၁၁၃
ထာဝရဘုရား၏ကောင်းမြတ်တော်မူခြင်းအား ထောမနာပြုခြင်း
၁ ထာဝရဘုရားအားထောမနာပြုကြလော့။
အချင်းထာဝရဘုရား၏အစေခံတို့၊
ကိုယ်တော်၏နာမတော်အားထောမနာ ပြုကြလော့။
၂ ကိုယ်တော်၏နာမတော်အားယခုမှစ၍
ကာလအစဉ်အဆက်ထောမနာပြုကြ ပါစေသော။
၃ နေထွက်ရာအရပ်မှနေဝင်ရာအရပ်သို့ တိုင်အောင်
ထာဝရဘုရား၏နာမတော်အားထောမနာ ပြုကြ ပါစေသတည်း။
၄ ထာဝရဘုရားသည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။
ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်အထက်ထွန်းတောက်တော်မူ၏။
၅ ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် နှိုင်းယှဉ်နိုင်သူတစ်စုံတစ်ယောက်မျှမရှိ။
ကိုယ်တော်သည်အထက်ဘဝဂ်တွင်စံနေ တော်မူ၏။
၆ သို့ရာတွင်မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ငုံ့ကြည့်တော်မူ၏။
၇ ဆင်းရဲသူတို့ကိုမြေမှုန့်ထဲကချီးမြှင့်၍
နွမ်းပါးသူတို့ကိုအမှိုက်ပုံထဲက ချီးမြှောက်တော်မူ၏။
၈ ထိုနောက်မင်းသားများဖြစ်ကြသော၊ကိုယ် တော်၏
လူစုတော်ကိုအုပ်စိုးသောမင်းသားများနှင့် အတူ သွားလာပေါင်းဖော်ခွင့်ကိုပေးတော်မူ၏။
၉ ကိုယ်တော်သည်မြုံသောအိမ်ရှင်မအား
ချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။
ထာဝရဘုရားအားထောမနာပြုကြလော့။