ဖိလိတ္တိအမျိုးသားတို့နှင့်စစ်ဖြစ်ခြင်း
၁၃
၁-၂ ရှောလုသည်လူသုံးထောင်ကိုရွေးချယ်ပြီး လျှင် နှစ်ထောင်ကိုမိမိနှင့်အတူမိတ်မတ်မြို့နှင့် ဗေသလတောင်ကုန်းဒေသအတွက်ခေါ်ထား၏။ တစ်ထောင်ကိုမိမိ၏သားယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်ဂိဗာမြို့သို့စေလွှတ်လိုက်၏။ အခြား လူအပေါင်းတို့ကိုမူ မိမိတို့နေရပ်အသီးသီး သို့ပြန်စေလေသည်။
၃ ယောနသန်သည် ဂေဗာမြို့ရှိဖိလိတ္တိတပ်မှူး ကိုသတ်ဖြတ်လိုက်၏။ ထိုသတင်းကိုဖိလိတ္တိ အမျိုးသားအပေါင်းတို့ကြားကြ၏။ ထို အခါရှောလုသည်စေတမန်များအား ဣသ ရေလပြည်တစ်လျှောက်လုံးသို့လွှတ်ကာဟေဗြဲ အမျိုးသားတို့အားစစ်ပွဲဝင်ကြရန်တံပိုး ခရာမှုတ်၍စုရုံးစေ၏။-
၄ ဖိလိတ္တိတပ်မှူးအားရှောလုသတ်ဖြတ်လိုက် ကြောင်းနှင့် ဖိလိတ္တိအမျိုးသားတို့သည် ဣသရေလအမျိုးသားတို့အားမုန်းတီး ကြောင်းကို ဣသရေလအမျိုးသားတို့ကြား သိရသဖြင့် ရှောလု၏ဆင့်ဆိုချက်အတိုင်း ဂိလဂါလမြို့သို့လာရောက်စုရုံးကြ၏။
၅ ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားတိုက်ခိုက်ရန်စုဝေး ကြ၏။ သူတို့မှာစစ်ရထားသုံးသောင်း၊ မြင်း စီးသူရဲခြောက်ထောင်နှင့်သမုဒ္ဒရာသဲလုံး ကဲ့သို့မရေမတွက်နိုင်အောင် များပြားသော စစ်သည်တပ်သားများရှိသတည်း။ သူတို့ သည်ချီတက်၍ဗေသဝင်မြို့အရှေ့ဘက် ရှိမိတ်မတ်မြို့တွင်စခန်းချကြ၏။-
၆ ထိုနောက်ဣသရေလအမျိုးသားတို့အား ပြင်းထန်စွာတိုက်ခိုက်၍ဖရိုဖရဲဖြစ်စေ လေသည်။ ဣသရေလအမျိုးသားအချို့ တို့သည်ဥမင်၊ ကျောက်ကြား၊ ရေတွင်း၊ မြေ တွင်းစသည်တို့၌ပုန်းအောင်းနေကြ၏။-
၇ အချို့တို့ကမူယော်ဒန်မြစ်ကိုဖြတ်ကူး ကာဂဒ်နှင့်ဂိလဒ်နယ်များသို့ထွက်ပြေး ကြ၏။
ရှောလုသည်ဂိလဂါလမြို့တွင်ပင်ရှိနေ သေး၏။ သူနှင့်အတူရှိသည့်တပ်သားတို့ သည်ကြောက်လန့်တုန်လှုပ်လျက်နေကြ၏။-
၈ ရှမွေလညွှန်ကြားခဲ့သည်အတိုင်းရှောလု သည် ခုနစ်ရက်တိုင်တိုင်စောင့်ဆိုင်း၍နေခဲ့ သော်လည်း ရှမွေလကားဂိလဂါလမြို့ သို့မရောက်လာ။ သူတို့သည်ရှောလုထံမှ ထွက်ပြေးစပြုကြပြီဖြစ်၍၊-
၉ ရှောလုသည်မီးရှို့ရာယဇ်နှင့်မိတ်သဟာယ ယဇ်တို့ကို မိမိထံသို့ယူဆောင်လာစေရန် လူတို့အားစေခိုင်းပြီးလျှင်မီးရှို့ရာယဇ် ကိုပူဇော်လေသည်။-
၁၀ ယင်းသို့ယဇ်ပူဇော်၍ပြီးခါနီး၌ရှမွေလ ရောက်ရှိလာ၏။ ရှောလုသည်သူ့ကိုသွားရောက် ကြိုဆိုသော်လည်း၊-
၁၁ ရှမွေလက``သင်သည်အဘယ်သို့ပြုသနည်း'' ဟုမေး၏။
ရှောလုက``လူတို့သည်အကျွန်ုပ်ထံမှစွန့်ခွာ ထွက်ပြေးလျက်နေကြပါ၏။ အရှင်သည်ချိန်း သောအချိန်၌မပေါ်လာပါ။ ထို့အပြင် ဖိလိတ္တိအမျိုးသားတို့သည်မိတ်မတ်မြို့ တွင်စုရုံးလျက်ရှိနေကြပါ၏။-
၁၂ သို့ဖြစ်၍သူတို့သည်အကျွန်ုပ်ရှိရာဂိလ ဂါလမြို့သို့ ချီတက်တိုက်ခိုက်ကြလိမ့်မည် ဟူ၍လည်းကောင်း၊ အကျွန်ုပ်သည်လည်းထာ ဝရဘုရား၏ထံတော်၌ အသနားမခံ ရသေးဟူ၍လည်းကောင်းအကျွန်ုပ်တွေးတော မိပါ၏။ ထို့ကြောင့်ယဇ်ကိုမပူဇော်လျှင် မဖြစ်တော့သဖြင့်ပူဇော်ရခြင်းဖြစ်ပါ သည်'' ဟုလျှောက်၏။
၁၃ ရှမွေလက``သင်ပြုသည့်အမှုသည်မိုက်မဲ သောအမှုဖြစ်၏။ သင်သည်မိမိ၏အရှင် ထာဝရဘုရားပေးတော်မူသောအမိန့် တော်ကိုနားမထောင်။ အကယ်၍နားထောင် ခဲ့ပါလျှင်ကိုယ်တော်သည်သင်နှင့်တကွ သင်၏သားမြေးတို့အားဣသရေလပြည် ကိုထာဝစဉ်အုပ်စိုးစေတော်မူမည်။-
၁၄ ယခုမှာမူသင်သည်နန်းသက်ရှည်တော့ မည်မဟုတ်။ သင်သည်မိမိ၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောအမိန့် တော်ကိုလွန်ဆန်သည်ဖြစ်၍ ကိုယ်တော်သည် မိမိလူမျိုးတော်အားအုပ်စိုးစေရန်စိတ် တော်နှင့်တွေ့သူကိုခန့်ထားတော်မူလိမ့် မည်'' ဟုဆို၏။
၁၅ ရှမွေလသည်ဂိလဂါလမြို့မှထွက်ခွာ၍ ဆက်လက်ခရီးပြုလေသည်။ ကျန်ရစ်သူတို့ သည်ရှောလုနှင့်အတူသူ၏စစ်သည်တော်များ ရှိရာသို့လိုက်သွားကြ၏။ သူတို့သည်ဂိလ ဂါလမြို့မှဗင်္ယာမိန်နယ်၊ ဂိဗာမြို့သို့သွား ကြ၏။ ရှောလုသည်မိမိ၏တပ်သားအရေ အတွက်ကိုစစ်ဆေးရာခြောက်ရာခန့်တွေ့ ရှိလေသည်။-
၁၆ သူနှင့်သားတော်ယောနသန်တို့သည်မိမိ တို့တွင်ရှိသောစစ်သည်တို့လိုက်ပါလျက် ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင်တပ်ချလျက် နေကြ၏။-
၁၇ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကား မိတ်မတ်မြို့တွင်ရှိလေသည်။ ဖိလိတ္တိတပ်သား တို့သည်တိုက်ကင်းသုံးစုခွဲ၍တပ်စခန်းမှ ထွက်သွားကြ၏။ တစ်စုသည်ရွှာလနယ် သြဖရမြို့ရှိရာသို့လည်းကောင်း၊-
၁၈ နောက်တစ်စုသည်ဗေသောရုန်မြို့ရှိရာသို့ လည်းကောင်း၊ ကျန်တစ်စုကားဇေဘိုင်ချိုင့်ဝှမ်း နှင့်တောကန္တာရကိုမျက်နှာမူလျက်ရှိသော နယ်စပ်လမ်းသို့လည်းကောင်းလိုက်သွားကြ သည်။
၁၉ ဟေဗြဲအမျိုးသားတို့ဋ္ဌားလှံလက်နက်များ ပြုလုပ်ခြင်းကိုဖိလိတ္တိအမျိုးသားတို့က ပိတ်ပင်တားမြစ်သဖြင့် ဣသရေလပြည် တွင်ယနေ့တိုင်အောင်ပန်းပဲဆရာများ မရှိချေ။-
၂၀ ဣသရေလအမျိုးသားတို့သည်ထွန်သွား၊ ပေါက်တူး၊ ပုဆိန်၊ တံစဉ်စသည်တို့ကိုသွေး ရန်အတွက်ဖိလိတ္တိအမျိုးသားတို့ထံသို့ သွားရကြ၏။-
၂၁ ပုဆိန်သွေးခနှင့်လှံတံတပ်ခမှာငွေ သုံးပဲသားဖြစ်၍ ထွန်သွားနှင့်ပေါက်တူး သွေးခမှာငွေသုံးမူးသားဖြစ်၏။-
၂၂ ထို့ကြောင့်စစ်ပွဲဝင်ရသောနေ့၌ရှောလုနှင့် သားတော်ယောနသန်မှလွဲ၍ အခြားဣသ ရေလစစ်သည်တော်တို့တွင်ဋ္ဌားလှံလက် နက်များမရှိကြ။
၂၃ ဖိလိတ္တိအမျိုးသားတို့ကစစ်သည်တပ်သား တစ်စုကိုစေလွှတ်၍ မိတ်မတ်တောင်ကြားလမ်း ကိုကာကွယ်စေကြ၏။