အာရုန်နှင့်သူ၏သားတို့အား ယဇ်ပုရောဟိတ်များအဖြစ်သိက္ခာတင်ခြင်း
(ထွက်၊ ၂၉:၁-၃၇)
၈
၁ တစ်ဖန်ထာဝရဘုရားကမောရှေအား၊-
၂ ``အာရုန်နှင့်သူ၏သားတို့ကိုငါစံတော်မူရာ တဲတော်တံခါးဝသို့ခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်ဝတ်စုံများ၊ သိက္ခာတင်ဆီ၊ အပြစ်ဖြေ ရာယဇ်အတွက်နွားပျိုတစ်ကောင်၊ သိုးထီးနှစ် ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူခဲ့လော့။-
၃ ထို့နောက်ဣသရေလအမျိုးသားအားလုံးကို ထိုနေရာ၌စုရုံးစေလော့'' ဟုမိန့်တော်မူသည်။
၄ မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်းဆောင်ရွက်၏။ လူတို့စုဝေး ရောက်ရှိလာသောအခါ၊-
၅ မောရှေကသူတို့အား``ယခုငါပြုလုပ်မည့် အမှုသည် ထာဝရဘုရား၏အမိန့်တော်အရ ငါပြုလုပ်ခြင်းဖြစ်သည်'' ဟုဆိုလေ၏။
၆ ထို့နောက်မောရှေသည် ထာဝရဘုရားမိန့်မှာ တော်မူသည်အတိုင်း အာရုန်နှင့်သူ၏သား တို့ကိုရှေ့သို့ထုတ်ဆောင်၍ရေဆေးကြော စေ၏။-
၇ အာရုန်အားအင်္ကျီ၊ ဝတ်ရုံနှင့်ခါးပန်းကို ခါးတွင်ဝတ်ဆင်ပေး၏။ ထိုနောက်သင်တိုင်း ကိုဝတ်ပေး၍လှပစွာရက်ထားသောခါး စည်းဖြင့်သင်တိုင်းကိုချည်နှောင်ပေး၏။-
၈ ရင်ဖုံးကိုတပ်ဆင်ပေးပြီးလျှင်ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ် ကိုထည့်ထား၏။-
၉ အာရုန်၏ဦးခေါင်းပေါ်တွင်ဗောင်းထုပ်ကိုတင်၍ ထာဝရဘုရားအားဆက်ကပ်သည့်အထိမ်း အမှတ်ဖြစ်သောရွှေသင်းကျစ်ကိုထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်းဗောင်း ထုပ်ရှေ့တွင်တပ်ဆင်ပေး၏။
၁၀ ထိုနောက်မောရှေသည်သိက္ခာတင်ဆီကိုယူ ၍ ထာဝရဘုရားစံတော်မူရာတဲတော် နှင့်တဲတော်အတွင်းရှိပစ္စည်းတန်ဆာအား လုံးကိုလိမ်းလေ၏။ ဤနည်းအားဖြင့်ထာဝရ ဘုရားအားတဲတော်နှင့်တဲတော်ဆိုင်ရာ ပစ္စည်းရှိသမျှကိုဆက်ကပ်လေသည်။-
၁၁ ထိုနောက်မောရှေသည်ဆီအနည်းငယ်ကို ယူပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်ဆိုင်ရာပစ္စည်း တန်ဆာတို့ကိုလည်းကောင်း၊ အင်တုံနှင့်၎င်း ၏အောက်ခြေကိုလည်းကောင်းခုနစ်ကြိမ် ဖျန်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
၁၂ တစ်ဖန်သူသည်ဆီအနည်းငယ်ကိုအာရုန် ၏ဦးခေါင်းပေါ်တွင်လောင်းလျက် ယဇ်ပုရော ဟိတ်အဖြစ်သိက္ခာတင်သည်။-
၁၃ ထိုနောက်မောရှေသည်ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းအာရုန်၏သားများကို ရှေ့သို့ခေါ်ဆောင်၍ အင်္ကျီများကိုဝတ်ဆင်ပေး ပြီးနောက်ခါးပန်းကိုခါးတွင်စည်းပေး၏။ ဦး ခေါင်းများပေါ်တွင်လည်းဦးထုပ်များကို ဆောင်းပေး၏။
၁၄ ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ် ပူဇော်ရန်နွားပျိုကိုထုတ်ဆောင်ခဲ့၍ အာရုန် နှင့်သူ၏သားတို့အားနွား၏ဦးခေါင်းပေါ် တွင်လက်ကိုတင်စေသည်။-
၁၅ မောရှေသည်နွားကိုသတ်ပြီးလျှင်လက်ချောင်း ဖြင့်သွေးအနည်းငယ်ကိုယူ၍ ယဇ်ပလ္လင်ထောင့် များ၌ရှိသောအတက်များကိုသုတ်လိမ်း ခြင်း၊ ကျန်သောသွေးကိုယဇ်ပလ္လင်၏အောက် ခြေတွင်သွန်းလောင်းခြင်းဖြင့်ပလ္လင်ကိုဆက် ကပ်၍အပြစ်ဖြေရာယဇ်ပူဇော်နိုင်ရန် သန့်ရှင်းစေ၏။-
၁၆ မောရှေသည်ဝမ်းတွင်းသားမှအဆီအား လုံး၊ အသည်းမှအဆီ၊ ကျောက်ကပ်နှင့် ကျောက်ကပ်အဆီတို့ကိုထုတ်ယူ၍ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည်။-
၁၇ သူသည်နွားသားရေအသားနှင့်အူများ အပါအဝင်ကျန်သောအပိုင်းတို့ကို ထာ ဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စခန်းအပြင်ဘက်၌မီးရှို့လေသည်။
၁၈ ထို့နောက်မောရှေသည်မီးရှို့ရာယဇ်ကိုပူဇော် ရန်သိုးထီးကိုထုတ်ဆောင်ခဲ့၍ အာရုန်နှင့်သူ ၏သားတို့အားသိုး၏ဦးခေါင်းပေါ်တွင် လက်ကိုတင်စေ၏။-
၁၉ မောရှေသည်သိုးကိုသတ်ပြီးလျှင် သွေးကို ယဇ်ပလ္လင်လေးဘက်ပေါ်သို့ပက်ဖျန်းလေ သည်။-
၂၀-၂၁ မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်း သိုးကိုအပိုင်းပိုင်းဖြတ်ပြီး လျှင်ဝမ်းတွင်းသားနှင့်နောက်ခြေတို့ကိုရေ နှင့်ဆေး၍ သိုး၏ဦးခေါင်း၊ အဆီမှစ၍ တစ်ကောင်လုံးကိုမီးရှို့ပူဇော်လေသည်။ ဤ မီးရှို့ရာယဇ်သည်ပူဇော်သကာဖြစ်၍ ၎င်း ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။
၂၂ ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်များ ကိုသိက္ခာတင်ရာ၌ပူဇော်ရန် ဒုတိယသိုး ထီးကိုယူဆောင်ခဲ့၍ အာရုန်နှင့်သူ၏သား တို့ကသိုး၏ဦးခေါင်းပေါ်တွင်လက်ကို တင်ကြသည်။-
၂၃ မောရှေသည်သိုးကိုသတ်ပြီးလျှင်သွေး အနည်းငယ်ကိုယူ၍ အာရုန်၏လက်ယာ နားပျဉ်းကိုလည်းကောင်း၊ လက်ယာလက်မ နှင့်လက်ယာခြေမတို့ကိုလည်းကောင်း သုတ်လေသည်။-
၂၄ ထို့နောက်အာရုန်၏သားတို့ကိုခေါ်ပြီးလျှင် သူတို့၏လက်ယာနားပျဉ်းများ၊ လက်ယာ လက်မများနှင့်လက်ယာခြေမများကို သိုးသွေးဖြင့်သုတ်လေသည်။ မောရှေသည် ကျန်သောသွေးကိုယဇ်ပလ္လင်လေးဘက်ပေါ် သို့ပက်ဖျန်းလေသည်။-
၂၅ သူသည်သိုး၏အဆီ၊ ဆူဖြိုးသောအမြီး၊ ဝမ်းတွင်းသားမှအဆုံးအပိုင်း၊ အသည်း မှအဆီ၊ ကျောက်ကပ်နှင့်ကျောက်ကပ်အဆီ၊ လက်ယာပေါင်တို့ကိုထုတ်ယူသည်။-
၂၆ ထို့နောက်သူသည်ထာဝရဘုရားအားဆက် ကပ်ထားသောတဆေးမဲ့မုန့်တောင်းထဲမှမုန့်၊ ဆီနှင့်လုပ်သောမုန့်၊ မုန့်ကြွပ်တို့ကိုတစ်ခု စီယူ၍သိုးအဆီနှင့်လက်ယာပေါင်အပေါ် တွင်တင်သည်။-
၂၇ သူသည်၎င်းတို့ကိုအာရုန်နှင့်သူ၏သားတို့ လက်သို့ပေးအပ်သဖြင့် သူတို့သည်ထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်သကြသည်။-
၂၈ ထို့နောက်မောရှေသည်ထိုပူဇော်သကာများ ကိုသူတို့ထံမှပြန်ယူသဖြင့် သူသည် သိက္ခာ တင်ရာပူဇော်သကာအဖြစ်ယဇ်ပလ္လင်ပေါ် ရှိမီးရှို့ရာယဇ်ကောင်အပေါ်သို့တင်လျက် မီးရှို့လေသည်။ ထိုပူဇော်သကာသည်ထာဝရ ဘုရားအားပူဇော်သောပူဇော်သကာဖြစ်၍ ၎င်း၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။-
၂၉ ထို့နောက်မောရှေသည်သိုး၏ရင်ပုံသားကို အထူးပူဇော်သကာအဖြစ် ထာဝရဘုရား အားဆက်ကပ်လေသည်။ ထိုရင်ပုံသားမှာ သိက္ခာတင်ရာယဇ်ကောင်မှမောရှေပိုင်ဝေစု ဖြစ်သည်။ မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှအတိုင်းဆောင်ရွက်လေ သည်။
၃၀ ထို့နောက်မောရှေသည်သိက္ခာတင်ဆီအနည်း ငယ်နှင့်ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်း ငယ်ကိုယူ၍ အာရုန်နှင့်သူ၏သားများအပေါ် သို့လည်းကောင်း၊ သူတို့၏အဝတ်များအပေါ် သို့လည်းကောင်းပက်ဖျန်းလေသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့်သူသည် အာရုန်နှင့် သူ၏သားများနှင့်တကွသူတို့ဝတ်ဆင် သောအဝတ်များကို ထာဝရဘုရားထံ ဆက်ကပ်လေသည်။
၃၁ ထို့နောက်မောရှေကအာရုန်နှင့်သူ၏သား တို့အား``ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း သိုး၏အသားကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝအနီးတွင် ပြုတ်၍ ထိုအသားကိုသိက္ခာတင်ရာမုန့် တောင်းထဲမှမုန့်နှင့်စားကြလော့။-
၃၂ ကြွင်းကျန်သောအသားနှင့်မုန့်ကိုမီးရှို့ ရမည်။
၃၃ သင်တို့သည်သိက္ခာတင်မင်္ဂလာကာလခုနစ် ရက်မစေ့မီ တဲတော်တံခါးအပြင်သို့မ ထွက်ရ။-
၃၄ သင်တို့အပြစ်ပြေစေရန်အတွက်ငါတို့ ယနေ့ပြုသောအမှုသည် ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်းဖြစ်သည်။-
၃၅ သင်တို့သည်တဲတော်တံခါးဝတွင်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကို ခုနစ်ရက် ပတ်လုံးနေ့ညမပြတ်ဆောင်ရွက်လျက်နေ ရမည်။ သင်တို့သည်မိန့်မှာတော်မူသည် အတိုင်းမဆောင်ရွက်လျှင် သေရလိမ့်မည် ဟုထာဝရဘုရားကငါ့အားမိန့်တော် မူပြီ'' ဟူ၍ဆင့်ဆိုလေသည်။-
၃၆ သို့ဖြစ်၍အာရုန်နှင့်သူ၏သားတို့သည် မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာ တော်မူချက်တို့ကိုဆောင်ရွက်ကြလေ သည်။