အာဗြံကလောတကိုကယ်ခြင်း
၁၄
၁ ဘုရင်လေးပါးဖြစ်ကြသောဗာဗုလုန်ဘုရင် အံရဖေလ၊ ဧလာသာဘုရင်အာရုတ်၊ ဧလံ ဘုရင်ခေဒေါရလောမာနှင့်ဂေါအိမ်ဘုရင် တိဒလတို့သည်၊-
၂ ဘုရင်ငါးပါးဖြစ်ကြသောသောဒုံဘုရင်ဗေရ၊ ဂေါမာဘုရင်ဗိရရှ၊ အာဋ္ဌမာဘုရင်ရှိနပ်၊ ဇေဘိုင်ဘုရင်ရှေမဘာနှင့်ဗေလာ(သို့မဟုတ် ဇောရ) ဘုရင်တို့အားစစ်ချီတိုက်ခိုက်ကြ လေ၏။-
၃ ဤဘုရင်ငါးပါးတို့သည်မဟာမိတ်ဖွဲ့၍ ယခုအခါပင်လယ်သေဟုခေါ်သော စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စစ်စခန်းချလျက်ရှိကြ၏။-
၄ ထိုဘုရင်တို့သည်ခေဒေါရလောမာဘုရင် လက်အောက်တွင် တစ်ဆယ့်နှစ်နှစ်မျှအအုပ် အချုပ်ခံနေရပြီး တစ်ဆယ့်သုံးနှစ်ကြာ သောအခါ ထိုမင်းအားပုန်ကန်ကြလေသည်။-
၅ တစ်ဆယ့်လေးနှစ်သို့ရောက်လျှင်ခေဒေါရလောမာ ဘုရင်သည် မဟာမိတ်တပ်ဖွဲ့တို့နှင့်အတူစစ်ချီ လာ၍ အာရှတရုတ်ကာနိမ်မြို့တွင်ရေဖိမ်အမျိုး သားများကိုလည်းကောင်း၊ ဟာမမြို့တွင်ဇူဇိမ် အမျိုးသားများကိုလည်းကောင်း၊ ကိရယသိမ် လွင်ပြင်တွင်ဧမိမ်အမျိုးသားများကိုလည်း ကောင်း၊-
၆ ဧဒုံစိရတောင်များပေါ်တွင်ဟောရိအမျိုး သားများကိုလည်းကောင်း တိုက်ခိုက်အောင်မြင်၍ တောကန္တာရအစပ်ရှိဧလပါရန်မြို့အထိ လိုက်လံတိုက်ခိုက်လေသည်။-
၇ ထိုနောက်အပြန်ခရီးတွင်ကာဒေရှမြို့(ထိုစဉ်က အင်မိရှပတ်ဟုတွင်သည်) သို့ရောက်ပြီးလျှင် အာမလက်ပြည်တစ်ခုလုံးနှင့်ဟာဇဇုန္တာမာ မြို့၌နေထိုင်ကြသော အာမောရိအမျိုးသား တို့ကိုတိုက်ခိုက်အောင်မြင်လေသည်။
၈ ထို့နောက်ဘုရင်ငါးပါးဖြစ်ကြသည့်သောဒုံဘုရင်၊ ဂေါမောရဘုရင်၊ အာဋ္ဌမာဘုရင်၊ ဇေဘိုင်ဘုရင် နှင့်ဗေလာဘုရင်တို့၏စစ်သည်များသည်စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စုရုံး၍၊-
၉ ဘုရင်လေးပါးဖြစ်ကြသောဧလံဘုရင်၊ ဂေါအိမ် ဘုရင်၊ ဗာဗုလုန်ဘုရင်၊ ဧလာသာဘုရင်တို့နှင့် စစ်တိုက်ကြ၏။-
၁၀ ထိုချိုင့်ဝှမ်းတွင်ကတ္တရာတွင်းများပြည့်နှက်လျက် ရှိရာ သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည် စစ်ရေးမလှသဖြင့် ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျကြကုန်၏။ ကျန်သော ဘုရင်သုံးပါးတို့သည်တောင်များပေါ်သို့ထွက် ပြေးကြလေသည်။-
၁၁ အောင်ပွဲရဘုရင်လေးပါးတို့သည်သောဒုံမြို့ နှင့်ဂေါမောရမြို့များမှ စားနပ်ရိက္ခာနှင့်တကွ ရှိသမျှပစ္စည်းတို့ကိုသိမ်းယူ၍ထွက်ခွာသွား ကြသည်။-
၁၂ သောဒုံမြို့တွင်နေထိုင်သောအာဗြံ၏တူ လောတနှင့်တကွ သူ၏ပစ္စည်းရှိသမျှတို့ ကိုဖမ်းဆီးယူဆောင်သွားကြလေသည်။
၁၃ ထိုမြို့သားတစ်ယောက်သည် ရန်သူလက်မှလွတ် မြောက်ထွက်ပြေးလာ၍ဟေဗြဲအမျိုးသား အာဗြံအား အထက်ပါအဖြစ်အပျက်အကြောင်း စုံကိုပြောပြလေ၏။ အာဗြံသည်အာမောရိ အမျိုးသား မံရေပိုင်သောသစ်ပင်များအနီး တွင်နေထိုင်လျက်ရှိသည်။ မံရေနှင့်သူ၏ညီ များဖြစ်ကြသောဧရှကောလနှင့် အာနေရ တို့သည်အာဗြံ၏မဟာမိတ်များဖြစ်ကြ၏။-
၁၄ သူ၏တူဖမ်းဆီးခြင်းခံရကြောင်းကိုကြား သိရသောအခါ အာဗြံသည်သူ၏စခန်းမှ တိုက်ရည်ခိုက်ရည်ရှိသူသုံးရာတစ်ဆယ့်ရှစ် ယောက်တို့ကိုစုရုံးပြီးလျှင် ဘုရင်လေးပါး နောက်သို့ဒန်မြို့တိုင်အောင်လိုက်လေ၏။-
၁၅ ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊-
၁၆ သိမ်းယူသွားသောပစ္စည်းအားလုံးကိုပြန်လည် ရရှိလေသည်။ တူလောတနှင့်သူ၏ပစ္စည်းများ ကိုလည်းကောင်း၊ အမျိုးသမီးများနှင့်အခြား အဖမ်းခံရသူများကိုလည်းကောင်း ပြန်လည် ခေါ်ဆောင်ခဲ့လေသည်။
မေလခိဇေဒက်ကအာဗြံကိုကောင်းချီးပေးခြင်း
၁၇ အာဗြံသည်ခေဒေါရလောမာဘုရင်နှင့် အခြား အပေါင်းပါဘုရင်တို့ကိုတိုက်ခိုက်အောင်မြင်၍ ပြန်လာသောအခါ သောဒုံဘုရင်သည်ခရီးဦး ကြိုဆိုရန်ရှာဝေချိုင့်ဝှမ်း(ဘုရင့်ချိုင့်ဝှမ်းဟု လည်းခေါ်တွင်၏) သို့သွားရောက်လေ၏။-
၁၈ အမြင့်ဆုံးသောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဖြစ်၍ ရှာလင်ဘုရင်လည်းဖြစ်သောမေလခိ ဇေဒက်သည် အာဗြံထံသို့မုန့်နှင့်စပျစ်ရည်ကို ယူခဲ့ပြီးလျှင်၊-
၁၉ သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။-
၂၀ သင်၏ရန်သူများကိုအောင်စေသည့်အမြင့်ဆုံး သောထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုမြွက်ဆိုလေ၏။ အာဗြံကလည်းမိမိသိမ်းယူခဲ့သောပစ္စည်း အားလုံးမှဆယ်ပုံတစ်ပုံကို ယဇ်ပုရောဟိတ် မင်းအားပေးလှူလိုက်လေ၏။
၂၁ သောဒုံဘုရင်က``ကိုယ်တော်သိမ်းယူခဲ့သမျှ သောပစ္စည်းများကိုအပိုင်ယူပါ။ ကျွန်ုပ်၏လူ တို့ကိုသာပြန်ပေးပါ'' ဟုအာဗြံအားဆို၏။
၂၂-၂၄ ထိုအခါအာဗြံက``သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်'' ဟုဖြေကြား လေ၏။