ထာဝရဘုရားအားလှူဖွယ်ပစ္စည်းဆိုင်ရာ ပညတ်များ
၂၇
၁-၂ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့ စောင့်ထိန်းရန်ပေးအပ် သည့်ပြဋ္ဌာန်းချက်များမှာအောက်ပါအတိုင်း ဖြစ်သည်။ တစ်စုံတစ်ယောက်သောသူသည် ထာဝရ ဘုရားအားကတိသစ္စာပြု၍ မိမိကိုယ်ကို ဆက်ကပ်ပူဇော်လျှင် သူသည်အောက်တွင်ဖော် ပြပါငွေများကို၊-
၃-၇ ကျပ်စံတော်အရပေးဆောင်၍ မိမိကိုယ်ကို ရွေးယူနိုင်သည်။
-အသက်နှစ်ဆယ်မှခြောက်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားငါးဆယ်ကျပ်
-မိန်းမဖြစ်လျှင်ငွေသားသုံးဆယ်ကျပ်
-အသက်ငါးနှစ်မှနှစ်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားနှစ်ဆယ်ကျပ်
-မိန်းမဖြစ်လျှင်ငွေသားတစ်ဆယ်ကျပ်
-အသက်ငါးနှစ်အောက်ယောကျာ်းကလေးဖြစ်လျှင် ငွေသားငါးကျပ်
-အသက်ငါးနှစ်အောက်မိန်းကလေးဖြစ်လျှင် ငွေသားသုံးကျပ်
-အသက်ခြောက်ဆယ်ကျော်ယောကျာ်းဖြစ်လျှင် ငွေသားတစ်ဆယ့်ငါးကျပ်
-အသက်ခြောက်ဆယ်ကျော်မိန်းမဖြစ်လျှင် ငွေသားတစ်ဆယ်ကျပ်
၈ ကတိသစ္စာပြု၍မိမိကိုယ်မိမိဆက်ကပ် ပူဇော်သောသူသည် သတ်မှတ်ထားသောငွေကို မပေးနိုင်လျှင် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည်ထို သူပေးဆောင်နိုင်စွမ်းရှိသည့်အတိုင်း တန်ဖိုး ငွေကိုလျော့၍သတ်မှတ်ရမည်။
၉ ထာဝရဘုရားအားပူဇော်ရန် သင့်တော်သည့် တိရစ္ဆာန်ကိုဆက်သမည်ဟုသစ္စာကတိပြု ထားလျှင် ထိုသို့သောယဇ်ကောင်သည်သန့်ရှင်း သည်ဖြစ်၍၊-
၁၀ ကတိသစ္စာပြုသူသည် အခြားတိရစ္ဆာန်ကို အစားထိုး၍မဆက်သရ။ သူသည်အခြား တိရစ္ဆာန်ကိုအစားထိုးဆက်သလျှင် ယဇ် ကောင်နှစ်ကောင်စလုံးသည်ထာဝရဘုရား နှင့်ဆိုင်၏။-
၁၁ ဆက်သရန်ကတိသစ္စာပြုထားသောတိရစ္ဆာန် သည် ဘာသာရေးထုံးနည်းအရမသန့်စင် လျှင် ထာဝရဘုရားအားမပူဇော်အပ်။ သူသည်တိရစ္ဆာန်ကိုယဇ်ပုရောဟိတ်ထံ သို့ယူဆောင်ခဲ့ရမည်။-
၁၂ ယဇ်ပုရောဟိတ်သည်တိရစ္ဆာန်ကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ်ရမည်။ ထိုသို့သတ်မှတ် သောတန်ဖိုးသည်အတည်ဖြစ်စေရမည်။-
၁၃ ထိုသူသည်တိရစ္ဆာန်ကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း ၍ပေးရမည်။
၁၄ တစ်စုံတစ်ယောက်သောသူသည် ထာဝရ ဘုရားအားမိမိအိမ်ကိုပူဇော်ဆက်သသည့် အခါ ယဇ်ပုရောဟိတ်သည်အိမ်၏အခြေ အနေကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ် ရမည်။ ထိုသို့သတ်မှတ်သောတန်ဖိုးသည် အတည်ဖြစ်စေရမည်။-
၁၅ မိမိအိမ်ကိုပူဇော်ဆက်သသောသူသည် အိမ်ကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း၍ပေးရ မည်။
၁၆ တစ်စုံတစ်ယောက်သောသူသည် မိမိ၏မြေယာ တစ်စိတ်တစ်ဒေသကို ထာဝရဘုရားအားပူ ဇော်ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ထိုမြေ ကွက်တွင်စိုက်ပျိုးနိုင်သော မျိုးစေ့အနည်းအများ အလိုက်တန်ဖိုးကိုဖြတ်ရမည်။ မုယောစပါး မျိုးစေ့တစ်တင်းစိုက်ရသောမြေကွက်ကို ငွေ သားတစ်ဆယ်နှုန်းဖြင့်တန်ဖိုးဖြတ်ရမည်။-
၁၇ ထိုသူသည်မိမိ၏မြေယာကို ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်ကုန်ဆုံးချိန်၌ပူဇော် ဆက်သလျှင် တန်ဖိုးအပြည့်ပေးဆောင်ရ မည်။-
၁၈ သူသည်မြေယာကိုပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်ကုန်ဆုံးပြီးနောက် တစ်ချိန်ချိန်၌ပူဇော် ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ရှေ့လာမည့် ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်အထိ ကျန် ရှိနေသေးသောနှစ်အရေအတွက်အလိုက် တန်ဖိုးငွေကိုလျှော့၍သတ်မှတ်ရမည်။-
၁၉ ထိုသူသည်မြေယာကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း ၍ပေးရမည်။-
၂၀ သူသည်ထာဝရဘုရားထံတော်မှမြေယာ ကိုပြန်၍ ဦးစွာမဝယ်ယူဘဲလူတစ်ဦးထံ ရောင်းချခဲ့လျှင်သူသည်မြေယာကိုပြန်ဝယ် ယူခွင့်မရှိစေရ။-
၂၁ ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ် ကျရောက်သည့်အခါထိုမြေယာသည်ထာဝရ ဘုရားအားပူဇော်ဆက်သထားသောမြေ ဖြစ်၍ထာဝရဘုရားအမြဲပိုင်တော်မူ၏။ သို့ ဖြစ်၍ထိုမြေသည်ယဇ်ပုရောဟိတ်များနှင့် ဆိုင်သည်။
၂၂ တစ်စုံတစ်ယောက်သောသူသည် မိမိယူထား သောလယ်မြေကိုထာဝရဘုရားအားပူဇော် ဆက်သလျှင်၊-
၂၃ ယဇ်ပုရောဟိတ်သည် ရှေ့လာမည့်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်အထိ ကျန်ရှိနေသေး သောနှစ်များကိုရေတွက်၍ လယ်မြေ၏တန်ဖိုး ကိုသတ်မှတ်ရမည်။ ထိုသူသည်လယ်မြေ၏ တန်ဖိုးကို ထိုနေ့၌ပင်ပေးဆောင်ရမည်။ ထို ငွေသည်ထာဝရဘုရားနှင့်ဆိုင်သည်။-
၂၄ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်ကျရောက် သည့်အခါ ထိုလယ်မြေကိုမူလပိုင်ရှင်သို့ မဟုတ်သူ၏အဆက်အနွယ်များလက်သို့ ပြန်လည်ပေးအပ်ရမည်။
၂၅ တန်ဖိုးငွေများကို ကျပ်ချိန်တော်အရသတ် မှတ်ရမည်။
၂၆ နွားဦးပေါက်ဖြစ်စေ၊ သိုးဦးပေါက်ဖြစ်စေ၊ ဆိတ်ဦးပေါက်ဖြစ်စေ၊ ထာဝရဘုရားနှင့် သာဆိုင်သောကြောင့် မည်သူမျှယင်းတို့ကို စေတနာအလျောက်ပူဇော်သကာအဖြစ် ထာဝရဘုရားအားမဆက်သရ။-
၂၇ သို့ရာတွင်မသန့်စင်သောတိရစ္ဆာန်၏သား ဦးပေါက်ကိုမူကား ကျပ်ချိန်တော်အရ တန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်း၍ပြန်ဝယ်ယူရမည်။ အကယ်၍ထို တိရစ္ဆာန်ကိုပြန်၍မဝယ်ယူလိုလျှင် အခြား သူတစ်ယောက်အားကျပ်ချိန်တော်အရ တန်ဖိုးဖြင့်ရောင်းရမည်။
၂၈ ထာဝရဘုရားအား အပြီးအပိုင်လုံးဝ ပူဇော်ဆက်သထားသောလူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ မြေယာကိုဖြစ်စေ မရောင်းမဝယ်ရ။ ထိုကဲ့သို့ပူဇော်ဆက်သ ထားသမျှကိုထာဝရဘုရားအမြဲ ပိုင်၏။-
၂၉ ယင်းကဲ့သို့ထာဝရဘုရားအား ပူဇော် ဆက်သထားသောလူကိုပင်ပြန်၍မရွေး ယူရ။ သူ့ကိုအဆုံးစီရင်ရမည်။
၃၀ မြေယာမှထွက်သောအသီးအနှံ သို့မဟုတ် သစ်သီးဆယ်ပုံတစ်ပုံသည် ထာဝရဘုရား နှင့်ဆိုင်၏။-
၃၁ တစ်စုံတစ်ယောက်သောသူသည်ထိုအသီး အနှံကိုပြန်၍ဝယ်ယူလိုလျှင် စံချိန်တော် အရတန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်း ထပ်ဆောင်း၍ဝယ်ယူရမည်။-
၃၂ မွေးမြူထားသောနွား၊ သိုး၊ ဆိတ်၊ တို့ကိုရေတွက် လော့။ ယင်းတို့အနက်ဆယ်ကောင်လျှင်တစ် ကောင်ကျထာဝရဘုရားနှင့်ဆိုင်၏။-
၃၃ ပိုင်ရှင်သည်ညံ့သောတိရစ္ဆာန်များကို ထာဝရ ဘုရားအတွက်ရွေးမိစေရန်မစီစဉ်ရ။ ရွေး ပြီးသောတိရစ္ဆာန်ကိုအစားထိုး၍မလဲလှယ် ရ။ တိရစ္ဆာန်တစ်ကောင်ကိုအခြားတစ်ကောင် နှင့်အစားထိုးလဲလှယ်လျှင် နှစ်ကောင်စလုံး သည်ထာဝရဘုရားနှင့်ဆိုင်သည်ဖြစ်၍ ထိုတိရစ္ဆာန်များကိုမရွေးယူနိုင်။
၃၄ ဤကားထာဝရဘုရားက သိနာတောင် ပေါ်တွင်မောရှေမှတစ်ဆင့် ဣသရေလ အမျိုးသားတို့အားပေးအပ်သောပညတ် များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောဝတ်ပြုရာ ကျမ်းပြီး၏။