နေဟမိမှတ်စာ
နိဒါန်း
`နေဟမိမှတ်စာ' ကိုလေးပိုင်းခွဲခြားနိုင်၏။ ၁။ ပေရသိဧကရာဇ်ကယုဒနိုင်ငံကိုအုပ် ချုပ်ရန်စေလွှတ်သဖြင့် နေဟမိသည်ယေရု ရှလင်မြို့သို့ပြန်လည်ရောက်ရှိခြင်း။ ၂။ ယေရု ရှလင်မြို့ရိုးများကိုပြန်လည်တည်ဆောက် ခြင်း။ ၃။ ဧဇရကဘုရားသခင်၏ပညတ် ကျမ်းတော်ကိုလေးလေးနက်နက်ဖတ်ကြား၍ လူအပေါင်းတို့ကမိမိတို့၏အပြစ်များ ကိုဝန်ချတောင်းပန်ကြခြင်း။ ၄။ ယုဒနိုင်ငံ ၏ဘုရင်ခံအဖြစ်နေဟမိ၏ဆက်လက် ဆောင်ရွက်ချက်များ။
ဤကျမ်းတွင်ဘုရားသခင်ကိုနေဟမိ လုံးဝအားကိုးပုံနှင့်ဘုရားသခင်ထံ သူအကြိမ်ကြိမ်ဆုတောင်းပုံတို့မှာမှတ် သားဖွယ်ကောင်းပေသည်။
အကြောင်းအရာအကျဉ်းချုပ်
ယေရုရှလင်မြို့သို့နေဟမိပြန်လာခြင်း ၁:၁-၂:၂၀
ယေရုရှလင်မြို့ရိုးများကိုပြန်လည်တည်ဆောက်ခြင်း ၃:၁-၇:၇၃
ပညတ်ကျမ်းတော်ကိုဖတ်ရွတ်၍ပဋိညာဉ်ကို ပြန်လည်အဋ္ဌိဋ္ဌာန်ပြုကြခြင်း ၈:၁-၁၀:၃၉
နေဟမိ၏ဆက်လက်ဆောင်ရွက်ချက်များ ၁၁:၁-၁၃:၃၁
၁
၁ အောက်ပါအကြောင်းအရာများသည် ဟာ လခိ၏သားနေဟမိလုပ်ဆောင်ခဲ့သည့် အမှုအရာများအကြောင်းပင်ဖြစ်၏။
ယေရုရှလင်မြို့အတွက်နေဟမိစိုးရိမ်ပူပန်ခြင်း
ပေရသိဧကရာဇ်အာတဇေရဇ် နန်းစံအနှစ် နှစ်ဆယ်မြောက်၊ ခိသလုဟုခေါ်သောလ၌ ငါနေဟမိသည်ရှုရှန်မြို့တော်တွင်ရှိ၏။-
၂ ငါ၏ညီဟာနန်နှင့်ယုဒအမျိုးသားတစ်စု သည် ထိုမြို့သို့ရောက်လာကြ၏။ ထိုအခါငါ သည်သူတို့အားပြည်နှင်ဒဏ်သင့်ရာဗာဗုလုန် ပြည်မှယေရုရှလင်မြို့သို့ပြန်လည်ရောက်ရှိ လာကြသူ ယုဒညီအစ်ကိုများနှင့်ယေရု ရှလင်မြို့၏အကြောင်းကိုမေးမြန်းရာ၊-
၃ သူတို့ကအသက်မသေဘဲကျန်ရှိကာ မိမိတို့ပြည်သို့ပြန်လည်ရောက်ရှိလာ သူတို့သည် များစွာဒုက္ခဆင်းရဲရောက်လျက်အနီးအနား တွင်နေထိုင်သူလူမျိုးခြားတို့၏အထင် သေးမှုကိုခံနေကြရကြောင်းငါ့အား ပြောကြားကြသည်။ ထို့ပြင်ယေရုရှလင် မြို့ရိုးများသည်ပြိုကျလျက်ပင်ရှိနေ သေးကြောင်းကိုလည်းကောင်း၊ မြို့တံခါး များကိုလည်းမီးလောင်ကျွမ်းချိန်မှစ၍ ယနေ့တိုင်အောင်ပြန်လည်မပြင်ဆင်ရ သေးကြောင်းကိုလည်းကောင်းပြောကြား ကြ၏။-
၄ ထိုစကားကိုကြားသောအခါငါသည် ထိုင်၍ငိုကြွေး၏။
ငါသည်ရက်ပေါင်းများစွာငိုကြွေးမြည် တမ်းလျက်အစာရှောင်ပြီးလျှင်၊-
၅ ဘုရားသခင်အား``အို ကောင်းကင်ဘုံရှင် ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ် တော်မူသဖြင့် အကျွန်ုပ်တို့သည်ကိုယ်တော် ကိုကြောက်ရွံ့ရိုသေရကြပါ၏။ ကိုယ်တော် သည်ကိုယ်တော်ကိုချစ်မြတ်နိုး၍အမိန့် တော်ကိုလိုက်နာသူများနှင့်ပြုတော်မူ သည့်ပဋိညာဉ်တော်ကိုစောင့်ထိန်းတော် မူပါ၏။-
၆ အို ထာဝရဘုရားအကျွန်ုပ်ကိုကြည့်တော် မူ၍ ကိုယ်တော်၏အစေခံဣသရေလ အမျိုးသားများအတွက် နေ့ညမပြတ် အကျွန်ုပ်တောင်းလျှောက်သောဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။ ဣသရေလ အမျိုးသားများဖြစ်သူအကျွန်ုပ်တို့သည် လည်းကောင်း၊ အပြစ်ကူးလွန်သူများဖြစ် ကြောင်းအကျွန်ုပ်၏ဘိုးဘေးတို့သည်လည်း ကောင်းဝန်ခံပါ၏။ အကျွန်ုပ်တို့သည်အပြစ် ကူးလွန်မိပါပြီ။-
၇ အကျွန်ုပ်တို့သည်ကိုယ်တော်အားဆိုးသွမ်း စွာပြစ်မှားကြပါပြီ။ ကိုယ်တော်၏အမိန့် တော်များကိုမလိုက်နာကြပါ။ ကိုယ်တော် ၏အစေခံမောရှေမှတစ်ဆင့်ပေးအပ်တော် မူသည့်ပညတ်တော်တို့ကိုမစောင့်ထိန်း ကြပါ။-
၈ ကိုယ်တော်ကမောရှေအားထားတော်မူသည့် ကတိတော်ကိုသတိရတော်မူပါ။ ``သင် တို့သည်ငါ့ကိုသစ္စာဖောက်လျှင် ငါသည် သင်တို့အားလူအမျိုးမျိုးတို့တွင်ကွဲ လွင့်စေမည်။-
၉ သို့ရာတွင်သင်တို့သည်ငါ့ထံသို့ပြန်လာ ပြီးငါ၏အမိန့်တော်ကိုလိုက်နာကြလျှင် ကမ္ဘာမြေကြီးအစွန်အဖျားသို့ပင်ကွဲလွင့် လျက်နေစေကာမူ သင်တို့ကိုငါ့အားဝတ် ပြုကိုးကွယ်ရန် ရွေးချယ်သတ်မှတ်ထားသည့် ဌာနတော်သို့ပြန်လည်ပို့ဆောင်တော်မူ မည်။''
၁၀ ``အို ထာဝရဘုရားဤသူတို့သည်ကိုယ် တော်၏လူမျိုးတော်၊ ကိုယ်တော်၏အစေခံ များဖြစ်ကြပါ၏။ သူတို့အားကိုယ်တော် သည်မဟာတန်ခိုးတော်၊ အားကြီးသော လက်ရုံးတော်ဖြင့်ကယ်ဆယ်တော်မူခဲ့ပါ၏။-
၁၁ အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။
ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။