အိမ်ထောင်သည်အမျိုးသမီးများ ဆက်ခံရသောအမွေ
၃၆
၁ ယောသပ်၏မြစ်၊ မနာရှေ၏မြေး၊ မာခိရ၏ သားဂိလဒ်သားချင်းစုမှအိမ်ထောင်ဦးစီး တို့သည် မောရှေနှင့်အခြားခေါင်းဆောင်တို့ ထံသို့လာ၍၊-
၂ ``ခါနာန်ပြည်ကိုစာရေးတံချ၍ဣသရေလ အမျိုးသားတို့အား ခွဲဝေပေးရန်ထာဝရ ဘုရားသည်ကိုယ်တော်အားမိန့်မှာတော်မူပါ သည်။ အကျွန်ုပ်တို့၏ဆွေမျိုးသားချင်းဇလော ဖဒ်၏အမွေကိုလည်း သူ၏သမီးတို့အား ဆက်ခံစေရန်မိန့်မှာတော်မူပါသည်။-
၃ သို့ရာတွင်ထိုအမျိုးသမီးတို့သည်အခြား အနွယ်ဝင်အမျိုးသားတို့နှင့်စုံဖက်လျှင် သူတို့ ၏အမွေမြေသည်ထိုအမျိုးသားအနွယ်လက် ထဲသို့ရောက်ရှိသဖြင့် အကျွန်ုပ်တို့အတွက်ခွဲ ဝေပေးသောနယ်မြေသည်လျော့နည်းလာပါ လိမ့်မည်။-
၄ ရောင်းချသောပစ္စည်းအားလုံးကိုမူလပိုင်ရှင် များ၏လက်သို့ပြန်အပ်ရသောပြန်လည်ပေး အပ်ခြင်းဆိုင်ရာယုဘိလနှစ်သို့ရောက်သော အခါ ဇလောဖဒ်သမီးတို့၏မြေသည်သူတို့ စုံဖက်သောအနွယ်ဝင်တို့လက်သို့အမြဲတမ်း ရောက်ရှိမည်ဖြစ်၍ အကျွန်ုပ်တို့၏အနွယ် အတွက်ဆုံးရှုံးနစ်နာပါသည်'' ဟုလျှောက် ထားကြသည်။
၅ ထိုအခါမောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အားဆင့်ဆိုလေ၏။ မောရှေက``မနာ ရှေ၏အနွယ်ဝင်တို့လျှောက်ထားချက်သည် မှန်ကန်သဖြင့်၊-
၆ ထာဝရဘုရားက`ဇလောဖဒ်၏သမီးတို့ သည် မိမိတို့ကြိုက်နှစ်သက်သောယောကျာ်းနှင့် စုံဖက်နိုင်၏။ သို့ရာတွင်ထိုယောကျာ်းသည် မိမိ တို့၏အနွယ်ဝင်ဖြစ်ရမည်' ဟုမိန့်တော်မူ၏။-
၇ ဣသရေလအမျိုးသားတိုင်းပိုင်ဆိုင်သော အမွေမြေကို မိမိနှင့်သက်ဆိုင်ရာအနွယ် လက်မှအခြားအနွယ်လက်သို့မလွှဲ မပြောင်းရ။-
၈ ဣသရေလအနွယ်ထဲမှအမွေမြေဆက်ခံ ရရှိသောအမျိုးသမီးတိုင်း မိမိ၏အနွယ် ဝင်ယောကျာ်းနှင့်စုံဖက်ရမည်။ ဤနည်းအား ဖြင့်ဣသရေလအမျိုးသားတိုင်းဘိုးဘေး တို့၏မြေကိုဆက်ခံရရှိသဖြင့်၊-
၉ မြေသည်တစ်နွယ်လက်မှအခြားတစ်နွယ် လက်သို့ကူးပြောင်းနိုင်လိမ့်မည်မဟုတ်။ အနွယ် တိုင်းကမိမိပိုင်မြေကိုဆက်လက်ပိုင်ဆိုင် လိမ့်မည်'' ဟုဆို၏။
၁၀-၁၁ ထို့ကြောင့်ဇလောဖဒ်၏သမီးများဖြစ်ကြ သောမာလာ၊ တိရဇာ၊ ဟောဂလာ၊ မိလကာ နှင့်နောအာတို့သည် မောရှေအားထာဝရ ဘုရားမိန့်တော်မူသည်အတိုင်းမိမိတို့ ၏အစ်ကိုဝမ်းကွဲများနှင့်စုံဖက်ကြ၏။-
၁၂ သူတို့သည်ယောသပ်၏သားမနာရှေအနွယ် ဝင်တို့နှင့်စုံဖက်ကြသဖြင့် သူတို့အမွေခံ ရသောမြေသည်ဖခင်၏အနွယ်လက်ဝယ် ဆက်လက်တည်ရှိလေသည်။
၁၃ ဤပညတ်များသည်ကားယေရိခေါမြို့ တစ်ဖက်ယော်ဒန်မြစ်နားရှိမောဘလွင်ပြင်၌ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားပေးတော် မူသောပညတ်များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောတောလည်ရာ ကျမ်းပြီး၏။