ယော​လ​အ​နာ​ဂတ္တိ​ကျမ်း
နိ​ဒါန်း
ပ​ရော​ဖက်​ယော​လ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ အ​နည်း​ငယ်​သာ​သိ​ပေ​သည်။ ထို့​ပြင်​မည်​သည့်​အ​ချိန်​က​သက်​ရှင်​ထင်​ရှား​ခဲ့​ကြောင်း​အ​သေ​အ​ချာ​မ​သိ​ပေ။ သို့​သော်​ပါ​ရှန်​နိုင်​ငံ​တော်​ကြီး​ထွန်း​ကား​နေ​စဉ်​အ​ချိန်​ကာလ၊ ခ၊ မ လေး​ရာ​စု​သို့​မ​ဟုတ်​ငါး​ရာ​စု​နှစ်​အ​ချိန်​အ​တွင်း​၌ ထို​ကျမ်း​စောင်​ပေါ်​ပေါက်​လာ​သည်​ဟု​ထင်​မြင်​ယူ​ဆ​ရ​ပေ​သည်။ ယော​လ​က၊ ပါ​လ​တိ​န​ပြည်​တွင်း​သို့​ကြောက်​မက်​ဖွယ်​ကောင်း​စွာ​ဝင်​ရောက်​လာ​သော​ကျိုင်း​ကောင်​များ​အ​ကြောင်း​ကို​လည်း​ကောင်း သ​ရုပ်​ဖော်​ရေး​သား​ခဲ့​ပေ​သည်။ ဤ​အ​ဖြစ်​အ​ပျက်​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ရက်​ရောက်​လာ​တော့​မည့်​လက္ခ​ဏာ​အ​ဖြစ်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​ကိုယ်​တော်​ရှင်​၏​ဖြောင့်​မတ်​သော​အ​လို​တော်​ကို​ဆန့်​ကျင်​သူ​များ​အား​ပြစ်​ဒဏ်​ခတ်​သည့်​အ​ချိန်​အ​ဖြစ်​လည်း​ကောင်း​ယော​လ​ထင်​မြင်​ပေ​သည်။ ပ​ရော​ဖက်​က​လူ​တို့​အား​နောင်​တ​ရ​ရန်၊ ထာ​ဝ​ရ​ဘု​ရား​ခေါ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​လူ​တို့​အား​ပြန်​လည်​တည်​ဆောက်​နိုင်​စေ​မှု​နှင့်​ကောင်း​ချီး​မင်္ဂ​လာ​ပေး​မည့်​က​တိ​တော်​ကို​လည်း​ကောင်း​သိ​ရှိ​စေ​သည်။ ဂ​ရု​ပြု​ထိုက်​သော​အ​ချက်​မှာ၊ ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​ရှင်​၏​ဝိ​ညာဉ်​တော်​ကို​မိန်း​မ​ယောကျာ်း​ကြီး​ငယ်​မ​ဟူ​လူ​အား​လုံး​အ​ပေါ်​သို့​စေ​လွှတ်​တော်​မူ​မည်​ဟူ​သော​အ​ချက်​ဖြစ်​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ကျိုင်း​ကောင်​များ​ကျ​ရောက်​သည့်​ကပ်​ကာ​လ ၁:၁-၂:၁၇
ပြန်​လည်​တည်​ဆောက်​စေ​မည့်​က​တိ​တော် ၂:၁၈-၂၇
ထာ​ဝ​ရ​ဘု​ရား​၏​နေ့​တော် ၂:၂၈-၃:၂၁
၁ ဤ​ဗျာ​ဒိတ်​တော်​သည်​ပေ​သွေ​လ​၏​သား​ယော​လ​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။
ကောက်​ပဲ​သီး​နှံ​များ​ပျက်​စီး​သ​ဖြင့်​လူ​တို့​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​ခြင်း
၂ အ​ချင်း​အ​သက်​ကြီး​သူ​တို့​ငါ​ပြော​သည်​ကို​အာ​ရုံ​စိုက်​ကြ​လော့။
ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​နား​ထောင်​ကြ​လော့။
သင်​တို့​ခေတ်​၌​သော်​လည်း​ကောင်း​သင်​တို့​ဘိုး​ဘေး​များ​၏​ခေတ်​၌​သော်​လည်းကောင်း၊
ဤ​အ​မှု​အ​ရာ​မျိုး​ဖြစ်​ပျက်​ဖူး​သ​လော။
၃ ဤ​အ​ချင်း​အ​ရာ​ကို​သင်​တို့​၏​သား​သ​မီး​များ​အား ပြော​ကြား​ကြ​လော့။
သူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ​အား​ပြော​ကြား​လျက်၊
ထို​သား​သ​မီး​များ​က​လည်း​နောင်​တစ်​ခေတ်​မှ​လူ​တို့​အား​ပြော​ကြား​ကြ​လိမ့်​မည်။
၄ ကျိုင်း​ကောင်​များ​သည်​တစ်​အုပ်​ပြီး​တစ်​အုပ်
ကောက်​ပဲ​သီး​နှံ​များ​အ​ပေါ်​သို့​သက်​ဆင်း​ကြ​၏။
ကျိုင်း​ကောင်​တစ်​အုပ်​စား​၍​ကြွင်း​သော​အ​ရာ​ကို​အ​ခြား​တစ်​အုပ်​က​စား​ကြ​လေ​သည်။
၅ အ​ချင်း​သေ​သောက်​ကြူး​တို့​နိုး​ထ​၍​ငို​ကြွေး​ကြ​လော့။
အ​ချင်း​စ​ပျစ်​ရည်​သ​မား​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။
စ​ပျစ်​ရည်​သစ်​ပြု​လုပ်​ရန်​စ​ပျစ်​သီး​များ​ပျက်​စီး​ကုန်​ပြီ။
၆ ကျိုင်း​ကောင်​အုပ်​ကြီး​သည်​ငါ​တို့​ပြည်​ကို​တိုက်​ခိုက်​လှ​လေ​ပြီ။
သူ​တို့​သည်​အား​အင်​ကြီး​၍​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​ကြ​၏။
သူ​တို့​၏​သွား​များ​သည်​ခြင်္သေ့​သွား​ကဲ့​သို့​ထက်​မြက်​၏။
၇ သူ​တို့​သည်​ငါ​တို့​၏​စ​ပျစ်​နွယ်​များ​ကို​ဖျက်​ဆီး​ကာ၊
ငါ​တို့​သ​ဖန်း​ပင်​များ​ကို​ကိုက်​ဖြတ်​ပစ်​ကြ​၏။
သူ​တို့​သည်၊အ​ကိုင်း​အ​ခက်​များ​ဖြူ​သွား​သည်​တိုင်​အောင်၊
သစ်​ခေါက်​များ​ကို​အ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​ပြီ။
၈ အ​ချင်း​လူ​တို့​သင်​တို့​သည်​ကြင်​ယာ​လောင်း​သေ​သ​ဖြင့်၊
ငို​ကြွေး​မြည်​တမ်း​သည့်​အ​မျိုး​သ​မီး​က​လေး​ကဲ့​သို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။
၉ ဗိ​မာန်​တော်​တွင်​ပူ​ဇော်​ဆက်​သ​ရန်​ဂျုံ​ဆန်​သော်​လည်း​ကောင်း
စ​ပျစ်​ရည်​သော်​လည်း​ကောင်း​မ​ရှိ​တော့​ပေ။
မိ​မိ​တို့​ထံ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက်
ပူ​ဇော်​သ​ကာ​များ​မ​ရှိ​သ​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ငို​ကြွေး​မြည်​တမ်း​ကြ​ကုန်​၏။
၁၀ လယ်​ယာ​များ​သည်​ကောက်​ပင်​ကင်း​လျက်​နေ​၏။
ဂျုံ​ဆန်​များ​သည်​ပျက်​စီး​၍​စ​ပျစ်​သီး​များ​မှာ​ခြောက်​သွေ့​ကုန်​လျက်၊
သံ​လွင်​ပင်​များ​သည်​ညှိုး​နွမ်း​သွား​ကြ​၏။
ထို့​ကြောင့်​မြေ​ကြီး​သည်​ငို​ကြွေး​မြည်​တမ်း​လေ​တော့​၏။
၁၁ အ​ချင်း​လယ်​သ​မား​တို့​ဝမ်း​နည်း​ပူ​ဆွေး​ကြ​လော့။
ဂျုံ​စ​ပါး​မု​ယော​စ​ပါး​မှ​စ​၍​အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​သည်​ပျက်​စီး​သွား​လေ​ပြီ။
ထို့​ကြောင့်​အ​ချင်း​စ​ပျစ်​ဥ​ယျာဉ်​မှူး​တို့​ငို​ကြွေး​ကြ​လော့။
၁၂ စ​ပျစ်​နွယ်​ပင်​များ​နှင့်​သ​ဖန်း​ပင်​တို့​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​ကြ​လေ​ပြီ။
သီး​ပင်​မှန်​သ​မျှ​တို့​သည်​ညှိုး​နွမ်း​၍​သေ​ကြ​လေ​ကုန်​ပြီ။
လူ​တို့​မှာ​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။
၁၃ ယဇ်​ပလ္လင်​အ​မှု​တော်​ဆောင်
အ​ချင်း​ယဇ်​ပု​ရော​ဟိတ်​တို့၊လျှော်​တေ​ကို​ဝတ်​၍​ငို​ကြွေး​ကြ​လော့။
ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​အ​မှု​တော်​ဆောင်​တို့​ဗိ​မာန်​တော်​သို့​ဝင်​၍
ညဥ့်​လုံး​ပေါက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။
သင်​တို့​၏​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​ရည်​များ​မ​ရှိ​တော့​ပြီ။
၁၄ အ​စာ​ရှောင်​ကြ​ရန်​အ​မိန့်​များ​ကို​ထုတ်​ပြန်​ကာ​လူ​ထု​စည်း​ဝေး​ပွဲ​တစ်​ရပ်​ကို​ကျင်း​ပ​ကြ​လော့။
သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​တွင်
ခေါင်း​ဆောင်​များ​နှင့်၊ယု​ဒ​ပြည်​သား​အ​ပေါင်း​ကို​စု​ဝေး​စေ​ပြီးလျှင်၊
ကိုယ်​တော်​၏​ထံ​တော်​သို့​ဟစ်​အော်​ကြ​လော့။
၁၅ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ​သည်​နီး​ကပ်​လာ​လေ​ပြီ။
ထို​ကာ​လ​တွင်​အ​နန္တ​တန်​ခိုး​ရှင်​သည်
ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။
ထို​နေ့​ရက်​သည်​အ​ဘယ်​မျှ​ကြောက်​မက်​ဖွယ်​ကောင်း​လိမ့်​မည်​နည်း။
၁၆ ငါ​တို့​သည်​မိ​မိ​တို့​၏​ကောက်​ပဲ​သီး​နှံ​များ
အ​ဖျက်​အ​ဆီး​ခံ​ရ​ချိန်​၌​ပင်​မည်​သို့​မျှ​မ​တတ်​နိုင်၊ငေး​၍​ကြည့်​နေ​ရ​ကြ​၏။
ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင်​လည်း​ပျော်​ရွှင်​မှု​မ​ရှိ​တော့​ပေ။
၁၇ မျိုး​စေ့​တို့​သည်​မြေ​ခြောက်​အောက်​တွင်​ပုပ်​ပျက်​၍​သွား​ကြ​၏။
သို​လှောင်​ရန်​ဂျုံ​ဆန်​မ​ရှိ​တော့​သ​ဖြင့်
ဟာ​လာ​ဟင်း​လင်း​ဖြစ်​လျက်​နေ​သော​စ​ပါး​ကျီ​များ​သည်​ယို​ယွင်း​ပျက်​စီး​၍​နေ​ကြ​၏။
၁၈ ကျွဲ​နွား​တို့​သည်​စား​ကျက်​များ​မ​ရှိ​သ​ဖြင့်​ဒုက္ခ​ရောက်​ကာ​မြည်​တွန်​နေ​ကြ​၏။
သိုး​အုပ်​များ​သည်​လည်း​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။
၁၉ စား​ကျက်​များ​နှင့်​သစ်​ပင်​များ​သည်
မီး​သင့်​လောင်​သည့်​အ​လား​ခြောက်​သွေ့​၍​သွား​ကုန်​၏။
သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​တို့​သည်​အ​ထံ​တော်​သို့​ဟစ်​အော်​ကြ​ပါ​၏။
၂၀ စား​ကျက်​များ​မီး​သင့်​လောင်​ထား​သ​ကဲ့​သို့
စမ်း​ချောင်း​များ​သည်​လည်း​ခန်း​ခြောက်​၍​သွား​လေ​ပြီ။
ထို့​ကြောင့်​တော​တိ​ရစ္ဆာန်​များ​ပင်​လျှင်​အ​ထံ​တော်​သို့​ဟစ်​အော်​ကြ​ပါ​၏။
၁:၆ ဗျာ၊ ၉:၈။ ၁:၁၅ ဟေရှာ၊ ၁၃:၆။