ရှံ​ဆုန်​နှင့်​တိ​မ​န​မြို့​သူ
၁၄
၁ တစ်​နေ့​သ​၌​ရှံ​ဆုန်​သည်​တိ​မ​န​မြို့​သို့​ရောက် ရှိ​သွား​ရာ ထို​မြို့​တွင်​ဖိ​လိတ္တိ​အ​မျိုး​သ​မီး က​လေး​တစ်​ဦး​ကို​တွေ့​မြင်​လေ​သည်။- ၂ သူ​သည်​အိမ်​သို့​ပြန်​ပြီး​လျှင်​မိ​မိ​၏​မိ​ဘ​တို့ အား``တိ​မ​န​မြို့​တွင်​ကျွန်​တော်​သ​ဘော​ကျ သော​မိန်း​က​လေး​တစ်​ယောက်​ရှိ​ပါ​သည်။ သူ နှင့်​ထိမ်း​မြား​လက်​ထပ်​လို​သ​ဖြင့်​သူ့​အား တောင်း​ရမ်း​ပေး​ကြ​ပါ'' ဟု​ပြော​၏။
၃ သို့​ရာ​တွင်​သူ​၏​မိ​ဘ​တို့​က``သင်​သည်​မိန်း​မ တစ်​ယောက်​ရ​ရှိ​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​သော​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ သို့​အ​ဘယ်​ကြောင့်​သွား​ရ​ပါ​မည်​နည်း။ ငါ တို့​အ​မျိုး​သား​အ​ချင်း​ချင်း​အ​ထဲ​မှ​သော် လည်း​ကောင်း၊ ငါ​တို့​သား​ချင်း​စု​ထဲ​မှ​သော် လည်း​ကောင်း​မိန်း​က​လေး​တစ်​ယောက်​ကို ရှာ​၍​မ​ရ​နိုင်​ပါ​သ​လော'' ဟု​ပြန်​၍​မေး ကြ​၏။
ရှံ​ဆုန်​က​လည်း​မိ​မိ​၏​ဖ​ခင်​အား``ထို​အ​မျိုး သ​မီး​ကို​သာ​လျှင်​ကျွန်​တော်​၏​အ​တွက်​တောင်း ရမ်း​ပေး​စေ​လို​ပါ​သည်။ သူ့​အား​ကျွန်​တော်​နှစ် သက်​ပါ​သည်'' ဟု​ဆို​၏။
၄ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား တိုက်​ခိုက်​ရန်​အ​ခွင့်​အ​ခါ​ကို​ရှာ လျက်​ရှိ​သ​ဖြင့် ရှံ​ဆုန်​အား​ဤ​အ​မှု​အ​ရာ​ကို ပြု​စေ​တော်​မူ​လျက်​ရှိ​ကြောင်း​ကို​မူ​သူ​၏ မိ​ဘ​တို့​သည်​မ​သိ​ကြ။ ထို​ကာ​လ​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​ဝယ် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကြီး​စိုး​လျက်​နေ သော​ကာ​လ​တည်း။
၅ သို့​ဖြစ်​၍​ရှံ​ဆုန်​သည်​မိ​မိ​၏​မိ​ဘ​တို့​နှင့် အ​တူ​တိ​မ​န​မြို့​သို့​သွား​လေ​သည်။ သူ​တို့ သည်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ဖြတ်​သန်း​သွား ကြ​စဉ် ခြင်္သေ့​ငယ်​တစ်​ကောင်​ဟောက်​လျက်​နေ သံ​ကို​ရှံ​ဆုန်​ကြား​ရ​၏။- ၆ ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​သူ့​အား ရုတ်​တ​ရက်​သန်​စွမ်း​၍​လာ​စေ​တော်​မူ​၏။ သို့ ဖြစ်​၍​ရှံ​ဆုန်​သည်​မိ​မိ​၏​လက်​နှစ်​ဘက်​တည်း ဖြင့် ထို​ခြင်္သေ့​အား​ဆိတ်​ငယ်​က​လေး​ကို​ဆွဲ​ဖဲ့ သ​ကဲ့​သို့​ဆွဲ​ဖဲ့​ပစ်​လိုက်​လေ​သည်။ သို့​ရာ​တွင် သူ​သည်​မိ​မိ​ပြု​ခဲ့​သည့်​အ​မှု​ကို​မိ​ဘ​တို့ အား​မ​ပြော​ဘဲ​နေ​၏။
၇ ထို​နောက်​သူ​သည်​သူ​ငယ်​မ​ထံ​သို့​သွား​၍ တွေ့​ဆုံ​စ​ကား​ပြော​ကြည့်​ရာ​သူ​ငယ်​မ​ကို နှစ်​သက်​သ​ဘော​ကျ​လေ​သည်။- ၈ ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ရှံ​ဆုန်​သည် ထို​သူ​ငယ်​မ​နှင့်​လက်​ထပ်​ထိမ်း​မြား ရန်​ပြန်​လာ​၏။ ထို​ခ​ရီး​တွင်​သူ​သည်​လမ်း​မ မှ​လွှဲ​ရှောင်​ကာ မိ​မိ​ယ​ခင်​က​သတ်​ခဲ့​သည့် ခြင်္သေ့​ကို​ကြည့်​ရှု​ရန်​သွား​ရာ​ခြင်္သေ့​အ​သေ ကောင်​ထဲ​၌​ပျား​အုံ​နှင့်​ပျား​များ​ကို​တွေ့ ရှိ​ရ​သ​ဖြင့်​အံ့​သြ​၍​သွား​လေ​သည်။- ၉ သူ​သည်​ပျား​ရည်​အ​နည်း​ငယ်​ကို​လက်​ထဲ သို့​ခြစ်​ယူ​ကာ​ခ​ရီး​ပြု​ရင်း​စား​၏။ မိ​ဘ တို့​ထံ​သို့​ရောက်​သော​အ​ခါ​၌​သူ​တို့​အား လည်း​အ​နည်း​ငယ်​ပေး​၍​စား​စေ​၏။ သို့​ရာ တွင်​ပျား​ရည်​ကို​ခြင်္သေ့​အ​သေ​ကောင်​၏ အ​ထဲ​မှ​ရ​ရှိ​ကြောင်း​ကို​မူ​ရှံ​ဆုန်​သည် သူ​တို့​အား​မ​ပြော​ချေ။
၁၀ သူ​၏​ဖ​ခင်​သည်​ချွေး​မ​၏​အိမ်​သို့​တစ်​ဖန် သွား​ရောက်​၏။ ရှံ​ဆုန်​သည်​လူ​ပျို​လူ​ရွယ်​တို့ ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​စား​သောက် ပွဲ​ကို​ကျင်း​ပ​၏။- ၁၁ အ​ရပ်​သား​တို့​သည်​သူ့​ကို​မြင်​လျှင်​လူ​ပျို လူ​ရွယ်​သုံး​ဆယ်​ကို​သူ​နှင့်​အ​တူ​ပွဲ​ခံ​စေ ခြင်း​ငှာ​စေ​လွှတ်​လိုက်​ကြ​၏။- ၁၂ ရှံ​ဆုန်​က​သူ​တို့​အား``သင်​တို့​အား​စ​ကား ထာ​ကို​ငါ​ဝှက်​မည်။ သင်​တို့​သည်​မင်္ဂ​လာ​ဆောင် ပွဲ​ရက်​ခု​နစ်​ရက်​မ​လွန်​မီ​ဖော်​နိုင်​လျှင် ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ကို​ငါ​ပေး​မည်။- ၁၃ မ​ဖော်​နိုင်​လျှင်​ငါ့​အား​သင်​တို့​က​ခြုံ​ထည် သုံး​ဆယ်​နှင့်​အင်္ကျီ​သုံး​ဆယ်​ပေး​ကြ​ရ​မည်'' ဟု​ဆို​၏။
``သူ​တို့​က​စ​ကား​ထာ​ကို​ဝှက်​သာ​ဝှက်​ပါ။ ငါ​တို့​နား​ထောင်​ပါ​ရ​စေ'' ဟု​ဆို​ကြ​၏။
၁၄ ရှံ​ဆုန်​က၊
``စား​သူ့​အ​ထဲ​မှ​စား​စ​ရာ၊သန်​သူ့​အ​ထဲ​မှ​ချို မြိန်​ရာ၊ ထွက်​ပေါ်​လာ​ခဲ့​တာ''
ဟု​ဆို​လေ​သည်။ သုံး​ရက်​ကြာ​သော်​လည်း​ထို သူ​တို့​သည်​စ​ကား​ထာ​ကို​မ​ဖော်​နိုင်​ကြ သေး​ပေ။
၁၅ လေး​ရက်​မြောက်​သော​နေ့​၌​သူ​တို့​က ရှံ​ဆုန်​၏ ဇ​နီး​အား``သင်​၏​ခင်​ပွန်း​ကို​လှည့်​ဖြား​၍​ထို စ​ကား​ထာ​ကို​ငါ​တို့​သိ​ရှိ​ရ​အောင်​ဖော်​ပြ ခိုင်း​ပါ​လော့။ အ​ကယ်​၍​ဤ​သို့​သင်​မ​ပြု​ပါ မူ​သင်​နှင့်​တ​ကွ​သင့်​ဖ​ခင်​၏​နေ​အိမ်​ကို​ပါ ငါ​တို့​မီး​ရှို့​ဖျက်​ဆီး​ပစ်​မည်။ သင်​တို့​ဇ​နီး မောင်​နှံ​နှစ်​ယောက်​သည် ငါ​တို့​၏​ပစ္စည်း​ဥစ္စာ ကို​လု​ယူ​လို​၍​ငါ​တို့​အား​ဖိတ်​ခေါ်​ခဲ့ သည်​မ​ဟုတ်​လော'' ဟု​ကြိမ်း​မောင်း​ကြ​၏။
၁၆ ထို့​ကြောင့်​ရှံ​ဆုန်​၏​ဇ​နီး​သည်​မျက်​ရည်​စက် လက်​နှင့်​သူ့​ထံ​သို့​သွား​၍``သင်​သည်​ကျွန်​မ ကို​ချစ်​သူ​မ​ဟုတ်။ မုန်း​သူ​သာ​ဖြစ်​သည်။ ကျွန်​မ အား​မ​ဖော်​ပြ​ဘဲ​ကျွန်​မ​၏​မိတ်​ဆွေ​များ​အား စ​ကား​ထာ​ဝှက်​ထား​လေ​ပြီ'' ဟု​ဆို​လေ​သည်။
ရှံ​ဆုန်​က​လည်း``ငါ​သည်​မိ​ဘ​တို့​ကို​ပင်​မ ဖော်​ပြ​ဘဲ သင့်​အား​ဖော်​ပြ​ရ​မည်​လော'' ဟု ပြန်​ပြော​၏။- ၁၇ ထို​အ​မျိုး​သ​မီး​သည်​ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ပွဲ​ရက်​ခု​နစ်​ရက်​စ​လုံး​ပင်​ငို​ကြွေး​လျက်​နေ​၏။ သို့​ရာ​တွင်​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​သူ သည်​အ​လွန်​ပူ​ဆာ​သ​ဖြင့် ရှံ​ဆုန်​သည်​သူ့​အား စ​ကား​ထာ​ကို​ဖော်​ပြ​လိုက်​တော့​၏။ ထို​အ​ခါ သူ​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား ပြော​ပြ​လိုက်​လေ​သည်။- ၁၈ သို့​ဖြစ်​၍​ခု​နစ်​ရက်​မြောက်​သော​နေ့​၌​အိပ် ခန်း​အ​တွင်း​သို့ ရှံ​ဆုန်​မ​ဝင်​မီ​ထို​မြို့​သား တို့​က၊
``ပျား​ရည်​ထက်​ချို​မြိန်​သော​အ​ရာ၊ ခြင်္သေ့​ထက်​သန်​စွမ်း​သော​သူ​ရှိ​နိုင်​ပါ​သ​လော''
ဟု​ဆို​ကြ​၏။ ရှံ​ဆုန်​က​လည်း
``အ​ကယ်​၍​သင်​တို့​သည်​ငါ​၏​နွား​မ​နှင့် မ​ထွန်​မ​ယက်​ရ​လျှင်
ငါ့​စ​ကား​ထာ​ကို​ဖော်​ပြ​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်''
ဟု​ပြန်​ပြော​လေ​သည်။
၁၉ ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရှံ​ဆုန် အား ရုတ်​တ​ရက်​သန်​စွမ်း​၍​လာ​စေ​တော်​မူ သ​ဖြင့် သူ​သည်​အာ​ရှ​ကေ​လုန်​မြို့​သို့​သွား ပြီး​လျှင်​လူ​သုံး​ဆယ်​ကို​သတ်​၍ ဝတ်​ကောင်း စား​လှ​များ​ကို​ချွတ်​ယူ​ကာ​စ​ကား​ထာ ကို​ဖော်​ပြ​သော​သူ​တို့​အား​ပေး​အပ်​လိုက်​၏။ ထို​နောက်​သူ​သည်​အ​မျက်​ထွက်​၍​မိ​မိ​အိမ် သို့​ပြန်​သွား​လေ​သည်။- ၂၀ သူ​၏​ဇ​နီး​ကို​မင်္ဂ​လာ​ဆောင်​ပွဲ​တွင်​ရှံ​ဆုန် ၏​လူ​ပျို​ရံ​ဖြစ်​သူ​နှင့်​ပေး​စား​လိုက်​ကြ​၏။