ပဋိညာဉ်သေတ္တာတော်ကိုကိရယတ်ယာရိမ်မြို့မှ ပြောင်းရွှေ့ခြင်း
(၂ရာ၊ ၆:၁-၁၁)
၁၃
၁ ဒါဝိဒ်မင်းသည်တစ်ထောင်တပ်နှင့် တစ်ရာတပ် တို့၏တပ်မှူးအားလုံးနှင့်ဆွေးနွေးတိုင်ပင်၏။-
၂ ထိုနောက်စုရုံးလျက်ရှိသောဣသရေလပြည် သားတို့အား``သင်တို့သဘောတူညီ၍ငါတို့ ဘုရားသခင်ထာဝရဘုရားကလည်းအလို တော်ရှိမည်ဆိုပါက ကျန်ရှိနေသောအခြား ငါတို့အမျိုးသားအပေါင်းနှင့်မြို့ရွာများ ရှိယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များအား ဤအရပ်သို့အရောက်စုဝေးကြ ရန်စေတမန်များလွှတ်၍ခေါ်ဖိတ်ကြ ကုန်အံ့။-
၃ ထိုနောက်ရှောလုနန်းစံခဲ့စဉ်အခါက လျစ် လူရှုထားခဲ့သည့်ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်ကိုငါတို့သွား၍ယူဆောင်ကြကုန် အံ့'' ဟုကြေညာ၏။-
၄ လူတို့သည်ဤအကြံကိုနှစ်သက်သဖြင့် သဘောတူလက်ခံကြ၏။
၅ သို့ဖြစ်၍ဒါဝိဒ်သည်တောင်ဘက်အီဂျစ်နယ် စပ်မှ မြောက်ဘက်ဟာမတ်တောင်ကြားလမ်းသို့ တိုင်အောင် နိုင်ငံတစ်ဝှမ်းလုံးမှဣသရေလ ပြည်သားအပေါင်းတို့အားလာရောက်စုဝေး ကြရန်ခေါ်ယူလေသည်။ သူတို့သည်ကိရ ယတ်ယာရိမ်မြို့မှ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ယူကြရန်စုဝေးကြ၏။-
၆ ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့သည် ခေရုဗိမ်များထက်တွင်စံပယ်တော်မူသည့် ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို ယူဆောင်ရန် ယုဒပြည်ရှိဗာလာမြို့တည်း ဟူသောကိရိယတ်ယာရိမ်မြို့သို့သွား ကြ၏။-
၇ သူတို့သည်အဘိနဒပ်၏အိမ်မှ ပဋိညာဉ် သေတ္တာတော်ကိုထုတ်ယူပြီးနောက်လှည်းသစ် ပေါ်သို့တင်ကြ၏။ သြဇနှင့်အဟိသြတို့ ကထိုလှည်းကိုမောင်းလျက်-
၈ ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့ကအစွမ်း ကုန်ကလျက် ဘုရားသခင်၏ဂုဏ်တော်ကိုချီး ကူးလျက်လာကြ၏။ သူတို့သည်သီချင်းဆို ၍စောင်း၊ ပတ်သာ၊ လင်းကွင်းနှင့်တံပိုးခရာ များကိုတီးမှုတ်ကြ၏။
၉ ထိုသူတို့ခိဒုန်ကောက်နယ်တလင်းသို့ရောက် သောအခါနွားတို့သည်ခြေချော်လဲသဖြင့် သြဇသည်လက်ကိုဆန့်၍ပဋိညာဉ်သေတ္တာ တော်ကိုထိန်းထားလိုက်၏။-
၁၀ ထာဝရဘုရားသည်ထိုခဏ၌အမျက်ထွက် တော်မူ၍ သြဇအားပဋိညာဉ်သေတ္တာတော်ကို တို့ထိသည့်အတွက်သေဒဏ်ပေးတော်မူ၏။ သြဇသည်ထိုအရပ်၌ပင်ဘုရားသခင်၏ ရှေ့တော်ဝယ်သေလေ၏။-
၁၁ သို့ဖြစ်၍ထိုအရပ်ကိုပေရဇောဇဟုယနေ့ တိုင်အောင်ခေါ်ဝေါ်သမုတ်ကြသတည်း။ ယင်း သို့သြဇအားထာဝရဘုရားအမျက်တော် ထွက်၍ ဒဏ်ခတ်တော်မူသည့်အတွက်ဒါဝိဒ် သည်စိတ်နာလေ၏။
၁၂ ထို့နောက်ဒါဝိဒ်သည်ဘုရားသခင်ကိုကြောက် ရွံ့တော်မူသဖြင့်``ယခုငါသည်ပဋိညာဉ် သေတ္တာတော်ကိုအဘယ်သို့လျှင်ယူဆောင် ရပါတော့မည်နည်း'' ဟုဆို၍။-
၁၃ သေတ္တာတော်ကိုမိမိနှင့်အတူယေရုရှလင်မြို့ သို့မယူဆောင်တော့ချေ။ ယင်းသို့ယူဆောင်မည့် အစားသေတ္တာတော်ကိုဂိတ္တိမြို့သားသြဗ ဒေဒုံနာမည်ရှိသူတစ်ဦး၏အိမ်၌ထားခဲ့၏။-
၁၄ သေတ္တာတော်သည်ထိုအိမ်တွင်သုံးလမျှရှိနေ တော်မူ၍ ထာဝရဘုရားသည်သြဗဒေဒုံ၏ အိမ်ထောင်စုနှင့်သူပိုင်ဆိုင်သည့်အရာရှိသမျှ တို့ကိုကောင်းချီးပေးတော်မူ၏။