အီဂျစ်ဘုရင်ကိုမိကျောင်းနှင့်နှိုင်းယှဉ်ခြင်း
၃၂
၁ ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ဒွါဒသမလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
၂ ကိုယ်တော်က``အီဂျစ်ဘုရင်အားကြပ်တည်း စွာသတိပေးရမည်မှာသင်သည်လူမျိုး တကာတွင်ခြင်္သေ့ကဲ့သို့ပြုကျင့်တတ်သော် လည်း တဗွမ်းဗွမ်းဖြင့်မြစ်ထဲ၌လှုပ်ရှား သည့်မိချောင်းနှင့်ပို၍တူ၏။ သင်၏ခြေဖြင့် မြစ်ရေကိုနောက်ကျိစေရန်မွှေနှောက်၏။-
၃ အရှင်ထာဝရဘုရားကလူမျိုးတကာ တို့တွေ့ဆုံစုဝေးကြသောအခါ ငါသည် သင့်အားပိုက်ကွန်ဖြင့်အုပ်၍ဖမ်းကာသူ တို့အားကမ်းသို့ဆွဲတင်စေမည်။-
၄ ထိုနောက်ကုန်းပေါ်တွင်ချထားစေပြီး ကွင်း ပြင်ထဲသို့ဆွဲသွားမည်။ ကမ္ဘာပေါ်ရှိငှက် များနှင့်တိရစ္ဆာန်တို့၏အစာဖြစ်စေမည်။-
၅ သင်၏ပုပ်ပျက်နေသောအလောင်းဖြင့် တောင်များ၊ ချိုင့်ဝှမ်းများကိုငါဖုံးလွှမ်းမည်။-
၆ မြေကြီးကိုသင်၏သွေးနှင့်စိုစေမည်။ ထို သွေးသည်တောင်ထိပ်တိုင်အောင်စိုမည်။ မြစ် တို့သည်သင့်သွေးဖြင့်ပြည့်လျှံလိမ့်မည်။-
၇ သင့်အားသုတ်သင်ဖျက်ဆီးချိန်၌ငါသည် မိုးကောင်းကင်ကိုဖုံးအုပ်ကွယ်ကာ၍ ကြယ် တာရာများကိုကွယ်ပျောက်စေမည်။ နေကို မိုးတိမ်များဖုံးအုပ်လိမ့်မည်။ လသည် လည်းအလင်းရောင်ပေးလိမ့်မည်မဟုတ်။-
၈ ငါသည်မိုးကောင်းကင်မှအလင်းအိမ်ရှိ သမျှကိုကွယ်ပျောက်စေ၍သင့်ပြည်၌ အမှောင်ကျစေမည်။ ဤကားငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
၉ ``သင်အဘယ်အခါကမျှမကြားခဲ့ဘူး သည့်တိုင်းပြည်များသို့ သင်ပျက်စီးသည့် သတင်းကိုငါလွှင့်လိုက်သောအခါလူမျိုး တကာတို့သည်စိတ်ဒုက္ခရောက်ကြလိမ့်မည်။-
၁၀ သင့်အားငါပြုသောအမှုကြောင့်သူတို့ သည်အံ့အားသင့်ကြလိမ့်မည်။ ငါသည်ဋ္ဌား ကိုဝှေ့ယမ်းလိုက်သောအခါရှင်ဘုရင် များသည်ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ သင်ပြိုလဲသောနေ့၌သူတို့အားလုံးပင် မိမိတို့၏အသက်အန္တရာယ်အတွက်စိုး ရိမ်ပူပန်ကာ ထိတ်လန့်တုန်လှုပ်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
၁၁ အရှင်ထာဝရဘုရားကအီဂျစ်ဘုရင် အား``သင်သည်ဗာဗုလုန်ဘုရင်၏ဋ္ဌားကို ရင်ဆိုင်ရလိမ့်မည်။-
၁၂ ငါသည်ရက်စက်သောလူမျိုးတို့၏စစ်သူရဲ တို့အားဋ္ဌားလက်နက်ကိုင်စွဲစေပြီးလျှင် သင် ၏ပြည်သားအပေါင်းကိုသတ်ဖြတ်စေမည်။ သင်၏လူအပေါင်းနှင့်သင်ဂုဏ်ယူဝါကြွား သမျှသောအရာတို့သည်ဖျက်ဆီးခြင်း ကိုခံရမည်။-
၁၃ ငါသည်သင်၏တိရစ္ဆာန်များကိုသူတို့ရေ သောက်ရာအရပ်မှန်သမျှတို့တွင်သတ်ဖြတ် မည်။ ရေကိုနောက်စေမည့်လူနှင့်တိရစ္ဆာန်ရှိ တော့မည်မဟုတ်။-
၁၄ ငါသည်သင်၏ရေတို့ကိုအနယ်ထိုင်၍ ကြည်လင်လာစေမည်။ သင်၏မြစ်များကို လည်းဆီကဲ့သို့ငြိမ်သက်စွာစီးစေမည်။ ဤ ကားငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။-
၁၅ အီဂျစ်ပြည်ကိုလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်စေ၍ ဥစ္စာပစ္စည်းရှိသမျှကိုဖျက်ဆီး၍ ထိုပြည်တွင်နေထိုင်ကြသူလူအပေါင်း အား သုတ်သင်ဖျက်ဆီးပစ်သောအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။-
၁၆ ဤသို့ကြပ်တည်းစွာငါသတိပေးသော စကားများသည်ငိုချင်းဖြစ်လာလိမ့်မည်။ အမျိုးသမီးတို့သည်အီဂျစ်ပြည်နှင့်ထို ပြည်သားအပေါင်းတို့အတွက်ငိုကြွေးမြည် တမ်းကာ ထိုငိုချင်းကိုသီဆိုကြလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏'' ဟုမိန့် တော်မူ၏။
မရဏာနိုင်ငံသို့
၁၇ ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ပထမလ၊ လဆန်းတစ်ဆယ့်ငါးရက် နေ့၌ထာဝရဘုရား၏နှုတ်ကပတ်တော် သည်ငါ့ထံသို့ရောက်လာ၏။-
၁၈ ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ပြည်မှ မြောက်မြားစွာသောလူအပေါင်းတို့အတွက် ငိုကြွေးမြည်တမ်းလော့။ သူမကိုအခြားတန် ခိုးကြီးသူလူမျိုးများ၏သမီးပျိုများ နှင့်အတူ မရဏာနိုင်ငံသို့ပို့ဆောင်လော့။
၁၉ သူတို့အားဆင့်ဆိုရမည်မှာ
သင်တို့သည်သူတစ်ပါးထက်ပို၍ တင့်တယ်ကြသလော။
လူသေတို့၏ကမ္ဘာသို့ဆင်း၍အရေဖျား လှီးမင်္ဂလာ မခံသူတို့နှင့်အတူအိပ်ကြလော့။
၂၀ ``အီဂျစ်ပြည်သူတို့သည်စစ်ပွဲတွင်ကျဆုံး သူများနှင့်အတူ သေကြလိမ့်မည်။ အီဂျစ် ပြည်သူအပေါင်းတို့အားသုတ်သင်ပစ်၍ ဆွဲထုတ်သွားရန် ဋ္ဌားသည်အဆင်သင့်ရှိနေ၏။-
၂၁ အပြောင်မြောက်ဆုံးသူရဲကောင်းများက အီဂျစ်ပြည်သားတို့နှင့်သူတို့ဘက်မှတိုက် ခိုက်သူများကို မရဏာနိုင်ငံမှကြိုဆို ကြလိမ့်မည်။ သူတို့က`စစ်ပွဲတွင်ကျဆုံးခဲ့ ကြသောအရေဖျားလှီးမင်္ဂလာမခံသူ တို့သည် ဤအရပ်သို့ဆင်းသက်ကာအိပ် ကြပြီ' ဟုအော်ဟစ်ကြ၏။''
၂၂ ``အာရှုရိသည်မိမိစစ်သူရဲတို့၏သင်္ချိုင်း များခြံရံလျက်ထိုအရပ်တွင်ရှိ၏။ သူတို့ အားလုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများ ဖြစ်ကြ၏။-
၂၃ သူတို့၏သင်္ချိုင်းများသည်မရဏာနိုင်ငံ ၏အနက်ရှိုင်းဆုံးအရပ်၌ရှိ၏။ အာရှုရိ စစ်သူရဲအားလုံးသည်စစ်ပွဲတွင်ကျဆုံး ၍သူတို့၏သင်္ချိုင်းများသည်အာရှုရိ၏ ဂူကိုဝိုင်းရံလျက်နေ၏။ သို့ရာတွင်အခါ တစ်ပါးကသူတို့သည်အသက်ရှင်သူတို့ ကိုတုန်လှုပ်ချောက်ချားစေခဲ့သူများဖြစ် သတည်း။
၂၄ ``ဧလံသည်မိမိစစ်သူရဲတို့၏သင်္ချိုင်းများ ခြံရံလျက် ထိုအရပ်တွင်ရှိ၏။ သူတို့အား လုံးပင်စစ်ပွဲတွင်ကျဆုံးခဲ့သူများဖြစ်၍ အရေဖျားလှီးမင်္ဂလာမခံဘဲမရဏာ နိုင်ငံသို့ဆင်းသက်သွားသူများဖြစ်ကြ၏။ အသက်ရှင်စဉ်အခါကသူတို့သည်သူ တစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင် ပြုခဲ့ကြသော်လည်းယခုအခါ၌မူ မရဏာနိုင်ငံသို့ဆင်းသက်သူများ နှင့်အတူအသရေပျက်၍သေရကြ လေပြီ။-
၂၅ ဧလံသည်စစ်ပွဲတွင်ကျဆုံးသူများနှင့် အတူလဲ၍နေရ၏။ သူ၏ပတ်လည်၌စစ် သူရဲတို့၏သင်္ချိုင်းများရှိ၏။ ထိုသူတို့ အားလုံးပင်အရေဖျားလှီးမင်္ဂလာမခံသူ များနှင့်စစ်ပွဲတွင်ကျဆုံးသူများဖြစ် ကြ၏။ သူတို့သည်အသက်ရှင်စဉ်အခါ ကသူတစ်ပါးတို့အားတုန်လှုပ်ချောက် ချားအောင်ပြုခဲ့ကြသော်လည်း ယခု အခါ၌မူစစ်ပွဲတွင်ကျဆုံးသူတို့၏ ကံကြမ္မာကိုခံယူကာ မရဏာနိုင်ငံသို့ ဆင်းသက်သူများနှင့်အတူအသရေ ပျက်၍သေရကြလေပြီ။
၂၆ ``မေရှက်နှင့်တုဗလတို့သည်မိမိတို့၏ စစ်သူရဲသင်္ချိုင်းများခြံရံလျက်ထိုအရပ် တွင်ရှိကြ၏။ သူတို့အားလုံးသည်အရေဖျား လှီးမင်္ဂလာမခံဘဲစစ်ပွဲတွင်ကျဆုံးကြ၍ မရဏာနိုင်ငံသို့ဆင်းသက်ရကြ၏။ သို့ ရာတွင်သူတို့သည်အခါတစ်ပါးက အသက်ရှင်သူတို့ကိုထိတ်လန့်တုန်လှုပ် စေခဲ့သူများဖြစ်ကြ၏။-
၂၇ သူတို့သည်လက်နက်အပြည့်အစုံကိုင်စွဲ လျက်မရဏာနိုင်ငံသို့ဆင်းသက်သူရှေး သူရဲကောင်းကြီးများကဲ့သို့ မိမိတို့၏ဋ္ဌား များကိုဦးခေါင်းအောက်တွင်လည်းကောင်း၊ ဒိုင်းလွှားများကိုရင်ပတ်ပေါ်တွင်လည်းကောင်း ထားရှိကာဂုဏ်ပြုသင်္ဂြိုဟ်ခြင်းကိုမခံရ ကြ။ သူတို့သည်အရေဖျားလှီးမင်္ဂလာမခံ သူအခြားကျဆုံးလေပြီးသော စစ်သူရဲ ကောင်းများနှင့်အတူလဲလျောင်းနေလေပြီ။ ဤသူရဲကောင်းများသည်အခါတစ်ပါး ကအသက်ရှင်သူတို့ကိုတုန်လှုပ်ချောက် ချားရန် ပြုလုပ်သည့်တန်ခိုးကြီးမားသူ များဖြစ်ခဲ့ကြ၏။
၂၈ ``အီဂျစ်ပြည်သားတို့သည်စစ်ပွဲတွင်ကျဆုံး ခဲ့သောအရေဖျားလှီးမင်္ဂလာမခံသူတို့နှင့် အတူ ချေမှုန်းခြင်းခံရကြမည်မှာဤနည်း အတိုင်းပင်ဖြစ်သတည်း။
၂၉ ``ဧဒုံသည်လည်းမိမိ၏ဘုရင်များ၊ မင်းညီမင်း သားများနှင့်ထိုအရပ်တွင်ရှိ၏။ သူတို့သည်စွမ်း အားကြီးသည့်စစ်သူရဲများဖြစ်သော်လည်း စစ် ပွဲတွင်ကျဆုံးခဲ့သည့်အရေဖျားလှီးမင်္ဂလာ မခံသူတို့နှင့်အတူမရဏာနိုင်ငံတွင်လဲ လျက်နေရကြလေပြီ။
၃၀ ``မြောက်အရပ်မှမင်းညီမင်းသားများနှင့် ဇိဒုန်မြို့သားတို့သည်ထိုအရပ်တွင်ရှိကြ ၏။ အခါတစ်ပါးကသူတို့သည်မိမိတို့ ၏တန်ခိုးအာဏာဖြင့်သူတစ်ပါးတို့အား ထိတ်လန့်တုန်လှုပ်အောင်ပြုခဲ့ကြသော်လည်း ယခုအခါ၌စစ်ပွဲတွင်ကျဆုံးသူများ နှင့်အတူအသရေပျက်၍ သေကြပြီး လျှင်အရေဖျားလှီးမင်္ဂလာမခံရသူ များနှင့်အတူသေသူတို့ကမ္ဘာသို့ဆင်း သက်ကြရ၏။
၃၁ ``အီဂျစ်ဘုရင်နှင့် သူ၏တပ်မတော်သည် စစ်ပွဲတွင်ကျဆုံးသော ထိုသူအပေါင်းကို တွေ့မြင်သောအခါမိမိတို့ကိုယ်ကိုနှစ် သိမ့်နိုင်ကြလိမ့်မည်'' ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
၃၂ ``အီဂျစ်ဘုရင်သည်အသက်ရှင်သူတို့ကို တုန်လှုပ်ချောက်ချားအောင်ပြုခဲ့၏။ သို့ရာ တွင်သူနှင့်သူ၏စစ်သူရဲအပေါင်းတို့သည် သုတ်သင်ခြင်းကိုခံရ၏။ စစ်ပွဲတွင်ကျဆုံး ခဲ့သောအရေဖျားလှီးမင်္ဂလာမခံသူတို့ နှင့်အတူမြှုပ်နှံခြင်းကိုခံရလိမ့်မည်။'' ဤကားအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။