၂၃
၁ ပေါလုသည်ယုဒတရားလွှတ်တော်အဖွဲ့ဝင် များကိုစေ့စေ့ကြည့်လျက် ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယနေ့တိုင်အောင်တစ်သက်လုံး ဘုရားသခင်၏ရှေ့တော်တွင်သြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်နေထိုင်ပြုကျင့်ခဲ့ပါ၏'' ဟုပြော၏။-
၂ ယဇ်ပုရောဟိတ်မင်းအာနနိသည်လည်း အနီးတွင်ရပ်နေသူများအား ပေါလု၏နှုတ် ကိုအရိုက်ခိုင်းလေ၏။-
၃ ပေါလုက ``ထုံးဖြူသုတ်သည့်အုတ်ရိုး၊ သင့်ကို ဘုရားသခင်မုချဒဏ်ခတ်တော်မူမည်။ သင် သည်အကျွန်ုပ်အားတရားဥပဒေအရ စစ်ဆေးစီရင်ရန် တရားခွင်တွင်ထိုင်လျက် နေစဉ်၌ပင် အကျွန်ုပ်ကိုအရိုက်ခိုင်းခြင်း ဖြင့်တရားဥပဒေကိုချိုးဖောက်ပါသည် တကား'' ဟုဆို၏။
၄ အနီးတွင်ရပ်နေသူတို့က ``သင်သည်ဘုရား သခင်၏ယဇ်ပုရောဟိတ်မင်းကိုစော်ကားပါ သလော'' ဟုမေးကြလျှင်၊-
၅ ပေါလုက ``ညီအစ်ကိုတို့၊ ထိုသူသည်ယဇ် ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ ပါ။ ကျမ်းစာတော်တွင် `သင်၏အမျိုးကိုအုပ် စိုးသောသူအားမကောင်းမပြောရ' ဟုဖော် ပြထားပါ၏'' ဟုဖြေကြားလေသည်။
၆ သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။
၇ ထိုအခါဖာရိရှဲများနှင့်ဇဒ္ဒုကဲတို့သည် အငြင်းပွားကြသဖြင့် တရားလွှတ်တော် အဖွဲ့သည်နှစ်ခြမ်းကွဲလေ၏။-
၈ (ဇဒ္ဒုကဲတို့ကသေခြင်းမှထမြောက်ရှင် ပြန်ခြင်းဟူသည်မရှိ။ ကောင်းကင်တမန်မရှိ။ နာမ်ဝိညာဉ်လည်းမရှိဟုဆိုကြ၏။ သို့သော် ဖာရိရှဲတို့ကထိုအရာသုံးပါးလုံးပင်ရှိ သည်ဟုယုံကြည်လက်ခံကြ၏။)-
၉ သူတို့ဟစ်အော်ပြောဆိုမှုသည်ပိုမိုကျယ် လောင်လာတော့၏။ ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ် ဆရာအချို့တို့သည်ထ၍ ``ဤသူ၌အဘယ် အပြစ်ကိုမျှငါတို့မတွေ့။ ဝိညာဉ်တစ်ပါး ကသော်လည်းကောင်း၊ ကောင်းကင်တမန်တစ် ပါးကသော်လည်းကောင်းသူ့အားမြွက်ဆို ကောင်းမြွက်ဆိုခဲ့လိမ့်မည်'' ဟုငြင်းခုံပြော ဆိုကြ၏။
၁၀ ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။
၁၁ ထိုည၌သခင်ဘုရားသည်ပေါလု၏အနီး၌ ရပ်လျက် ``မကြောက်နှင့်။ သင်သည်ယေရုရှလင် မြို့တွင် ငါ၏အကြောင်းကိုသက်သေခံခဲ့သည် နည်းတူရောမမြို့တွင်လည်းသက်သေခံရဦး မည်'' ဟုမိန့်တော်မူ၏။
ပေါလုကိုလုပ်ကြံရန်လျှို့ဝှက်ကြံစည်ခြင်း
၁၂ နောက်တစ်နေ့နံနက်အချိန်၌ယုဒအမျိုးသား အချို့တို့သည်တွေ့ဆုံ၍ ``ပေါလုကိုမသတ်ရ မချင်းငါတို့မစားမသောက်ဘဲနေမည်'' ဟု အဋ္ဌိဋ္ဌာန်ပြုကြ၏။-
၁၃ ဤသို့လျှို့ဝှက်ကြံစည်ကြသူများ၏ဦး ရေမှာလေးဆယ်ကျော်ရှိသတည်း။-
၁၄ သူတို့သည်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာ သာရေးခေါင်းဆောင်များထံသွား၍ ``အကျွန်ုပ် တို့သည်ပေါလုကိုမသတ်ရမချင်း မည်သည့် အရာကိုမျှမစားမသောက်ပါဟုအဋ္ဌိဋ္ဌာန် ပြုထားကြပါ၏။-
၁၅ သို့ဖြစ်၍အရှင်တို့နှင့်တရားလွှတ်တော်အဖွဲ့ ဝင်တို့သည် ပေါလု၏အမှုကိုပိုမိုသေချာ စွာစုံစမ်းစစ်ဆေးလိုဟန်ပြုလျက် ရောမတပ် မှူးအားသူ့ကိုအရှင်တို့ထံသို့ခေါ်ခဲ့ရန် မေတ္တာရပ်ခံကြပါ။ အရှင်တို့ထံသို့မရောက် မီပင် သူ့ကိုသတ်ရန်အကျွန်ုပ်တို့အသင့် စောင့်နေပါမည်'' ဟုလျှောက်ကြ၏။
၁၆ သို့သော်ထိုအကြံအစည်ကိုပေါလုနှမ၏ သားသည်ကြားသိသွားသဖြင့် ရဲတိုက်ထဲ ကိုဝင်ပြီးလျှင်ပေါလုအားပြောကြား၏။-
၁၇ ပေါလုသည်တပ်ခွဲမှူးတစ်ယောက်ကိုခေါ် ၍ ``ဤလူငယ်ကိုတပ်မှူးထံသို့ခေါ်ဆောင် သွားပါ။ တပ်မှူးအားလျှောက်ထားရန်ကိစ္စ တစ်ခုရှိပါသည်'' ဟုပြော၏။-
၁၈ သို့ဖြစ်၍တပ်ခွဲမှူးသည်ထိုလူငယ်ကိုတပ်မှူး ထံသို့ခေါ်ဆောင်ခဲ့ပြီးနောက် ``အကျဉ်းသား ပေါလုသည်အကျွန်ုပ်ကိုခေါ်၍ဤလူငယ်ကို အရှင့်ထံသို့အပို့ခိုင်းပါသည်။ သူ့မှာအရှင့် အားလျှောက်ထားရန်ကိစ္စတစ်ခုရှိပါသည်'' ဟုလျှောက်၏။
၁၉ တပ်မှူးသည်နှစ်ယောက်ချင်းပြောဆိုနိုင်ရန် ထို လူငယ်ကိုလက်ဆွဲ၍ဆိတ်ကွယ်ရာအရပ်တစ် ခုသို့ခေါ်သွား၏။ ထိုနောက် ``ငါ့အားသင်အဘယ် အရာကိုပြောလိုပါသနည်း'' ဟုမေး၏။
၂၀ လူငယ်က ``ယုဒအာဏာပိုင်တို့သည်ပေါလု ၏အမှုကိုပိုမိုသေချာစုံစမ်းစစ်ဆေးလိုဟန် ဖြင့် အရှင့်အားပေါလုကိုနက်ဖြန်နေ့၌တရား လွှတ်တော်သို့ခေါ်ဆောင်ခဲ့ရန် မေတ္တာရပ်ခံကြ မည်ဟုတိုင်ပင်ညှိနှိုင်းထားကြပါ၏။-
၂၁ သူတို့၏တောင်းလျှောက်ချက်ကိုမလိုက်လျော ပါနှင့်။ လမ်းတွင်လူလေးဆယ်ကျော်ပုန်းကွယ် ချောင်းမြောင်းစောင့်ဆိုင်းလျက်ရှိပါ၏။ ထိုသူ တို့သည်ပေါလုကိုမသတ်ရမချင်း မစား မသောက်ဘဲနေမည်ဟုအဋ္ဌိဋ္ဌာန်ပြုထား ကြပါ၏။ ယခုပင်သူတို့သည်ပေါလုကို သတ်ရန်အသင့်ပြင်ဆင်ကာ အရှင်၏ဆုံး ဖြတ်ချက်ကိုစောင့်ဆိုင်းလျက်ရှိနေကြပါ ပြီ'' ဟုလျှောက်၏။
၂၂ တပ်မှူးက ``သင်သည်ဤကဲ့သို့ငါ့အားတိုင် ကြားခဲ့ကြောင်းအဘယ်သူအားမျှမပြော နှင့်'' ဟုဆို၍ထိုလူငယ်ကိုထွက်ခွာသွားစေ၏။
ပေါလုကိုဘုရင်ခံမင်းဖေလဇ်ထံသို့ပို့ခြင်း
၂၃ ထိုနောက်တပ်မှူးသည်တပ်ခွဲမှူးနှစ်ယောက်ကို ခေါ်၍ ``ယနေ့ညကိုးနာရီအချိန်၌ကဲသရိ မြို့သို့သွားရန်စစ်သားနှစ်ရာ၊ မြင်းတပ်သား ခုနစ်ဆယ်နှင့်လှံတပ်သားနှစ်ရာတို့ကိုယနေ့ ညကိုးနာရီ၌ထွက်ခွာရန်အသင့်ရှိစေကြ လော့။-
၂၄ ပေါလုအတွက်မြင်းများကိုလည်းအသင့် ပြင်ထားလော့။ သူ့ကိုဘုရင်ခံမင်းဖေလဇ် ထံသို့ကြပ်မတ်၍ပို့ကြလော့'' ဟုအမိန့် ပေး၏။-
၂၅ တပ်မှူးသည်စာတစ်စောင်ကိုလည်းရေး၍ပေး လိုက်၏။
၂၆ ထိုစာတွင် ``ကလောဒိလုသိထံမှအရှင် ဖေလဇ်မင်းထံသို့ရိုသေစွာအစီရင်ခံအပ် ပါသည်။-
၂၇ ယုဒအမျိုးသားတို့သည်ဤသူ့ကိုဖမ်းဆီး ၍သတ်မည်ပြုကြပါ၏။ သူသည်ရောမနိုင်ငံ သားဖြစ်ကြောင်းကိုအကျွန်ုပ်ကြားသိရ သဖြင့် စစ်သားများနှင့်အတူသွား၍သူ့ အားကယ်ဆယ်ခဲ့ပါ၏။-
၂၈ အကျွန်ုပ်သည်သူ့အားယုဒအမျိုးသားတို့ အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြကြောင်းကိုသိလို သဖြင့် သူတို့၏တရားလွှတ်တော်သို့ခေါ်ဆောင် သွားပါ၏။-
၂၉ ယုဒအမျိုးသားတို့သည်သူ့ကိုမိမိတို့၏ ပညတ်တရားဆိုင်ရာပြဿနာများနှင့်ပတ် သက်၍ပြစ်တင်စွပ်စွဲကြပါသည်။ သူ့မှာသေ ဒဏ်ခံထိုက်သောအပြစ်၊ သို့မဟုတ်ထောင်ဒဏ် ခံထိုက်သောအပြစ်တစ်စုံတစ်ရာမျှမရှိ ကြောင်းကိုအကျွန်ုပ်တွေ့ရှိပါ၏။-
၃၀ ယုဒအမျိုးသားတို့သည်သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်လျက်ရှိကြောင်းသတင်းကို ရရှိသဖြင့် အကျွန်ုပ်သည်သူ့အားအရှင့်ထံ သို့ချက်ချင်းစေလွှတ်လိုက်ပါ၏။ တရားလို များအားလည်းမိမိတို့၏အမှုကိုအရှင့် ရှေ့တော်တွင် လျှောက်လဲကြရန်ညွှန်ကြား လိုက်ပါသည်။ အရှင်ကျန်းမာပါစေသော'' ဟူ၍ပါရှိ၏။
၃၁ စစ်သားတို့သည်တပ်မှူး၏အမိန့်အတိုင်း ဆောင်ရွက်ကြ၏။ သူတို့သည်ပေါလုကိုခေါ် ၍ထိုည၌ပင်အန္တိပတရိမြို့အထိပို့ ဆောင်ကြ၏။-
၃၂ နောက်တစ်နေ့၌ခြေလျင်တပ်သားများသည် ရဲတိုက်သို့ပြန်လာခဲ့ကြ၏။ မြင်းတပ်သား များသည်ပေါလုနှင့်အတူဆက်လက်ခရီး ပြုရန်ဖြစ်၏။-
၃၃ မြင်းတပ်သားများသည်ကဲသရိမြို့သို့ရောက် သောအခါ တပ်မှူး၏စာကိုဘုရင်ခံမင်းအား ပေးဆက်ကာပေါလုကိုရှေ့တော်သို့သွင်း ကြ၏။-
၃၄ ဘုရင်ခံမင်းသည်စာကိုဖတ်ပြီးနောက် ``သင် သည်အဘယ်ပြည်သားဖြစ်သနည်း'' ဟုပေါလု အားမေး၏။ ကိလိကိပြည်သားဖြစ်ကြောင်းကို ကြားသိသောအခါ၊-
၃၅ ဘုရင်ခံမင်းက ``ဤအရပ်သို့သင်၏တရား လိုများရောက်ရှိလာကြသောအခါ သင်၏ အမှုကိုငါစစ်ဆေးမည်'' ဟုဆို၏။ ထိုနောက် ပေါလုအားဟေရုဒ်မင်းကြီးဆောက်လုပ်ခဲ့ သောနန်းတော်တွင်အစောင့်အကြပ်နှင့်ထား ရန်အမိန့်ပေးလေသည်။