအသံဖြင့်စကားပြောသည်ဟု ပြောလျှင် သူတို့ကြားနာသောစကားသည် နှုတ်ကပတ်တော်နှင့် ကိုက်ညီမှုရှိ/မရှိ ဆန်းစစ်ရမည်ဖြစ်သည်။ ယနေ့ဘုရားသခင်က စကားပြောလျှင် သူပြောသောစကားသည် နှုတ်ကပတ်တော်ထဲတွင် ဘုရားသခင် ပြောဆိုသော စကားနှင့် ညီညွှတ်မှုရှိရမည်ဖြစ်သည် (၂တိ ၃း၁၆-၁၇)။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် ဆန့်ကျင်ဘက်မပြုပေ။
ဘုရားမရှိဟု ယုံကြည်သူများနှင့် ဘုရားသခင်မရှိဟုသံသယရှိသောသူများက ခပ်သိမ်းသောအရာ တို့သည် ဖြစ်လာရာတစ်ခုစီရှိကြည်ဟု ဆိုကြသည်။ ထိုကြောင့်ဘုရားသခင်သည် ဖြစ်လာရာတစ်ခုခုရှိလိမ့် မည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်သည် ဖြစ်လာသည့်နေရာရှိလျှင် ဘုရားဖြစ်တော့မည်မဟုတ်ပေ။ (ဘုရားသခင်သည် ဘုရားမဟုတ်လျှင် ဘုရားဟူ၍ရှိတော့မည်မဟုတ်ပေ။) “မည်သူက ဘုရားသခင်ကို ဖန်ဆင်းခဲ့သနည်း” ဟူသောမေးခွန်းသည် ထူးဆန်းသောမေးခွန်းတစ်ခုဖြစ်သည်။ တစုံတခုသည် ဘာမျှ မဟုတ်သောအရာမှမဖြစ်လာနိုင်ခြင်းကို လူတိုင်းကသိကြသည်။ ထိုကြောင့် ဘုရားသခင်သည် “တစုံတခု ဖြစ်လျှင် သူသည်ဖြစ်လာရာရှိမည်မဟုတ်လော။
ဤမေးခွန်းသည် အလွန်ရိုင်းဆိုင်းသော မေးခွန်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဘုရား သခင်သည် တစ်စုံတခုမှဖြစ်လာခဲ့သည်ဟု မှားယွင်းစွာယုံကြည်ကြသောကြောင့် ဤမေးခွန်းမေးမြန်းခြင်း ဖြစ်သည်။ ထိုမေးခွန်းကို ဖြေကြားခြင်းသည် အဓိပ္ပါယ်မရှိပေ။ “အပြာရောင်သည် မည်သို့သောအနံ့ရှိသ နည်း” ဟုမေးမြန်းခြင်းနှင့်တူသည်။ အပြာရောင်သည် အနံ့အရသာနှင့် ပြည့်စုံသောအရာမဟုတ်ပေ။ ထိုကြောင့်ထိုသို့မေးမြန်းခြင်းသည် မှားယွင်းမှုတစ်ခုပင်ဖြစ်သည်။ ထိုနည်းတူစွာ ဘုရားသခင်သည်လည်း ဖန်ဆင်း၍ရသော ပစ္စည်းဥစ္စာမဟုတ်ပေ။ ဘုရားသခင်ကို မည်သူမည်ဝါကမှ မဖန်ဆင်းခဲ့ပေ။ သူဖြစ်လာခဲ့ သောနေရာလည်းမရှိပေ။ သူသည်ရိုးရိုးလေးဖြင့်တည်ရှိသည်။
ကျွန်ုပ်တို့သည် ထိုအရာကို မည်သို့သိရှိနိုင်သနည်း။ ကျွန်ုပ်တို့သည် ၄င်းကို မည်သည့်အရာကမှမသိရှိ ပေ။ မည်သည့်အရာမျှမဖြစ်ပျက်ခဲ့ပေ။ ထိုကြောင့် မည်သည့်အရာတစုံတခုမျှဖြစ်ပျက်သောအချိန်မရှိလျှင် မည်သည့်အရာတစ်ခုမျှတည်ရှိမည်မဟုတ်ပေ။ သို့သော် အရာဝတ္ထုများသည် တည်ရှိနေသည်။ ထိုကြောင့်၊ အရာဝတ္ထုတစ်ခုမျှလုံးဝမရှိဘူးခဲ့ခြင်းမရှိလျှင် အစဉ်တည်ရှိသောအရာတစ်စုံတစ်ခုရှိရသည်။၎င်းသည် ထာဝရ တည်ရှိသော ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည် ဖြစ်လာသောနေရာမရှိပေ။ သို့သော်ဘုရား သခင်သည် အရာခပ်သိမ်းဖြစ်လာသောနေရာဖြစ်သည်။ ဘုရားသခင်သည် ဖန်းဆင်းခြင်းခံသောဘုရား မဟုတ်၊ သူသည် စကြာဝဠာတစ်ခုလုံးနှင့် ၄င်းထဲတွင်ရှိသောအရာခပ်သိမ်းတို့ကို ဖန်းဆင်းသောဘုရား ဖြစ်သည်။