ယောရှုမှတ်စာ
နိဒါန်း
ယောရှုမှတ်စာသည်မောရှေအားဆက်ခံသူ ယောရှုခေါင်းဆောင်၍ ဣသရေလအမျိုးသား တို့ခါနာန်ပြည်ကိုဝင်ရောက်တိုက်ခိုက်သိမ်းယူ ခြင်းကိုဖော်ပြသောကျမ်းစာစောင်ဖြစ်သည်။ ဤကျမ်းစောင်တွင်သိမှတ်ဖွယ်အဖြစ်အပျက် များမှာယော်ဒန်မြစ်ကိုဖြတ်ကူးခြင်း၊ ယေရိ ခေါမြို့ကိုသိမ်းယူခြင်း၊ အာဣမြို့တိုက်ပွဲ၊ ဘုရားသခင်နှင့်မိမိ၏လူမျိုးတော်တို့ ပြုသောပဋိညာဉ်ကိုပြန်၍ အသစ်ဖွဲ့ခြင်း စသည်တို့ဖြစ်သည်။ ထင်ရှားသောစာပိုဒ် မှာ``သင်တို့ကိုးကွယ်ရန်ဘုရားကိုယနေ့ ရွေးချယ်ကြလော့။ ငါနှင့်ငါ၏မိသားစု မူကားထာဝရဘုရားကိုသာကိုးကွယ် မည်'' (၂၄:၁၅) ဟူသောစာပိုဒ်ဖြစ်သည်။
အကြောင်းအရာအကျဉ်းချုပ်
ခါနာန်ပြည်ကိုတိုက်ခိုက်သိမ်းယူခြင်း ၁:၁-၁၂:၁၄
တိုင်းပြည်ကိုခွဲဝေပေးခြင်း ၁၃:၁-၂၁:၄၅
(က) ယော်ဒန်မြစ်အရှေ့ဘက်နယ်မြေ ၁၃:၁-၃၃
(ခ) ယော်ဒန်မြစ်အနောက်ဘက်နယ်မြေ ၁၄:၁-၁၉:၅၁
(၈) ဘေးမဲ့ခိုလှုံရာမြို့များ ၂၀:၁-၉
(ဃ) လေဝိအမျိုးသားတို့အတွက်မြို့များ ၂၁:၁-၄၅
အရှေ့အနွယ်ဝင်များမိမိတို့နယ်မြေသို့ ပြန်ကြခြင်း ၂၂:၁-၃၄
ယောရှု၏နောက်ဆုံးမိန့်ခွန်း ၂၃:၁-၁၆
ရှေခင်မြို့၌ပဋိညာဉ်ကိုပြန်၍အသစ်ဖွဲ့ခြင်း ၂၄:၁-၃၃
ခါနာန်ပြည်ကိုသိမ်းယူရန်ယောရှုအားအမိန့်ပေးတော်မူခြင်း
၁
၁ ထာဝရဘုရား၏အစေခံမောရှေ အနိစ္စ ရောက်ပြီးနောက်ထာဝရဘုရားကမောရှေ ၏လက်ထောက်၊ နုန်၏သားယောရှုအား၊-
၂ ``ငါ၏အစေခံမောရှေအနိစ္စရောက်ပြီ။ သင် နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ငါပေးသနားတော် မူမည့်ပြည်တွင်းသို့ဝင်ရောက်ရန်ယခုအသင့် ပြင်ဆင်လော့။-
၃ မောရှေအားငါကတိထားတော်မူခဲ့သည် အတိုင်း သင်တို့ချီတက်သိမ်းယူမည့်နယ် မြေအားလုံးကိုသင်တို့အားငါပေး မည်။-
၄ သင်တို့၏ပြည်သည်တောင်ဘက်သဲကန္တာရ မှ မြောက်ဘက်လေဗနုန်တောင်အထိလည်း ကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ်မှဟိတ္တိ ပြည်ကိုဖြတ်၍ အနောက်ဘက်မြေထဲ ပင်လယ်အထိလည်းကောင်းကျယ်ပြန့်မည်။-
၅ ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။-
၆ သင်သည်အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည်ဤသူတို့ကိုခေါင်းဆောင်၍သူတို့ ၏ဘိုးဘေးတို့အား ငါပေးမည်ဟုကတိ ထားသောပြည်ကိုဝင်ရောက်သိမ်းယူရ မည်။-
၇ အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ ငါ၏ အစေခံမောရှေပေးသောပညတ်အားလုံး ကိုတစ်သဝေမတိမ်းစောင့်ထိန်းလော့။ ပညတ် ရှိသမျှကိုတစ်ခုမကျန်စောင့်ထိန်းလျှင် သင်သည်ကြံတိုင်းအောင်လိမ့်မည်။-
၈ ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-
၉ သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
လူတို့အားယောရှုအမိန့်ပေးခြင်း
၁၀ ထိုအခါယောရှုသည်ခေါင်းဆောင်များ ကိုဆင့်ခေါ်၍၊
၁၁ စခန်းတစ်ခုလုံးရှိလူတို့ထံသို့သွားစေပြီး လျှင်``သုံးရက်အတွင်းသင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူမည့်ပြည် ကိုသိမ်းယူရန် ယော်ဒန်မြစ်ကိုဖြတ်ကူးရ မည်ဖြစ်၍လိုအပ်သောရိက္ခာကိုစုဆောင်း ထားကြလော့'' ဟူ၍ကြေညာစေ၏။
၁၂ ထိုနောက်ယောရှုသည်ရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား၊-
၁၃ ``ယော်ဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကိုသင် တို့နေထိုင်ရန်အတွက် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးမည်ဟုထာဝရဘုရား ၏အစေခံမောရှေမိန့်မှာခဲ့သည်ကိုသတိ ရကြလော့။-
၁၄ သင်တို့၏သားမယား၊ သိုး၊ နွား၊ ဆိတ်စသော တိရစ္ဆာန်များသည်ဤအရပ်တွင်နေရစ်၍၊ သူ တို့အနက်လက်နက်ကိုင်နိုင်သူအမျိုးသား မှန်သမျှသည် အခြားဣသရေလအမျိုး သားချင်းတို့၏တပ်ဦးအဖြစ်မြစ်ကို အလျင်အမြန်ဖြတ်ကူးရမည်။-
၁၅ သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောယော်ဒန်မြစ်အနောက်ဘက် ရှိပြည်ကိုသိမ်းပိုက်နိုင်သည်အထိ သူတို့ အားကူညီတိုက်ခိုက်ရမည်။ ဣသရေလအနွယ် တို့ငြိမ်းချမ်းစွာနေထိုင်ရသောအခါ၌ သင် တို့သည်ထာဝရဘုရား၏အစေခံမောရှေပေး သောယော်ဒန်မြစ်အရှေ့ဘက်ရှိပြည်သို့ပြန် နိုင်သည်'' ဟုဆို၏။
၁၆ ထိုသူတို့က``အကျွန်ုပ်တို့သည်ကိုယ်တော် မှာကြားသမျှကိုလိုက်နာ၍ ကိုယ်တော် စေလွှတ်ရာအရပ်သို့သွားပါမည်။-
၁၇ မောရှေ၏စကားကိုနားထောင်သကဲ့သို့ ကိုယ်တော်၏စကားကိုနားထောင်ပါမည်။ ထာဝရအရှင်ဘုရားသခင်သည်မောရှေ နှင့်အတူရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။-
၁၈ ကိုယ်တော်၏အာဏာကိုဖီဆန်၍အမိန့် ကိုမနာခံသောသူအား သေဒဏ်ခံစေ ပါမည်။ သို့ဖြစ်၍အားမာန်တင်း၍ ရဲရင့် ခြင်းရှိတော်မူပါ'' ဟု ဖြေကြားကြ၏။