ဣကောနိမြို့တွင်အမှုတော်ဆောင်ခြင်း
၁၄
၁ ဣကောနိမြို့တွင်လည်းပေါလုနှင့်ဗာနဗ သည် ယုဒအမျိုးသားတို့၏တရားဇရပ်သို့ ဝင်၍ဟောပြောသွန်သင်ကြရာ ယုဒအမျိုး သားနှင့်လူမျိုးခြားအမြောက်အမြားသည် ယုံကြည်ကြ၏။-
၂ သို့သော်မယုံကြည်သည့်ယုဒအမျိုးသား များသည် လူမျိုးခြားတို့အားညီအစ်ကိုတို့ ကိုမနာလိုစိတ်ရှိစေရန်ဆွပေးကြ၏။-
၃ တမန်တော်တို့သည်ထိုအရပ်တွင်ကြာမြင့်စွာ နေထိုင်လျက် သခင်ဘုရား၏အကြောင်းကို ရဲရင့်စွာဟောပြောကြ၏။ ကိုယ်တော်သည်ထို သူတို့ဟောပြောသည့်ကျေးဇူးတော်ဆိုင်ရာ တရားမှန်ကန်ကြောင်းသက်သေပြရန် သူတို့ အားအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များပြနိုင်သောတန်ခိုးကိုပေးတော်မူ၏။-
၄ မြို့သူမြို့သားတို့သည်နှစ်စုကွဲကြ၏။ တစ်စု ကယုဒအမျိုးသားတို့ဘက်သို့ပါ၍ အခြား တစ်စုကတမန်တော်တို့ဘက်သို့ပါကြ၏။
၅ ယုဒအမျိုးသားနှင့်လူမျိုးခြားအချို့တို့ သည် တမန်တော်တို့ကိုညှဉ်းဆဲရန်နှင့်ခဲဖြင့် ပေါက်ရန် မိမိတို့ခေါင်းဆောင်များနှင့်ကြံစည် အားထုတ်ကြ၏။-
၆ ထိုအကြောင်းကိုတမန်တော်တို့ကြားသိ ကြသောအခါ လုကောနိပြည်ရှိလုတ္တရမြို့၊ ဒေရဗေမြို့နှင့်အနီးရှိဒေသသို့ထွက်ပြေး ၍၊-
၇ သတင်းကောင်းကိုဟောပြောကြ၏။
လုတ္တရမြို့နှင့်ဒေရဗေမြို့တွင် အမှုတော်ဆောင်ခြင်း
၈ လုတ္တရမြို့တွင်အဘယ်အခါကမျှလမ်းမ လျှောက်နိုင်ခဲ့သူ၊ မွေးစကပင်ခြေမစွမ်းမသန် ခဲ့သူလူတစ်ယောက်ရှိ၏။-
၉ သူသည်ပေါလုဟောပြောသည်ကိုနားထောင် လျက်နေ၏။ ပေါလုသည်သူ့အားစိုက်ကြည့် လိုက်သောအခါ ရောဂါပျောက်ကင်းစေနိုင် လောက်အောင်သူ့မှာယုံကြည်မှုရှိကြောင်း ကိုသိမြင်လျှင်၊-
၁၀ ``ထ၍မတ်မတ်ရပ်လော့'' ဟုထိုသူအား အသံကျယ်စွာဆို၏။ ထိုအခါသူသည် ခုန်၍ထပြီးလျှင်လမ်းလျှောက်လေ၏။-
၁၁ လူပရိသတ်တို့သည်ပေါလုပြုသောအမှု အရာကိုမြင်လျှင် ``နတ်ဘုရားတို့သည်လူ့ အသွင်ကိုဆောင်၍ ငါတို့ထံသို့သက်ဆင်း လာလေပြီ'' ဟုမိမိတို့လုကောနိဘာသာ စကားဖြင့်ကြွေးကြော်ကြ၏။-
၁၂ သူတို့သည်ဗာနဗအားဇုသဟုခေါ်ကြ၏။ ခေါင်းဆောင်၍ဟောပြောသူဖြစ်သောကြောင့် ပေါလု အားဟေရမေဟုခေါ်ကြ၏။-
၁၃ ဇုသနတ်ဘုရား၏ဗိမာန်သည်မြို့အပြင်တွင် ရှိရာ ထိုနတ်ဘုရား၏ယဇ်ပုရောဟိတ်သည် နွား လားများနှင့်ပန်းကုံးများကိုမြို့တံခါးဝသို့ ယူဆောင်လာ၏။ သူနှင့်တကွလူပရိသတ်တို့ သည် တမန်တော်တို့အားယဇ်ပူဇော်ပသလို ကြ၏။
၁၄ ထိုသို့ပူဇော်ပသမည့်အကြောင်းကိုဗာနဗ နှင့်ပေါလုတို့ကြားကြသောအခါ မိမိတို့၏ အဝတ်များကိုဆုတ်ဖြဲ၍လူတို့ထံသို့ပြေး သွားပြီးလျှင်၊-
၁၅ အချင်းလူတို့၊ သင်တို့သည်အဘယ်ကြောင့်ဤ သို့ပြုကြသနည်း။ ငါတို့သည်လည်းသင်တို့ကဲ့ သို့ပင်လူသာမန်များသာဖြစ်ကြ၏။ သင်တို့ သည်ဤသို့အကျိုးမရှိသည့်အမှုအရာများ ကိုစွန့်ပစ်၍ အသက်ရှင်တော်မူသောဘုရား သခင်အားဆည်းကပ်ကြစေရန် ငါတို့သည် သင်တို့အားသတင်းကောင်းကိုကြေညာရန် ရောက်ရှိလာကြ၏။ အသက်ရှင်တော်မူသော ဘုရားသခင်သည်မိုးမြေကိုလည်းကောင်း ပင်လယ်နှင့်အရပ်ခပ်သိမ်းတွင်ရှိလေသမျှ သောအရာတို့ကိုလည်းကောင်းဖန်ဆင်းတော် မူ၏။-
၁၆ လွန်ခဲ့သောခေတ်ကာလများကကိုယ်တော် သည်လူမျိုးတကာတို့အား မိမိတို့အလို ဆန္ဒရှိသည်အတိုင်းပြုကျင့်ခွင့်ကိုပေးတော် မူခဲ့၏။-
၁၇ သို့ရာတွင်ကိုယ်တော်ရှိတော်မူကြောင်းသက် သေခံအထောက်အထားများဖြင့် လူတို့အား အစဉ်ပင်ပြသတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှမိုးကိုရွာစေလျက်အချိန်တန် လျှင် သီးနှံများကိုဖြစ်ပွားစေတော်မူ၏။ သင် တို့အားအစာအာဟာရကျွေးမွေး၍စိတ် ရွှင်လန်းဝမ်းမြောက်စေတော်မူ၏'' ဟုကြွေး ကြော်လေသည်။-
၁၈ ဤသို့တမန်တော်တို့ကြွေးကြော်ကြသော် လည်း လူတို့ယဇ်ပူဇော်ရန်ကြိုးစားမှုကိုမူ ဆီးတား၍မရချေ။
၁၉ သို့ရာတွင်ယုဒအမျိုးသားအချို့သည်အန္တိ အုတ်မြို့နှင့်ဣကောနိမြို့တို့မှရောက်လာကြ ပြီးလျှင် လူပရိသတ်တို့ကိုမိမိတို့ဘက်သို့ ပါအောင်ဆွဲဆောင်ကြ၏။ ထိုနောက်ပေါလုကို ခဲဖြင့်ပေါက်၍ သေလုပြီဟုထင်သဖြင့်မြို့ ပြင်သို့ဆွဲထုတ်သွားကြ၏။-
၂၀ သို့သော်မိမိ၏ပတ်လည်တွင်တပည့်တော်တို့ ရောက်လာကြသောအခါ ပေါလုသည်ထ၍မြို့ ထဲသို့ဝင်လေ၏။ နောက်တစ်နေ့၌ပေါလုနှင့် ဗာနဗသည်ဒေရဗေမြို့သို့ထွက်ခွာသွား ကြ၏။
ရှုရိပြည်အန္တိအုတ်မြို့ကိုပြန်လာခြင်း
၂၁ ပေါလုနှင့်ဗာနဗတို့သည်ဒေရဗေမြို့တွင် သတင်းကောင်းကိုဟောပြောကြေညာသဖြင့် လူအမြောက်အမြားတပည့်တော်များဖြစ် လာကြ၏။ ထိုနောက်လုတ္တရမြို့၊ ဣကောနိ မြို့နှင့်ပိသိဒိပြည်အန္တိအုတ်မြို့သို့ပြန် ကြ၏။-
၂၂ ``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
၂၃ ပေါလုနှင့်ဗာနဗတို့သည်အသင်းတော်တိုင်း ၌ အသင်းတော်လူကြီးများကိုခန့်ထားကြ၏။ ထိုနောက်ဆုတောင်းပတ္ထနာပြု၍အစာရှောင် ပြီးလျှင် အသင်းတော်ဝင်တို့ယုံကြည်ကြ သည့်သခင်ဘုရား၏လက်တော်သို့ထိုသူ တို့ကိုအပ်ကြ၏။-
၂၄ ပေါလုနှင့်ဗာနဗသည်ဝိသိဒိပြည်ကိုဖြတ် သွားပြီးနောက် ပံဖုလိပြည်သို့ရောက်ကြ၏။-
၂၅ သူတို့သည်ပေရဂေမြို့တွင်တရားတော်ကို ဟောပြောကြ၏။ ထိုနောက်အတ္တလိမြို့သို့ သွားပြီးလျှင်၊-
၂၆ အန္တိအုတ်မြို့သို့သင်္ဘောလွှင့်ကြ၏။ ထိုမြို့ကား ယခုမိမိတို့ဆောင်ရွက်ပြီးစီးသွားသည့် အမှုတော်အတွက် ဘုရားသခင်၏ကျေးဇူး တော်သို့အပ်နှံ၍စေလွှတ်သောမြို့ပင်ဖြစ် သတည်း။
၂၇ အန္တိအုတ်မြို့သို့ရောက်သောအခါ သူတို့သည် အသင်းတော်ဝင်တို့ကိုစုရုံးစေလျက် မိမိ တို့အားဖြင့်ဘုရားသခင်ပြုတော်မူခဲ့သမျှ သောအမှုအရာတို့ကိုလည်းကောင်း၊ လူမျိုး ခြားတို့ယုံကြည်လာစေရန်ကိုယ်တော်လမ်း ဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်းပြန် ကြားကြ၏။-
၂၈ ထိုနောက်သူတို့သည်တပည့်တော်တို့နှင့် အတူကြာမြင့်စွာနေထိုင်ကြ၏။