၈
ထိုလူသတ်မှုတွင်ရှောလုသည် အလိုတူ အလိုပါဖြစ်သတည်း။
အသင်းတော်ဝင်တို့ကိုရှောလု နှိပ်စက်ညှဉ်းဆဲခြင်း
၁ ထိုနေ့မှစ၍ယေရုရှလင်မြို့ရှိအသင်းတော် ဝင်အပေါင်းတို့သည် နှိပ်စက်ညှဉ်းဆဲခြင်းကို ပြင်းထန်စွာခံရကြ၏။ သို့ဖြစ်၍သူတို့သည် ယုဒပြည်နှင့် ရှမာရိပြည်များသို့ကွဲလွင့် သွားကြကုန်၏။ တမန်တော်များသာလျှင် ကျန်ရစ်ခဲ့ကြ၏။-
၂ ဘုရားတရားကြည်ညိုသူလူအချို့တို့ သည် သတေဖန်ကိုသင်္ဂြိုဟ်၍သည်းစွာငိုကြွေး မြည်တမ်းကြ၏။
၃ သို့ရာတွင်ရှောလုသည်အသင်းတော်ကို ပျောက်ပျက်စေရန်ကြိုးစားလျက်နေ၏။ သူ သည်တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယုံကြည်သူ အမျိုးသားအမျိုးသမီးတို့ကိုဆွဲထုတ်ကာ အကျဉ်းထောင်တွင်ချုပ်နှောင်ထားလေသည်။
ရှမာရိပြည်တွင်သတင်းကောင်းကိုဟောပြောခြင်း
၄ ကွဲလွင့်သွားသည့်ယုံကြည်သူတို့သည် အရပ် ရပ်သို့သွား၍တရားတော်ကိုဟောပြောကြ၏။-
၅ ဖိလိပ္ပုသည်ရှမာရိပြည်၏မြို့တော်သို့သွား၍ မေရှိယ၏အကြောင်းကိုဟောပြော၏။-
၆ လူပရိသတ်တို့သည်ဖိလိပ္ပုပြသည့်နိမိတ် လက္ခဏာများကိုမြင်သဖြင့် သူ၏တရား စကားကိုအာရုံစိုက်၍နာယူကြ၏။-
၇ နတ်မိစ္ဆာပူးဝင်နေသူအမြောက်အမြားထဲမှ နတ်မိစ္ဆာများသည် အသံကျယ်စွာဟစ်အော် လျက်ထွက်ခွာသွားကြ၏။ လေဖြတ်သူ၊ ခြေ လက်မစွမ်းမသန်သူများသည်လည်းရောဂါ ပျောက်သွားကြ၏။-
၈ သို့ဖြစ်၍ထိုမြို့သူမြို့သားတို့သည်လွန်စွာ ဝမ်းမြောက်ကြ၏။
၉ ထိုမြို့၌ရှိမုန်ဆိုသူလူတစ်ယောက်ရှိ၏။ သူ သည်မိမိကိုယ်ကိုခေါင်းဆောင်ကြီးဟုဆိုကာ ရှမာရိအမျိုးသားတို့အားမှော်အတတ်ကို ပြ၍လွန်စွာအံ့သြစေ၏။-
၁၀ သို့ဖြစ်၍အတန်းအစားအမျိုးမျိုးမှလူ အပေါင်းတို့သည်``ဤသူကားမဟာတန်ခိုး တော်ဟုခေါ်သော ဘုရား၏တန်ခိုးတော်တည်း'' ဟုဆို၍ရှိမုန်၏စကားကိုအာရုံစိုက်၍ နားထောင်ကြ၏။-
၁၁ သူတို့သည်ရှိမုန်၏မှော်အတတ်ကိုအံ့သြ လျက်နေခဲ့ကြသည်မှာကြာပြီဖြစ်သော ကြောင့် ဤသို့အာရုံစိုက်၍နားထောင်ကြ ခြင်းဖြစ်၏။-
၁၂ သို့သော်ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းသတင်းကောင်း ကို ဖိလိပ္ပုဟောပြောသောအခါထိုသူတို့ ယုံကြည်လာကြသဖြင့် အမျိုးသားများ ရောအမျိုးသမီးများပါဗတ္တိဇံမင်္ဂလာ ကိုခံကြလေသည်။-
၁၃ ရှိမုန်ကိုယ်တိုင်ပင်လျှင်ယုံကြည်သဖြင့်ဗတ္တိဇံ မင်္ဂလာကိုခံပြီးနောက် ဖိလိပ္ပုထံတွင်မှီဝဲ ဆည်းကပ်လေသည်။ သူသည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုတွေ့မြင်ရသော အခါ အံ့သြမိန်းမောလေ၏။
၁၄ ယေရုရှလင်မြို့ရှိတမန်တော်တို့သည်ရှမာရိ ပြည်သားတို့ ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုခံယူကြကြောင်းကြားလျှင် ပေတရု နှင့်ယောဟန်တို့ကိုသူတို့ထံသို့စေလွှတ်ကြ၏။-
၁၅ တမန်တော်နှစ်ပါးတို့သည်ရောက်လာ၍ သန့် ရှင်းသောဝိညာဉ်ကိုထိုသူတို့ခံယူကြစေ ရန်ဆုတောင်းကြ၏။-
၁၆ အဘယ်ကြောင့်ဆိုသော်ထိုအချိန်အထိ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူတို့ အထဲမှ မည်သူတစ်စုံတစ်ယောက်၏အပေါ် သို့သက်ရောက်တော်မမူသေးသောကြောင့် ဖြစ်၏။ ထိုအချိန်အထိထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမတော်ကိုအမှီ ပြု၍ဗတ္တိဇံခံယူထားရုံမျှသာရှိ၏။-
၁၇ ပေတရုနှင့်ယောဟန်တို့သည်ထိုသူတို့၏ အပေါ်သို့လက်တင်ကြသောအခါ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူ ရရှိကြလေသည်။
၁၈-၁၉ ဤသို့တမန်တော်တို့၏လက်တင်ခြင်းကို ခံရသောအားဖြင့် ထိုသူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်ကိုခံယူရရှိကြောင်းကိုရှိမုန် မြင်လျှင်``အကျွန်ုပ်လက်တင်သောသူသည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိစေ နိုင်သောတန်ခိုးကိုအကျွန်ုပ်အားလည်းပေး ပါ'' ဟုဆိုကာတမန်တော်တို့အားငွေကို ပေး၏။
၂၀ ပေတရုက``သင်သည်ဘုရားသခင်၏ဆု ကျေးဇူးတော်ကိုငွေနှင့်ဝယ်ယူမည်အကြံ ရှိသဖြင့် သင်၏ငွေသည်သင်နှင့်အတူပျက် စီးပါစေသတည်း။-
၂၁ ဘုရားသခင်၏ရှေ့တော်တွင်သင်၏စိတ်ထား မမှန်ကန်သဖြင့် ငါတို့၏အလုပ်တွင်သင် မပါဝင်နိုင်။-
၂၂ ဤသို့ဆိုးညစ်မှုအတွက်နောင်တရလော့။ ဤ သို့စိတ်အကြံအစည်ပြုမိသည့်အတွက် အပြစ်ဖြေလွှတ်တော်မူရန် သခင်ဘုရား ထံဆုတောင်းလော့။-
၂၃ သင်သည်မနာလိုစိတ်မွှန်လျက်အပြစ်ဒုစရိုက် ၏အနှောင်အဖွဲ့၌ရှိနေသည်ကိုငါမြင်၏'' ဟု ဆို၏။
၂၄ ရှိမုန်က``အရှင်တို့မြွက်ဆိုသည့်အမှုအရာ တစ်စုံတစ်ခုကိုမျှမခံရစေရန် သခင်ဘုရား ထံအကျွန်ုပ်၏အတွက်ဆုတောင်းပေးတော်မူ ကြပါ'' ဟုတောင်းပန်လေသည်။
၂၅ ပေတရုနှင့်ယောဟန်တို့သည်သခင်ယေရှု အကြောင်းဆိုင်ရာ ကိုယ်တွေ့မျက်မြင်အဖြစ် အပျက်များကိုသက်သေခံလျက် သခင်ဘုရား ၏တရားတော်ကိုဟောပြောပြီးနောက် ယေရု ရှလင်မြို့သို့ပြန်သွားကြ၏။ အပြန်လမ်း ခရီးတွင်များစွာသောရှမာရိရွာတို့၌ သတင်းကောင်းကို ဟောပြောကြေညာကြ၏။
ဖိလိပ္ပုနှင့်အဲသရောပိအရာရှိ
၂၆ ထာဝရဘုရား၏ကောင်းကင်တမန်သည် ဖိလိပ္ပုအား``သင်သည်ထ၍ယေရုရှလင် မြို့မှဂါဇမြို့သို့သွားရာလမ်းအတိုင်း တောင်အရပ်သို့သွားလော့'' ဟုဆို၏။ (ထို လမ်းကားသဲကန္တာရလမ်းဖြစ်သတည်း။)-
၂၇-၂၈ သို့ဖြစ်၍ဖိလိပ္ပုသည်ထ၍သွားလေသည်။ ထိုစဉ်အခါ၌အဲသယောပိပြည်မှမိန်းမ စိုးအရာရှိတစ်ယောက်သည် ယေရုရှလင်မြို့ သို့သွားရောက်၍ဘုရားသခင်အားကိုးကွယ် ဝတ်ပြုပြီးနောက် မိမိအိမ်သို့ပြန်လည်ထွက်ခွာ လာ၏။ သူသည်အဲသယောပိဘုရင်မကန္ဒက် ၏ဘဏ္ဍာရေးမှူးချုပ်ဖြစ်၏။ သူသည်ရထားစီး လျက်ပရောဖက်ဟေရှာယကျမ်းကိုဖတ်နေ ၏။-
၂၉ ဝိညာဉ်တော်သည်ဖိလိပ္ပုအား``ထိုရထား အနီးသို့သွားလော့'' ဟုအမိန့်တော်ရှိ၏။-
၃၀ သို့ဖြစ်၍ဖိလိပ္ပုသည်ပြေး၍သွားရာပရော ဖက်ဟေရှာယကျမ်းကို ထိုသူဖတ်လျက်နေသည် ကိုကြားသဖြင့်``သင်ဖတ်နေသည့်ကျမ်းချက် ၏အနက်အဋ္ဌိပ္ပါယ်ကိုနားလည်ပါသလော'' ဟုမေး၏။
၃၁ ထိုသူက``အနက်ဖွင့်ပြမည့်သူမရှိဘဲ အဘယ် သို့လျှင်နားလည်နိုင်ပါမည်နည်း'' ဟုဆိုပြီး နောက်ဖိလိပ္ပုအားရထားပေါ်သို့တက်၍ မိမိ နှင့်အတူထိုင်ရန်ဖိတ်ခေါ်၏။-
၃၂ ထိုသူဖတ်လျက်နေသည့်ကျမ်းချက်ကား၊
``သတ်ရန်ဆွဲယူသွားသောသိုးကဲ့သို့ သူ့ကိုလည်းဆောင်ယူသွားကြ၏။
အမွှေးညှပ်သူတို့၏ရှေ့တွင်သိုးသားငယ်သည်
နှုတ်ကိုပိတ်ထားသကဲ့သို့၊သူသည် မိမိနှုတ်ကိုမဖွင့်ဘဲနေ၏။
၃၃ သူသည်ရှုတ်ချခြင်းကိုခံရ၏။
တရားမျှတမှုရှိစေရန်သူ၏အတွက် ဆောင်ရွက်ပေးမည့်သူမရှိ။
ဤလောကမှသူ၏အသက်ကိုရုပ်သိမ်းသွား သဖြင့်
အဘယ်သို့လျှင်၊သူ့၏သားမြေးများကို ညွှန်ပြနိုင်မည်နည်း''
ဟူ၍ဖြစ်၏။
၃၄ ထိုအရာရှိက``ပရောဖက်သည်မည်သူ၏ အကြောင်းကိုပြောဆိုလျက်နေပါသနည်း။ မိမိ၏အကြောင်းလော၊ အခြားသူတစ်ယောက် ၏အကြောင်းလော၊ အကျွန်ုပ်အားပြောပြပါ'' ဟုဖိလိပ္ပုအားဆို၏။-
၃၅ ဖိလိပ္ပုသည်ထိုကျမ်းပိုဒ်နှင့်ပင်အစပြု၍ သခင်ယေရှုအကြောင်းသတင်းကောင်းကို ဟောပြောလေ၏။-
၃၆ သူတို့နှစ်ယောက်သည်ဆက်လက်၍ခရီးပြု ကြစဉ်ရေရှိသည့်အရပ်သို့ရောက်ကြ၏။ ထို အခါအရာရှိက``ဤအရပ်တွင်ရေရှိပါ၏။ ဗတ္တိဇံမင်္ဂလာကိုအကျွန်ုပ်မခံယူစေရန် ဆီးတားသည့်အကြောင်းရှိပါသလော'' ဟု ဆို၏။
၃၇ (ဖိလိပ္ပုက``သင်သည်သခင်ယေရှုအားစိတ် နှလုံးအကြွင်းမဲ့ယုံကြည်ပါလျှင်ဗတ္တိဇံ မင်္ဂလာခံနိုင်ပါသည်'' ဟုပြန်ပြော၏။ အရာရှိ ကလည်း``သခင်ယေရှုခရစ်သည်ဘုရားသခင် ၏သားတော်ဖြစ်ကြောင်းအကျွန်ုပ်ယုံကြည်ပါ သည်'' ဟုဆို၏။)-
၃၈ အရာရှိသည်ရထားကိုရပ်စေပြီးနောက် သူတို့ နှစ်ယောက်သည်ရေထဲသို့ဆင်းသွားကြပြီးလျှင် ဖိလိပ္ပုသည်အရာရှိအားဗတ္တိဇံမင်္ဂလာကို ပေး၏။-
၃၉ သူတို့ရေမှတက်လာကြသောအခါ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ဖိလိပ္ပုအားတစ်ပါး အရပ်သို့ဆောင်ယူသွားတော်မူသဖြင့် အရာရှိ သည်ဖိလိပ္ပုကိုနောက်တစ်ဖန်မတွေ့ရတော့ပေ။ သူသည်ဝမ်းမြောက်စွာဆက်လက်ခရီးပြုလေ သည်။-
၄၀ ဖိလိပ္ပုသည်အာဇုတ်မြို့သို့မိမိရောက်ရှိနေ သည်ကိုသိရ၏။ ထိုနောက်သူသည်ကဲသရိ မြို့သို့သွား၏။ လမ်းခရီးတွင်တစ်မြို့ပြီး တစ်မြို့သို့ဝင်၍သတင်းကောင်းကိုဟော ပြောကြေညာလေသည်။