၂၈
၁ ထိုအခါဣဇာက်သည်ယာကုပ်ကိုခေါ်ပြီး လျှင်``သင်သည်ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်မပြုရ။-
၂ သင်၏အဖိုးဗေသွေလနေထိုင်ရာမက်ဆိုပို တေးမီးယားပြည်သို့ယခုသွားလော့။ သင့်ဦး လေးလာဗန်၏သမီးတစ်ယောက်ယောက်နှင့် အိမ်ထောင်ပြုလော့။-
၃ အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။-
၄ ဘုရားသခင်သည်အာဗြဟံအားကောင်း ချီးပေးသည့်နည်းတူ သင်နှင့်သင်၏အဆက် အနွယ်တို့အားကောင်းချီးပေးပါစေသော။ အာဗြဟံအားဘုရားသခင်ပေးတော်မူ သော သင်ယခုနေထိုင်သောပြည်ကိုအပိုင် ရပါစေသော'' ဟုကောင်းချီးပေး၍မှာကြား လေ၏။-
၅ ဣဇာက်သည်ရှုရိအမျိုးသားဗေသွေလ ၏သားလာဗန် နေထိုင်ရာပါဒနာရံပြည် သို့ယာကုပ်ကိုစေလွှတ်၏။ လာဗန်သည် ယာကုပ်နှင့်ဧသောတို့၏မိခင်ရေဗက္က၏ မောင်ဖြစ်သတည်း။
ဧသောနောက်ထပ်မယားယူခြင်း
၆ ဣဇာက်ကယာကုပ်အားကောင်းချီးပေး၍မယား ရှာရန် ပါဒနာရံပြည်သို့စေလွှတ်လိုက်ကြောင်း ကိုလည်းကောင်း၊ ထိုသို့ယာကုပ်အားကောင်းချီး ပေးစဉ်ခါနာန်အမျိုးသမီးနှင့်အိမ်ထောင် မပြုရဟူ၍မှာကြားကြောင်း၊-
၇ ယာကုပ်သည်မိဘတို့၏စကားကိုနားထောင်၍ ပါဒနာရံပြည်သို့သွားပြီဖြစ်ကြောင်းကို ဧသောသိရှိလေ၏။-
၈ ဧသောသည်ခါနာန်အမျိုးသမီးများကို ဖခင်ဣဇာက်မနှစ်သက်ကြောင်းသိရသဖြင့်၊-
၉ အာဗြဟံ၏သားဣရှမေလထံသို့သွားပြီး လျှင် သူ၏သမီးမဟာလတ်နှင့်အိမ်ထောင်ပြု လေသည်။ မဟာလတ်သည်ကားနဗာယုတ်၏ နှမဖြစ်သတည်း။
ဗေသလအရပ်၌ယာကုပ်၏အိပ်မက်
၁၀ ယာကုပ်သည်ဗေရရှေဘအရပ်မှခါရန် မြို့သို့ခရီးထွက်ခဲ့လေသည်။-
၁၁ နေဝင်ချိန်၌သူသည်တစ်နေရာသို့ရောက် ရှိ၍ခရီးတစ်ထောက်နားလေသည်။ သူသည် ကျောက်တုံးတစ်တုံးကိုခေါင်းအုံး၍အိပ်သည်။-
၁၂ ထိုသို့အိပ်နေစဉ်အိပ်မက်ထဲ၌မြေပြင်မှမိုး ကောင်းကင်သို့တိုင်အောင်ထောင်လျက်ရှိသော လှေကားပေါ်တွင် ကောင်းကင်တမန်များတက် လျက်ဆင်းလျက်ရှိသည်ကိုမြင်ရ၏။-
၁၃ ထိုနောက်ထာဝရဘုရားသည်သူ့အနီးတွင် ရပ်နေသည်ကိုမြင်ရ၏။ ထာဝရဘုရားက``ငါ သည်အာဗြဟံ၊ ဣဇာက်တို့၏ဘုရားတည်းဟူ သောထာဝရဘုရားဖြစ်၏။ သင်ယခုနားနေ ရာပြည်ကိုသင်နှင့်သင်၏အဆက်အနွယ်တို့ အားငါပေးမည်။-
၁၄ သင်၏အဆက်အနွယ်တို့သည်မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ သူတို့၏နယ်မြေသည်အရပ် လေးမျက်နှာသို့ကျယ်ပြန့်လိမ့်မည်။ ငါသည် သင်နှင့်သင်၏အဆက်အနွယ်တို့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
၁၅ ငါသည်သင်နှင့်အတူရှိ၍သင်သွားရာ အရပ်၌သင့်ကိုစောင့်ရှောက်မည်။ သင့်ကိုဤ ပြည်သို့တစ်ဖန်ပို့ဆောင်ဦးမည်။ ငါသည်သင့် အားထားသောကတိအတိုင်းအကောင်အထည် မပေါ်မီသင့်ကိုစွန့်ပစ်၍မထား'' ဟုမိန့်တော် မူ၏။
၁၆ ထိုနောက်ယာကုပ်သည်အိပ်ရာမှနိုး၍``ထာဝရ ဘုရားသည်စင်စစ်ဤအရပ်၌ရှိတော်မူ၏။ ရှိ တော်မူကြောင်းငါမသိပါတကား'' ဟုဆို လေ၏။-
၁၇ သူသည်ကြောက်ရွံ့လျက်``ဤအရပ်သည်ကြောက်မက် ဖွယ်ကောင်းသောအရပ်ဖြစ်ပါသည်တကား။ ဘုရားသခင်ကျိန်းဝပ်တော်မူရာဗိမာန်ကောင်းကင်ဘုံ တံခါးဝပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။
၁၈ ယာကုပ်သည်နောက်တစ်နေ့နံနက်စောစော အိပ်ရာမှ နိုးထ၍သူခေါင်းအုံးသောကျောက်တုံးကိုယူပြီး လျှင် မှတ်တိုင်အဖြစ်စိုက်ထူလေသည်။ ထိုနောက်မှတ် တိုင်ပေါ်တွင်သံလွင်ဆီလောင်းလျက် ထိုမှတ်တိုင် ကိုဘုရားသခင်အားဆက်ကပ်လေ၏။-
၁၉ ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
၂၀ ထိုနောက်ယာကုပ်ကထာဝရဘုရားအား ``ကိုယ်တော်ရှင်သည်အကျွန်ုပ်နှင့်အတူရှိ၍ အကျွန်ုပ်သွားရမည့်ခရီး၌စောင့်ရှောက်လျက် အစားအစာနှင့်အဝတ်ကိုပေးသနားတော် မူပြီးလျှင်၊-
၂၁ အကျွန်ုပ်ဖခင်အိမ်သို့ချောမောစွာပြန်လည်ပို့ ဆောင်တော်မူပါကကိုယ်တော်ရှင်သည်အကျွန်ုပ် ဘုရားဖြစ်တော်မူမည်။-
၂၂ အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။