မောရှေအားကောရ၊ ဒါသန်နှင့်အဘိရံတို့ ပုန်ကန်ကြခြင်း
၁၆
၁-၂ လေဝိအနွယ်ဝင်၊ ကောဟတ်၏သားချင်းစုမှ ဣဇဟာ၏သားကောရသည်မောရှေကိုပုန် ကန်လေ၏။ သူနှင့်ကြံရာပါများမှာရုဗင် အနွယ်ဝင်သုံးဦးတို့ဖြစ်ကြသည်။ ထိုသူ တို့မှာဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံ၊ ပေလက်၏သားသြန တို့ဖြစ်ကြသည်။ သူတို့ဘက်တွင်ဣသရေလ အမျိုးသားခေါင်းဆောင်နှစ်ရာ့ငါးဆယ် လည်းပါဝင်သည်။-
၃ ထိုသူအပေါင်းတို့သည်မောရှေနှင့်အာရုန် တို့ရှေ့တွင်စုရုံးရောက်ရှိလာ၍``သင်တို့၏ အပြုအမူမှာလွန်ကဲလေပြီ။ ဣသရေလ အမျိုးသားအပေါင်းကိုထာဝရဘုရား ရွေးကောက်တော်မူ၍ ထာဝရဘုရားသည် တစ်မျိုးသားလုံးနှင့်အတူရှိတော်မူ၏။ သို့ ဖြစ်၍မောရှေသည်အဘယ်ကြောင့်ထာဝရ ဘုရား၏ပရိသတ်အပေါ်မှာမိမိကိုယ် ကိုချီးမြှောက်ရပါသနည်း'' ဟုဆိုကြ၏။
၄ မောရှေသည်သူတို့ပြောဆိုသောစကား ကိုကြားလျှင် မြေပေါ်တွင်ပျပ်ဝပ်၍ဆု တောင်းလေ၏။-
၅ ထိုနောက်သူသည်ကောရနှင့်အပေါင်းပါတို့ အား``နက်ဖြန်နေ့နံနက်တွင်ထာဝရဘုရား သည်မည်သူ့ကိုရွေးကောက်ကြောင်းပြတော် မူမည်။ ထာဝရဘုရားသည်မိမိရွေးကောက် သောသူအားကိုယ်တော်၏ယဇ်ပလ္လင်အနီး သို့ချဉ်းကပ်စေတော်မူမည်။-
၆-၇ နက်ဖြန်နေ့နံနက်တွင်သင်နှင့်သင်၏နောက် လိုက်တို့သည်မီးကျီးခံအိုးများတွင်မီးခဲ နှင့်နံ့သာပေါင်းကိုထည့်၍ယဇ်ပလ္လင်သို့ယူ ဆောင်သွားလော့။ ထိုအခါမည်သူ့အား ထာဝရဘုရားရွေးကောက်တော်မူကြောင်း ကိုသိရကြလိမ့်မည်။ လေဝိအနွယ်ဝင် ဖြစ်သောသင်တို့သာလျှင်လွန်ကဲသော အမှုကိုပြုသူများဖြစ်သည်'' ဟုဆို လေ၏။
၈ တစ်ဖန်မောရှေသည်ကောရအား``လေဝိ အနွယ်ဝင်တို့၊ နားထောင်လော့။-
၉ ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် သင်တို့ကိုထာဝရဘုရားထံ တော်သို့ချဉ်းကပ်ရန် ထာဝရဘုရား၏ တဲတော်တွင်အမှုထမ်းရန်နှင့် တစ်မျိုး သားလုံး၏အမှုကိုဆောင်ရွက်ရန်သီး သန့်ရွေးချယ်တော်မူ၏။ ဤအခွင့်အရေး သည်သေးသိမ်သောအခွင့်အရေးမဟုတ်။-
၁၀ ထာဝရဘုရားသည်သင်နှင့်တကွအခြား သောလေဝိအနွယ်ဝင်တို့အား ဤအခွင့် အရေးကိုပေးထားပါလျက်နှင့်ယခုသင် တို့သည် ယဇ်ပုရောဟိတ်အရာကိုတောင်းဆို လာကြပါသည်တကား။-
၁၁ သင်နှင့်သင်၏နောက်လိုက်အပေါင်းတို့က အာရုန်ကိုအပြစ်တင်ကြခြင်းသည်စင်စစ် အားဖြင့် ထာဝရဘုရားကိုပုန်ကန်ခြင်း ပင်ဖြစ်သည်'' ဟုပြောလေ၏။
၁၂ ထိုနောက်မောရှေသည်ဒါသန်နှင့်အဘိရံ တို့ကိုဆင့်ခေါ်သော်လည်း သူတို့သည်မ လာကြ။-
၁၃ သူတို့က``သင်သည်ငါတို့ကိုတောကန္တာရ၌ သေကုန်စေခြင်းငှာ အစာရေစာပေါကြွယ်ဝ သောအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ပြီမဟုတ် လော။ ယခုသင်သည်ငါတို့အပေါ်တွင်မင်း မူလိုပါသလော။-
၁၄ သင်သည်ငါတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့မပို့ဆောင်နိုင်သေးသည်သာ မက ငါတို့ပိုင်ဆိုင်ရန်လယ်ယာမြေနှင့်စပျစ် ဥယျာဉ်များကိုလည်းမပေးနိုင်။ သင်သည် ငါတို့အားလှည့်စားဦးမည်ကြံသလော။ ငါတို့သင့်ထံသို့မလာ'' ဟုဆိုကြ၏။
၁၅ ထိုအခါမောရှေသည်သူတို့ကိုအလွန် အမျက်ထွက်၍ ထာဝရဘုရားအား``ဤသူ တို့ဆက်သသောပူဇော်သကာကိုလက်ခံ တော်မမူပါနှင့်။ အကျွန်ုပ်သည်သူတို့တစ် ဦးတစ်ယောက်ကိုမျှမတော်မတရားမပြု လုပ်ခဲ့ပါ။ သူတို့ထံမှမြည်းတစ်ကောင်မျှ မသိမ်းမယူခဲ့ပါ'' ဟုလျှောက်ထားလေ၏။
၁၆ မောရှေကကောရအား``နက်ဖြန်နေ့တွင် သင်နှင့်တကွ သင်၏နောက်လိုက်သူနှစ်ရာ့ ငါးဆယ်တို့သည်တဲတော်သို့လာရကြ မည်။ အာရုန်သည်လည်းတဲတော်တွင်ရှိ လိမ့်မည်။-
၁၇ သင်တို့အသီးသီးသည်ယဇ်ပလ္လင်၌ဆက် သရန် မိမိ၏မီးကျီးခံအိုးတွင်နံ့သာ ပေါင်းထည့်၍ယူခဲ့ရမည်'' ဟုဆို၏။-
၁၈ ထိုကြောင့်လူတိုင်းပင်မိမိ၏မီးကျီးခဲ နှင့်နံ့သာပေါင်းထည့်၍မောရှေ၊ အာရုန်တို့ နှင့်အတူတဲတော်တံခါးဝ၌ရပ်နေ ကြသည်။-
၁၉ ကောရသည်လူအပေါင်းတို့ကိုစုဝေးစေ ၍တဲတော်တံခါးဝတွင် မောရှေနှင့်အာရုန် တို့ကိုမျက်နှာချင်းဆိုင်၍ရပ်နေစေသည်။ ထိုခဏချင်းတွင်လူအပေါင်းတို့ရှေ့၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထွန်းတောက်လေသည်။-
၂၀ ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား၊-
၂၁ ဤသူတို့အနီးအပါးမှခွာ၍နေလော့။ ငါသည်သူတို့ကိုယခုချက်ချင်းဖျက် ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။
၂၂ သို့ရာတွင်မောရှေနှင့်အာရုန်တို့သည်မြေ ပေါ်တွင်ပျပ်ဝပ်၍`အို ဘုရားသခင်၊ ကိုယ် တော်သည်လူသတ္တဝါအပေါင်းတို့၏အသက် သခင်ဖြစ်တော်မူပါ၏။ လူတစ်ဦးတစ် ယောက်၏အပြစ်ကြောင့်တစ်မျိုးသားလုံး ကိုအမျက်ထွက်တော်မူမည်လော'' ဟု လျှောက်ထားလေသည်။
၂၃ ထာဝရဘုရားကမောရှေအား၊-
၂၄ ``လူအပေါင်းတို့ကိုကောရ၊ ဒါသန်နှင့် အဘိရံတို့၏တဲများနှင့်ဝေးဝေးခွာ၍ နေကြရန်ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
၂၅ ထိုအခါမောရှေသည် ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူဒါသန်နှင့် အဘိရံတို့ထံသို့သွားလေသည်။-
၂၆ သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-
၂၇ သို့ဖြစ်၍သူတို့သည်ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲများမှဝေးရာသို့ ခွာသွားကြလေသည်။
ဒါသန်နှင့်အဘိရံတို့သည်သားမယား များနှင့်အတူထွက်၍ မိမိတို့တဲဝ၌ရပ် နေကြသည်။-
၂၈ မောရှေက``ထာဝရဘုရားစေခိုင်း၍ဤ အမှုအလုံးစုံတို့ကိုငါပြုလုပ်ကြောင်း၊ ငါ့အလိုအတိုင်းပြုလုပ်ခြင်းမဟုတ် ကြောင်းကိုသင်တို့သိနိုင်မည့်နည်းမှာဤ သို့တည်း။-
၂၉ ဤသူတို့သည်ဘုရားသခင်ဒဏ်ခတ်သည် မဟုတ်ဘဲဋ္ဌမ္မတာအလျောက် သေဆုံးသည်ရှိ သော်ထာဝရဘုရားသည်ငါ့ကိုစေလွှတ် ခြင်းမဟုတ်ဟုသိမှတ်ကြလော့။-
၃၀ သို့ရာတွင်ထာဝရဘုရားသည်ယခင်က မကြားစဖူးသောအမှုကိုပြုတော်မူခြင်း အားဖြင့် သူတို့နှင့်တကွသူတို့ပိုင်ဆိုင်သမျှ ပစ္စည်းများကိုမြေမျိုလိုက်သောကြောင့် သူတို့ သည်အရှင်လတ်လတ်သေဆုံးကြသော် သူ တို့ကိုထာဝရဘုရားပစ်ပယ်သည်ဟုသိ မှတ်ကြလော့'' ဟုလူအပေါင်းတို့အားပြော လေသည်။
၃၁ မောရှေ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဒါသန်နှင့်အဘိရံအောက်တွင်ရှိသော မြေသည်ကွဲအက်၍၊-
၃၂ သူတို့နှင့်တကွသူတို့၏သားမယားများ၊ ကောရ၏နောက်လိုက်များနှင့်သူတို့ပိုင်ဆိုင် သမျှပစ္စည်းများကိုမြေမျိုလေ၏။-
၃၃ ထိုသို့အားဖြင့်သူတို့ပိုင်ဆိုင်သမျှပစ္စည်း တို့နှင့်အတူ သူတို့သည်သေမင်းနိုင်ငံသို့ အရှင်လတ်လတ်သက်ဆင်းရကြလေသည်။ သူတို့သည်မြေမျိုသဖြင့်ပျောက်ကွယ် သွားကြလေ၏။-
၃၄ ထိုအရပ်တွင်ရှိသောဣသရေလအမျိုး သားအပေါင်းတို့သည်လည်း သူတို့၏အော် ဟစ်သံကိုကြားရသောအခါ``ပြေးကြ၊ ငါတို့လည်းမြေမျိုခံရလိမ့်မည်'' ဟု အော်ဟစ်ကြ၏။
၃၅ ထိုနောက်ထာဝရဘုရားသည်လောင်မီးကျ စေ၍ နံ့သာပေါင်းဆက်သသောသူနှစ်ရာ့ ငါးဆယ်ကိုမီးလောင်ကျွမ်းစေ၏။
မီးကျီးခံအိုး
၃၆ ထိုနောက်ထာဝရဘုရားကမောရှေအား၊-
၃၇ ``ကြေးဝါမီးကျီးခံအိုးများသည်ဆက်ကပ် ထားသောပစ္စည်းများဖြစ်သဖြင့် ယဇ်ပုရော ဟိတ်အာရုန်၏သားဧလာဇာအား ထိုမီး ကျီးခံအိုးများကိုမီးလောင်သေဆုံးသူတို့ ထံမှသိမ်းယူပြီးလျှင်မီးခဲများကိုတစ် နေရာတွင်သွန်ချစေလော့။-
၃၈ ထာဝရဘုရား၏ယဇ်ပလ္လင်တွင်နံ့သာပေါင်း မီးရှို့ဆက်သရာ မီးကျီးခံအိုးများကို အသုံးပြုသောကြောင့် ယင်းတို့သည်ဆက် ကပ်ထားသောပစ္စည်းများဖြစ်၏။ သို့ဖြစ်၍ မိမိတို့၏အပြစ်ကြောင့်သေဆုံးရသူ တို့ထံမှ မီးကျီးခံအိုးများကိုယူပြီး လျှင်အပြားခတ်၍ယဇ်ပလ္လင်ကိုဖုံးအုပ် လော့။ ထိုကြေးဝါပြားသည်ဣသရေလ အမျိုးသားတို့အားသတိတရား ရစေလိမ့်မည်'' ဟုမိန့်တော်မူ၏။-
၃၉ ထိုကြောင့်ယဇ်ပုရောဟိတ်ဧလာဇာသည် မီးကျီးခံအိုးများကိုယူ၍ ယဇ်ပလ္လင် ကိုဖုံးရန်အပြားခတ်လေသည်။-
၄၀ အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
ဣသရေလအမျိုးသားတို့ကို အာရုန်ကယ်ဆယ်ခြင်း
၄၁ နောက်တစ်နေ့တွင်ဣသရေလအမျိုးသား အပေါင်းတို့သည် မောရှေနှင့်အာရုန်တို့အား``သင် တို့သည်ထာဝရဘုရား၏လူမျိုးတော်ဝင် အချို့ကိုသတ်ပစ်ကြပြီ'' ဟုအပြစ်တင်ကြ လေသည်။-
၄၂ သူတို့သည်မောရှေနှင့်အာရုန်တို့ကိုအပြစ် တင်ရန်စုဝေးလာပြီးနောက်တဲတော်ဘက်သို့ မျှော်ကြည့်ရာ မိုးတိမ်သည်တဲတော်ကိုဖုံးလျက် ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း တောက်သည်ကိုမြင်ရလေသည်။-
၄၃ ထိုအခါမောရှေနှင့်အာရုန်တို့သည်တဲတော် ရှေ့သို့ချဉ်းကပ်၍ရပ်နေကြ၏။-
၄၄ ထာဝရဘုရားကမောရှေအား၊
၄၅ ``ဤသူတို့ထံမှခွာ၍နေလော့။ ငါသည်သူတို့ ကိုချက်ချင်းဖျက်ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။
ထိုအခါမောရှေနှင့်အာရုန်တို့သည်မြေပေါ် တွင်ပျပ်ဝပ်လျက်နေကြ၏။-
၄၆ မောရှေကအာရုန်အား``သင်၏မီးကျီးခဲ များကိုယူ၍ထည့်ပြီးလျှင်နံ့သာပေါင်း ကိုမီးကျီးခဲပေါ်တွင်တင်လော့။ ထိုနောက် မီးကျီးခံအိုးကိုလူအပေါင်းတို့ထံသို့ အလျင်အမြန်ယူဆောင်သွားပြီးလျှင်သူ တို့အတွက်သန့်စင်ခြင်းဝတ်ကိုပြုလော့။ ထာဝရဘုရားသည်သူတို့ကိုအမျက် ထွက်သဖြင့်သူတို့တွင်ရောဂါဆိုက်ရောက် စေပြီ'' ဟုဆိုလေ၏။-
၄၇ မောရှေစေခိုင်းသည်အတိုင်းအာရုန်သည် မီးကျီးခံအိုးကိုယူ၍လူအစုအဝေး ထဲသို့ပြေးဝင်လေသည်။ သူသည်လူတို့တွင် ရောဂါကပ်ဆိုက်ရောက်လျက်ရှိကြောင်းတွေ့ မြင်လျှင်မီးခဲများပေါ်၌နံ့သာပေါင်း ကိုတင်လျက်သူတို့အတွက်သန့်စင်ခြင်း ဝတ်ကိုပြုလေ၏။-
၄၈ ထိုအခါရောဂါအန္တရာယ်ပပျောက်သွား သဖြင့် သူသည်သေသူနှင့်ရှင်သူတို့၏ အလယ်တွင်ရပ်လျက်ရှိ၏။-
၄၉ ကောရပုန်ကန်မှုကြောင့်သေဆုံးသူများ အပြင်ရောဂါကပ်ကြောင့်သေဆုံးသူ အပေါင်းမှာတစ်သောင်းလေးထောင့်ခုနစ် ရာယောက်ဖြစ်သည်။-
၅၀ ရောဂါအန္တရာယ်ပပျောက်သွားပြီးနောက် အာရုန်သည်မောရှေရှိရာတဲတော်တံခါးဝ သို့ပြန်လာခဲ့လေသည်။