အာရုန်၏တောင်ဝှေး
၁၇
၁ ထာဝရဘုရားကမောရှေအား၊
၂ ``ဣသရေလတစ်ဆယ့်နှစ်နွယ်၏ဦးစီးခေါင်း ဆောင်တို့ထံမှ တစ်ဦးလျှင်တောင်ဝှေးတစ်ချောင်း ကျဖြင့် တောင်ဝှေးတစ်ဆယ့်နှစ်ချောင်းကိုသင့် ထံသို့ယူဆောင်လာစေလော့။ ခေါင်းဆောင်တစ် ဦးစီသည်မိမိ၏နာမည်ကိုတောင်ဝှေးပေါ် တွင်ရေးရမည်။-
၃ လေဝိအနွယ်၏တောင်ဝှေးပေါ်တွင်အာရုန် ၏နာမည်ကိုရေးရမည်။ အနွယ်ဦးစီးခေါင်း ဆောင်တစ်ဦးလျှင်တောင်ဝှေးတစ်ချောင်း ရှိရမည်။-
၄ တောင်ဝှေးများကိုငါစံတော်မူရာတဲ တော်သို့ယူဆောင်၍သင့်ကိုငါတွေ့ဆုံရာ ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ထားလော့။-
၅ ငါရွေးကောက်သောသူ၏တောင်ဝှေးမှ အညှောက်ထွက်လိမ့်မည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့ သင့်အား မကြာခဏညည်းညူအပြစ်တင်ခြင်း ပြုတော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
၆ သို့ဖြစ်၍မောရှေသည်ဣသရေလအမျိုး သားတို့အားဆင့်ဆိုသဖြင့် အနွယ်ဦးစီး ခေါင်းဆောင်တစ်ဦးစီကတောင်ဝှေးတစ် ချောင်းကျ တောင်ဝှေးတစ်ဆယ့်နှစ်ချောင်းကို သူ့ထံသို့ယူဆောင်ခဲ့ကြသည်။ အာရုန်၏ တောင်ဝှေးသည်တစ်ဆယ့်နှစ်ချောင်းတွင် ပါဝင်၏။-
၇ ထိုနောက်မောရှေသည်တဲတော်ထဲရှိထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာရှေ့တွင်တောင်ဝှေး များကိုထားလေသည်။
၈ နောက်တစ်နေ့တွင်မောရှေသည်တဲတော်ထဲ သို့ဝင်သောအခါ လေဝိအနွယ်ဝင်အာရုန် ၏တောင်ဝှေးမှအညှောက်ထွက်လျက်ရှိသည် ကိုတွေ့မြင်ရလေသည်။ ထိုတောင်ဝှေးမှ အဖူး၊ အပွင့်များဖူးပွင့်၍ဗာဒံသီးမှည့် များသီးလျက်ရှိပေသည်။-
၉ မောရှေသည်ဣသရေလအမျိုးသားတို့ အား တောင်ဝှေးအားလုံးကိုထုတ်ပြရာသူ တို့သည်ဖြစ်ခဲ့သောအခြင်းအရာကိုတွေ့ မြင်ကြ၏။ ဦးစီးခေါင်းဆောင်တို့သည်မိမိ တို့ဆိုင်ရာတောင်ဝှေးကိုပြန်ယူကြလေသည်။-
၁၀ ထာဝရဘုရားက``အာရုန်၏တောင်ဝှေးကို သေတ္တာတော်ရှေ့တွင်ပြန်ထားလော့။ ပုန်ကန် တတ်သောဣသရေလအမျိုးသားတို့ သည်အပြစ်တင်ညည်းညူနေလျှင် အသက် သေဆုံးရမည်ဖြစ်ကြောင်းသတိပေးသည့် အနေဖြင့်အာရုန်၏တောင်ဝှေးကိုထို နေရာ၌ထားရမည်'' ဟုမိန့်တော်မူ ၏။-
၁၁ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေဆောင်ရွက်လေသည်။
၁၂ ဣသရေလအမျိုးသားတို့ကမောရှေ အား``အကျွန်ုပ်တို့၏ဘဝဆုံးရှုံးပါပြီ။-
၁၃ တဲတော်အနီးသို့ချဉ်းကပ်မိသူတိုင်းသေ ရမည်ဆိုလျှင် အကျွန်ုပ်တို့အားလုံးသေဆုံး ရပါတော့မည်'' ဟုဆိုကြလေသည်။