၆၁
ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ရန် ဆု​တောင်း​ပတ္ထနာ17
၁ အို ဘု​ရား​သ​ခင်၊
ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို​နား​ထောင်​တော် မူ​ပါ။
ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။
၂ ကျွန်​တော်​မျိုး​သည်​အိမ်​နှင့်​ဝေး​ကွာ​လျက်
စိတ်​ပျက်​အား​လျော့​လျက်​နေ​သ​ဖြင့် ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။
ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ။
၃ ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​၏​ဘေး​မှ
ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊
ကျွန်​တော်​မျိုး​အ​တွက်​ခိုင်​ခံ့​သော​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ​၏။
၄ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​တဲ​တော်​တွင် တစ်​သက်​လုံး​နေ​ခွင့်​ကို​ပေး​တော်​မူ​ပါ။
ကိုယ်​တော်​၏​အ​တောင်​တော်​အ​ရိပ်​အောက်​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​ခို​လှုံ​ခွင့်​ကို​ပေး​တော်​မူ​ပါ။
၅ အို ဘု​ရား​သ​ခင်၊
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ပြု​သည့် က​တိ​သစ္စာ​ကို​ကြား​တော်​မူ​ပါ​ပြီ။
ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​သူ တို့​အား ပေး​တော်​မူ​သည့်​ပြည်​တော်​နှင့်
ကောင်း​ကျိုး​ချမ်း​သာ​ကို​ကျွန်​တော်​မျိုး အား ပေး​တော်​မူ​ပါ​ပြီ။
၆ မင်း​ကြီး​အား​သက်​တော်​ရာ​ကျော်​ရှည်​စေ တော်​မူ​ပါ။
ကာ​လ​အ​စဉ်​အ​ဆက်​သက်​တော်​ရှည်​စေ​တော် မူ​ပါ။
၇ အို ဘု​ရား​သ​ခင်၊
သူ​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင်​ထာ​ဝ​စဉ် အုပ်​စိုး​စေ​တော်​မူ​ပါ။
ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​အား​ဖြင့်
သူ့​အား​ကာ​ကွယ်​စောင့်​ထိန်း​တော်​မူ​ပါ။
၈ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏ က​တိ​သစ္စာ​ဝတ်​ကို​နေ့​စဉ်​ဖြေ​လျက်
ကိုယ်​တော်​ရှင်​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။
17 ၆၁: * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သည်။