၈
ထာဝရဘုရား၏ဘုန်းအသရေတော်နှင့် လူ၏ဂုဏ်ဒြပ်
၁ အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊
ကိုယ်တော်ကြီးမြတ်တော်မူပုံကို ကမ္ဘာတစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။
ကိုယ်တော်အားထောမနာပြုသည့်သီချင်း သံသည် ကောင်းကင်ဘဝဂ်တိုင်အောင်ရောက်ရှိပါ၏။
၂ ယင်းသီချင်းကိုကလေးများနှင့်နို့စို့သူငယ် များက သီဆိုကြပါ၏။
ကိုယ်တော်သည်ရန်သူများ၏ဘေးမှ ကင်းလွတ်လုံခြုံပါ၏။
ကိုယ်တော်အားရန်မူသူများကိုဆီးတားတော် မူပါ၏။
၃ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော မိုးကောင်းကင်ကိုလည်းကောင်း၊
စီမံထားရှိတော်မူသော
လနှင့်ကြယ်တာရာများကိုလည်းကောင်း ကျွန်တော်မျိုးတွေ့မြင်ရပါ၏။
၄ သို့ဖြစ်၍လူသည်အဘယ်သို့သောသူဖြစ်၍
ကိုယ်တော်ရှင်သည်သူ့အား အောက်မေ့တော်မူရပါသနည်း။
လူသားသည်အဘယ်သို့သောသူဖြစ်၍
ကိုယ်တော်သည်သူ့ကိုကြည့်ရှုစောင့်ရှောက် တော်မူရပါသနည်း။
၅ သူ့အားကောင်းကင်တမန်တို့ထက်သာ နိမ့်ကျစေတော်မူလျက်
သူ့အားဘုန်းအသရေကိုလည်းကောင်း၊
ဂုဏ်အသရေကိုလည်းကောင်းချီးမြှင့်တော် မူ၏။
၆ သူ့အားကိုယ်တော်ဖန်ဆင်းတော်မူသောအရာ ရှိသမျှတို့ကိုအုပ်စိုးခွင့်ပေးတော်မူ၏။
၇-၈ ကိုယ်တော်ဖန်ဆင်းတော်မူသောသိုး၊နွား၊ တောတိရစ္ဆာန်၊ငှက်၊ငါးနှင့်
ပင်လယ်ရေသတ္တဝါတို့ကိုအုပ်စိုးခွင့်ပေးတော် မူ၏။
၉ အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊
ကိုယ်တော်ကြီးမြတ်တော်မူပုံကိုကမ္ဘာမြေ တစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။