၁၄
လူတို့၏ဆိုးညစ်ယုတ်မာမှု
(ဆာလံ ၅၃)
၁ လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်ကြ၏။
သူတို့အားလုံးပင်အကျင့်ပျက်ပြား၍
စက်ဆုပ်ဖွယ်ကောင်းသောအမှုများကို ပြုကျင့်ကြလေပြီ။
အကျင့်ကောင်းကိုပြုသူတစ်ဦးတစ်ယောက်မျှ မရှိ။
၂ ထာဝရဘုရားသည်အသိပညာရှိသူများ၊
မိမိအားကိုးကွယ်ဝတ်ပြုသူများရှိမရှိကို သိမြင်ရန်
ကောင်းကင်ဘုံမှငုံ့၍လူသားတို့အား ကြည့်တော်မူ၏။
၃ သို့ရာတွင်လူအပေါင်းတို့သည်လမ်းလွဲ ကြကုန်လေပြီ။
သူတို့အားလုံးပင်တညီတညွတ်တည်း ဆိုးညစ်ကြ၏။
သူတို့တွင်အကျင့်ကောင်းကိုပြုကျင့်သူမရှိ။ တစ်ဦးတစ်ယောက်မျှမရှိ။
၄ ထာဝရဘုရားက
``ထိုသူတို့သည်မသိနားမလည်သူများပေလော။
ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။
သူတို့သည်ငါ၏လူစုတော်ထံမှလုယူ တိုက်ခိုက်၍ အသက်မွေးကြကုန်သည်။
ငါ၏ထံသို့လည်းဆုတောင်းပတ္ထနာမပြု ကြ'' ဟုမိန့်တော်မူ၏။
၅ သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော်၏ စကားကို
နားထောင်သူတို့နှင့်အတူရှိတော်မူသောကြောင့် သူတို့သည်ထိတ်လန့်တုန်လှုပ်ကြရလိမ့်မည်။
၆ သူယုတ်မာတို့သည်နှိမ့်ချသူ၏အကြံ အစည်ကို ပျက်စေတတ်ကြသော်လည်း
ထာဝရဘုရားသည်သူ၏အကွယ်အကာ ဖြစ်တော်မူ၏။
၇ ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည်
ဇိအုန်တောင်တော်မှထွက်ပေါ်လာပါစေသော။
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား
တစ်ဖန်ပြန်၍ကောင်းစားလာစေတော်မူသော အခါ၊ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။