ဥပုသ်နေ့ပြဿနာ
(မ၊ ၁၂:၁-၈။ မာ၊ ၂:၂၃-၂၈)
၆
၁ ဥပုသ်နေ့၌ကိုယ်တော်သည်ဂျုံခင်းများကို ဖြတ်၍လျှောက်သွားတော်မူစဉ် တပည့်တော် သည်ဂျုံများကိုဆွတ်၍ပွတ်နယ်စားကြ၏။-
၂ ဖာရိရှဲအချို့က ``သင်တို့သည်အဘယ်ကြောင့် ဥပုသ်နေ့၌မပြုအပ်သောအမှုကိုပြုဘိ သနည်း'' ဟုမေးကြ၏။
၃ သခင်ယေရှုက ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော် တစ်စုတို့ဆာလောင်မွတ်သိပ်သောအခါ အဘယ် သို့ပြုမူခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြ သလော။-
၄ သူသည်ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ပညတ်တရားအရယဇ်ပုရောဟိတ်များမှ တစ်ပါး မည်သူမျှမစားထိုက်သောရှေ့တော် မုန့်ကိုယူ၍စားခဲ့၏။ မိမိ၏အဖော်များ အားလည်းပေးခဲ့၏။-
၅ လူသားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
လက်တစ်ဖက်သေသူ
(မ၊ ၁၂:၉-၁၄။ မာ၊ ၃:၁-၆)
၆ အခြားသောဥပုသ်နေ့တစ်နေ့၌သခင်ယေရှု သည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင် တော်မူ၏။ တရားဇရပ်ထဲတွင်ညာလက်သေသူ တစ်ယောက်ရှိ၏။-
၇ ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် ကိုယ်တော်ကိုစွပ်စွဲရန်အကြောင်းရှာလိုသဖြင့် ဥပုသ်နေ့၌ထိုသူ၏ရောဂါကိုကိုယ်တော် ပျောက်ကင်းစေတော်မူမည်မမူမည်ကိုစောင့် ကြည့်နေကြ၏။-
၈ ကိုယ်တော်သည်ထိုသူတို့၏စိတ်အကြံအစည် ကိုသိတော်မူသောကြောင့် လက်သေသူအား ``နေရာ မှထပြီးရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်နေရာမှထပြီးရှေ့သို့သွား၍ရပ်၏။-
၉ ထိုအခါသခင်ယေရှုက ``ပညတ်တရားအရ ဥပုသ်နေ့၌ အကောင်းကိုပြုအပ်သလော၊ အဆိုး ကိုပြုအပ်သလော၊ လူ့အသက်ကိုကယ်အပ် သလော၊ သတ်အပ်သလော၊ သင်တို့အားငါမေး၏'' ဟုမိန့်တော်မူ၏။-
၁၀ ကိုယ်တော်သည်ထိုသူအပေါင်းတို့ကိုလှည့်ကြည့် တော်မူပြီးလျှင် လက်သေသူအား ``သင့်လက်ကို ဆန့်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်လက်ကို ဆန့်လိုက်သောအခါ အကောင်းပကတိဖြစ် လေ၏။
၁၁ ဖာရိရှဲတို့သည်များစွာဒေါသဖြစ်လျက် သခင်ယေရှုအားအဘယ်သို့အရေးယူရ မည်ကိုတိုင်ပင်ကြ၏။
တမန်တော်တစ်ဆယ့်နှစ်ပါးကို ရွေးချယ်ခန့်ထားတော်မူခြင်း
(မ၊ ၁၀:၁-၄။ မာ၊ ၃:၁၃-၁၉)
၁၂ ထိုနောက်ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန် တောင်ပေါ်သို့ကြွတော်မူ၏။ တစ်ညလုံးဘုရား သခင်ထံဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။-
၁၃ မိုးလင်းသောအခါတပည့်တော်တို့ကိုအထံ တော်သို့ခေါ်တော်မူပြီးလျှင် ထိုသူတို့အနက် တစ်ဆယ့်နှစ်ပါးကိုရွေးချယ်၍တမန်တော် နာမည်ဖြင့်သမုတ်တော်မူ၏။-
၁၄ ထိုတစ်ဆယ့်နှစ်ပါးကားပေတရုဟုကိုယ်တော် မှည့်ခေါ်သူရှိမုန်နှင့်ရှိမုန်၏ညီအန္ဒြေ၊ ယာကုပ် နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊-
၁၅ မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်၊ မျိုး ချစ်စိတ်ထက်သန်သူရှိမုန်၊-
၁၆ ယာကုပ်၏သားယုဒနှင့်နောင်အခါကိုယ်တော် ကိုသစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
ဟောပြောသွန်သင်တော်မူခြင်း၊ ရောဂါများကိုပျောက်ကင်းစေတော်မူခြင်း
(မ၊ ၄:၂၃-၂၅။)
၁၇ ကိုယ်တော်သည်တမန်တော်တို့နှင့်အတူတောင် ပေါ်ကဆင်းသက်တော်မူ၍မြေညီရာသို့ရောက် တော်မူ၏။ ထိုနေရာမှာတပည့်တော်စုကြီး တစ်စုအပြင်၊ ယုဒပြည်နှင့်ယေရုရှလင် မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိတုရု၊ ဇိဒုန်မြို့များမှလည်းကောင်းလာကြသူ အမြောက်အမြားရှိ၏။-
၁၈ ထိုသူတို့သည်ကိုယ်တော်၏တရားတော်ကို ကြားနာရန်နှင့်မိမိတို့၏အနာရောဂါများ ပျောက်ကင်းစေရန်လာရောက်ကြခြင်းဖြစ်၏။ ညစ်ညမ်းသောနတ်ညှဉ်းဆဲခြင်းခံရသူများ လည်းလာ၍အနာရောဂါပျောက်ကင်းသွား၏။-
၁၉ ကိုယ်တော်၏ထံတော်မှတန်ခိုးထွက်၍အနာ ရောဂါများကိုပျောက်ကင်းစေသောကြောင့် လူ ပရိသတ်အပေါင်းတို့သည်ကိုယ်တော်ကိုတို့ ထိနိုင်ရန်ကြိုးစားကြ၏။
မင်္ဂလာနှင့်အမင်္ဂလာ
(မ၊ ၅:၁-၁၂)
၂၀ သခင်ယေရှုသည်တပည့်တော်တို့ကို
ကြည့်တော်မူပြီးလျှင် ``ဆင်းရဲသူတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။
ဘုရားသခင်၏နိုင်ငံတော်သည်သင်တို့၏နိုင်ငံ ဖြစ်၏။
၂၁ ``ယခုအခါဆာငတ်နေသူတို့၊သင်တို့သည် မင်္ဂလာရှိကြ၏။
သင်တို့ဝပြောရမည့်အချိန်ရောက်လိမ့်မည်။
``ငိုကြွေးနေကြသူတို့၊သင်တို့သည်မင်္ဂလာရှိကြ၏။ သင်တို့ရယ်မောရမည့်အချိန်ရောက်လိမ့်မည်။
၂၂ ``လူသားကြောင့်သင်တို့ကိုလူများမုန်းကြသော အခါ၌လည်းကောင်း၊ ပစ်ပယ်ကြသောအခါ၌ လည်းကောင်း၊ သင်တို့၏ဂုဏ်အသရေကိုရှုတ်ချ ကြသောအခါ၌လည်းကောင်းသင်တို့သည်မင်္ဂလာ ရှိကြ၏။-
၂၃ ထိုသို့တွေ့ကြုံခံစားရသောအခါဝမ်းမြောက် ကြလော့။ ရွှင်မြူးသဖြင့်ကခုန်ကြလော့။ ကောင်း ကင်ဘုံတွင်သင်တို့ရမည့်အကျိုးကားကြီး လှ၏။ ဤသို့သင်တို့အားပြုကျင့်သူများ ၏ဘိုးဘေးများသည်ရှေးပရောဖက်တို့ကို ဤနည်းအတိုင်းပင်နှိပ်စက်ခဲ့ကြ၏။
၂၄ ``သို့သော်ကြွယ်ဝချမ်းသာသူတို့၊သင်တို့သည် အမင်္ဂလာရှိကြ၏။
သင်တို့သည်ယခုဘဝ၌သက်သာစွာနေထိုင် ရကြ၏။
၂၅ ``ယခုအခါဝစွာစားသောက်ရသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။
သင်တို့ဆာငတ်ရမည့်အချိန်ရောက်လိမ့်မည်။
ယခုအခါရယ်မောကြသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။
သင်တို့ပူဆွေးငိုယိုရမည့်အချိန်ရောက်လိမ့်မည်။
၂၆ ``လူအပေါင်းတို့သည်သင်တို့ကိုချီးမွမ်း ကြသောအခါသင်တို့သည်အမင်္ဂလာ ရှိကြ၏။ ဤသူတို့၏ဘိုးဘေးများသည် မိစ္ဆာပရောဖက်များကိုဤနည်းအတိုင်း ချီးမွမ်းခဲ့ကြလေပြီ။
ရန်သူကိုချစ်ခြင်း
(မ၊ ၅:၃၈-၄၈။ ၇:၁၂က)
၂၇ ``သို့ရာတွင်ငါ၏တရားကိုကြားနာကြသူတို့၊ သင်တို့အားငါဆိုသည်ကားရန်သူကိုချစ်ကြ လော့။ သင်တို့ကိုမုန်းသူအားကျေးဇူးပြုကြ လော့။-
၂၈ ကျိန်ဆဲသူအားမေတ္တာပို့ကြလော့။ စော်ကား သူအတွက်ဆုတောင်းပတ္ထနာပြုကြလော့။-
၂၉ သင်၏ပါးတစ်ဖက်ကိုရိုက်သူအားအခြား ပါးတစ်ဖက်ကိုလည်းရိုက်စေဦးလော့။ သင် ၏အပေါ်အင်္ကျီကိုယူသောသူအားရှပ်အင်္ကျီ ကိုလည်းယူခွင့်ပြုလော့။-
၃၀ သင့်ထံတွင်တောင်းခံလာသူတိုင်းအားပေး လော့။ သင့်ဥစ္စာပစ္စည်းများကိုယူသောသူထံမှ ပြန်၍မတောင်းနှင့်။-
၃၁ ကိုယ်ကိုပြုစေလိုသည်အတိုင်းသူတစ်ပါး တို့အားပြုကြလော့။
၃၂ ``မိမိတို့အားချစ်သူများကိုသာချစ်တုံ့ပြန် ပါမူ အဘယ်သို့လျှင်ကောင်းချီးမင်္ဂလာကို သင်တို့ခံစားနိုင်မည်နည်း။ အပြစ်ကူးသူ များပင်လျှင်မိမိတို့အားချစ်သူတို့ကိုချစ် ကြ၏။-
၃၃ သင်တို့အားကျေးဇူးပြုသူများကိုသာကျေး ဇူးတုံ့ပြန်ပါမူ သင်တို့သည်အဘယ်သို့လျှင် ကောင်းချီးမင်္ဂလာကိုခံစားနိုင်မည်နည်း။ အပြစ်ကူးသူများပင်လျှင်ဤသို့ပြုကြ၏။-
၃၄ ထိုမှတစ်ပါးပြန်လည်ဆပ်ပေးမည်ဟုယုံကြည် သူကိုသာလျှင်သင်တို့ချေးငှားကြပါမူ အဘယ် သို့လျှင်ကောင်းချီးမင်္ဂလာကိုခံစားနိုင်ကြပါ မည်နည်း။ အပြစ်ကူးသူများပင်ပြန်လည်ဆပ် ပေးမည်ဟုမျှော်လင့်လျက်အချင်းချင်းအား ချေးငှားကြ၏။-
၃၅ သင်တို့မူကားရန်သူကိုချစ်ကြလော့။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ရာကိုပြန်လည်ရရှိရန် မမျှော်လင့်ဘဲချေးငှားကြလော့။ ယင်းသို့ပြုပါ မူသင်တို့သည်ကြီးမြတ်သောဆုလာဘ်ကိုရ လျက်အမြင့်မြတ်ဆုံးသောဘုရားရှင်၏သား များဖြစ်ကြလိမ့်မည်။ ထိုအရှင်သည်ကျေးဇူး မသိတတ်သူများ၊ ဆိုးညစ်သူများအား ကျေးဇူးပြုတော်မူ၏။-
၃၆ သင်တို့၏အဖဘုရားသည်သနားကြင်နာ တော်မူသည်နည်းတူ သင်တို့သည်လည်းသနား ကြင်နာကြလော့။
သူတစ်ပါးတို့အားစစ်ကြောစီရင်ခြင်း
(မ၊ ၇:၁-၅)
၃၇ ``သူတစ်ပါးတို့အားမစစ်ကြောမစီရင်ကြနှင့်။ သို့မှသာဘုရားသခင်သည်သင်တို့အားမစစ် ကြောမစီရင်ဘဲနေတော်မူလိမ့်မည်။ သူတစ်ပါး တို့အားမရှုတ်ချကြနှင့်။ သို့မှသာဘုရားသခင် သည်သင်တို့အားမရှုတ်ချဘဲနေတော်မူလိမ့်မည်။ သူတစ်ပါးတို့အားအပြစ်ဖြေလွှတ်ကြလော့။ သို့ မှသာထာဝရဘုရားသည်သင်တို့အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်။-
၃၈ သူတစ်ပါးတို့အားရက်ရောစွာပေးကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့အားရက် ရောစွာပေးတော်မူလိမ့်မည်။ သိပ်နှိပ်လှုပ်ခါ ပြည့်လျှံသောတောင်းပမာဏဖြင့်သင်တို့၏ လက်ထဲသို့ပေးတော်မူလိမ့်မည်။ သင်တို့သည် သူတစ်ပါးအားချိန်တွယ်ပေးသည့်တောင်း ပမာဏအတိုင်းဘုရားသခင်သည်သင်တို့ အားပေးတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
၃၉ ထိုနောက်ကိုယ်တော်သည်ထိုသူတို့အားပုံဥပမာ ဆောင်၍ ``မျက်မမြင်သည်အခြားမျက်မမြင် ကိုလမ်းပြနိုင်သလော။ ထိုသူနှစ်ဦးလုံးပင် တွင်းထဲသို့လိမ့်ကျမည်မဟုတ်လော။-
၄၀ တပည့်သည်ဆရာထက်မသာ။ သို့ရာတွင်ပညာ သင်ပြီးဆုံးသောအခါတပည့်သည်ဆရာကဲ့ သို့ဖြစ်လိမ့်မည်။''
၄၁ ``သင်တို့သည်အဘယ်ကြောင့်ကိုယ့်မျက်စိ၌ရှိ သောသစ်တုံးကြီးကိုမမြင်ဘဲ ညီအစ်ကို မျက်စိ၌ရှိသောငြောင့်ငယ်ကိုမြင်သနည်း။-
၄၂ အဘယ်ကြောင့်ညီအစ်ကိုအား`သင်၏မျက်စိ၌ ရှိသောငြောင့်ငယ်ကိုထုတ်ပေးပါရစေ' ဟုပြော ဘိသနည်း။ အချင်းကြောင်သူတော်၊ သင်၏မျက်စိ ၌ရှိသောသစ်တုံးကြီးကိုဦးစွာထုတ်ပစ်လော့။ သို့မှသာသင်သည်သင့်ညီအစ်ကိုမျက်စိ၌ ရှိသောငြောင့်ငယ်ကိုကောင်းစွာမြင်၍ထုတ်ယူ နိုင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
အပင်နှင့်အသီး
(မ၊ ၇:၁၆-၂၀၊ ၁၂:၃၃-၃၅။)
၄၃ ``အပင်ကောင်းသည်အသီးညံ့ကိုမသီးနိုင်။ ညံ့သောအပင်သည်အသီးကောင်းကိုမသီးနိုင်။-
၄၄ အသီးကိုထောက်၍အပင်အကြောင်းကိုသိရ ၏။ သင်္ဘောသဖန်းသီးကိုဆူးပင်မှလည်းကောင်း၊ စပျစ်သီးကိုဆူးချုံမှလည်းကောင်းလူတို့ မဆွတ်မခူးနိုင်ကြ။-
၄၅ ကောင်းသောသူသည်ကောင်းသောအရာများနှင့် ပြည့်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ကောင်းသောအရာများကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သူမူကားဆိုးယုတ်သောအရာများ ကိုထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးတွင်ပြည့်လျှံနေသည့်အရာများ ကိုနှုတ်ကမြွက်ဆိုတတ်သောကြောင့်တည်း။
တည်ဆောက်သူနှစ်မျိုး
(မ၊ ၇:၂၄-၂၇)
၄၆ ``သင်တို့သည်ငါ့စကားကိုနားမထောင်ဘဲ အဘယ်ကြောင့်ငါ့ကို `သခင်၊ သခင်' ဟုခေါ် ကြသနည်း။-
၄၇ ငါ့ထံသို့လာ၍ငါ့တရားစကားကိုကြားနာ ပြီးလျှင်လိုက်လျှောက်သောသူကိုပုံဥပမာဖြင့် ပြပေအံ့။-
၄၈ ထိုသူသည်မြေကိုနက်စွာတူးပြီးမှကျောက်ပေါ် တွင်အုတ်မြစ်ချ၍အိမ်ကိုတည်ဆောက်သူနှင့်တူ ၏။ ရေကြီးသောအခါမြစ်ရေလျှံ၍ထိုအိမ်ကို တိုက်ခတ်လေ၏။ သို့သော်ရေအဟုန်သည်အိမ်ကို မလှုပ်ရှားစေနိုင်။ အဘယ်ကြောင့်ဆိုသော်ထိုအိမ် ကိုခိုင်ခန့်စွာတည်ဆောက်ထားသောကြောင့်ဖြစ်၏။-
၄၉ သို့ရာတွင်ငါ့တရားစကားကိုကြားနာပြီး နောက်မလိုက်လျှောက်သောသူမူကားအုတ်မြစ် မချဘဲမြေပေါ်မှာအိမ်ကိုတည်ဆောက်သူ နှင့်တူ၏။ မြစ်ရေလျှံ၍ထိုအိမ်ကိုတိုက်ခတ် လျှင်ချက်ချင်းပြိုလဲသွား၏။ ထိုအိမ်၏ အပျက်အစီးကားကြီးလှစွာတကား'' ဟု မိန့်တော်မူ၏။