၁ ယ​ခု​အ​ခါ​၌​မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ပြီး​၍ တံ​ခါး​များ​ကို​နေ​ရာ​တ​ကျ​တပ်​ဆင်​ကာ​ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဋ္ဌမ္မ​သီ​ချင်း​သည်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အား​အ​လုပ်​တာ​ဝန်​များ​ကို​ခွဲ​ဝေ​သတ်​မှတ်​ပေး​ပြီး​လေ​ပြီ။- ၂ ထို​နောက်​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​ချုပ်​ရန် ငါ့​ညီ​ဟာ​နန်​နှင့်​ရဲ​တိုက်​မှူး​ဟာ​န​နိ​တို့​ကို​တာ​ဝန်​ပေး​အပ်​၏။ ဟာ​န​နိ​သည်​စိတ်​ချ​ယုံ​ကြည်​ရ​သူ၊ ဘု​ရား​သ​ခင်​ကို​အ​ထူး​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ်​၏။- ၃ ငါ​သည်​သူ​တို့​အား``နံ​နက်​ချိန်​၌​နေ​မ​မြင့်​မ​ချင်း​ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​များ​ကို​မ​ဖွင့်​စေ​နှင့်။ နေ​ဝင်​ချိန်​၌​တံ​ခါး​စောင့်​များ​တာ​ဝန်​ပြီး​ဆုံး​ချိန်​မ​တိုင်​မီ တံ​ခါး​များ​ကို​ပိတ်​၍​ကန့်​လန့်​ကျင်​များ​ကို​ထိုး​ထား​စေ'' ဟု​မှာ​ကြား​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​များ​ထဲ​မှ​ကင်း​စောင့်​သူ​များ​ခန့်​ထား​ပြီး​လျှင် ထို​သူ​အ​ချို့​ကို​နေ​ရာ​အ​တိ​အ​ကျ​တွင်​ကင်း​စောင့်​စေ​၍​အ​ချို့​ကို​မိ​မိ​တို့​အိမ်​များ​၏​ပတ်​ဝန်း​ကျင်​တွင်​ကင်း​စောင့်​စေ​ရန်​ကို​လည်း​မှာ​ကြား​ထား​၏။
ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​များ​စာ​ရင်း
(ဧ​ဇ၊ ၂:၁-၇၀)
၄ ယေ​ရု​ရှ​လင်​မြို့​သည်​ကျယ်​ဝန်း​သော်​လည်း​နေ​ထိုင်​သူ​လူ​ဦး​ရေ​နည်း​ပါး​၍ အိမ်​အ​မြောက်​အ​မြား​ကို​လည်း​မ​တည်​မ​ဆောက်​ရ​ကြ​သေး​ပေ။- ၅ ပြည်​သူ​များ၊ သူ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ်​ရေး​မှူး​တို့​အား​စု​ရုံး​စေ​၍ အိမ်​ထောင်​စု​စာ​ရင်း​များ​ကို​စစ်​ဆေး​ရန်​ဘု​ရား​သ​ခင်​သည်​ငါ​၏​စိတ်​ကို​နှိုး​ဆော်​တော်​မူ​၏။ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ရာ​မှ​ရှေး​ဦး​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​၏​စာ​ရင်း​ကို​ဤ​သို့​ရှာ​ဖွေ​တွေ့​ရှိ​ရ​သည်။
၆ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင်​ရာ​မှ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​သည် မိ​မိ​တို့​နေ​ရင်း​ဌာ​နေ​ဖြစ်​သော​ယေ​ရု​ရှ​လင်​မြို့​နှင့်​အ​ခြား​ယု​ဒ​မြို့​များ​သို့​ပြန်​လာ​ခဲ့​ကြ​၏။- ၇ သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ အာ​ဇ​ရိ၊ ရာ​မိ၊ နာ​ဟ​မာ​နိ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပေ​ရက်၊ ဗိ​ဂ​ဝဲ၊ နေ​ဟုံ​နှင့်​ဗာ​နာ​တို့​ဖြစ်​သည်။
၈-၂၅ ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​လူ​ဦး​ရေ​စာ​ရင်း​မှာ​သား​ချင်း​စု​အ​လိုက်​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။
သား​ချင်း​စု ဦး​ရေ
ပါ​ရုတ် ၂၁၇၂
ရှေ​ဖ​တိ ၃၇၂
အာ​ရာ ၆၅၂
ပါ​ဟတ်​မော​ဘ (ယော​ရှု​နှင့်​ယွာ​ဘ​တို့​၏
သား​မြေး​များ) ၂၈၁၈
ဧ​လံ ၁၂၅၄
ဇတ္တု ၈၄၅
ဇက္ခဲ ၇၆၀
ဗိနွိ ၆၄၈
ဗေ​ဗဲ ၆၂၈
အာ​ဇ​ဂဒ် ၂၃၂၂
အ​ဒေါ​နိ​ကံ ၆၆၇
ဗိ​ဂဝဲ ၂၀၆၇
အာ​ဒိန် ၆၅၅
(ဟေ​ဇ​ကိ​ဟု​လည်း​နာ​မည်​တွင်​သော)
အာ​တာ​ဦး​ရေ ၉၈
ဟာ​ရှုံ ၃၂၈
ဗေ​ဇဲ ၃၂၄
ဟာ​ရိပ် ၁၁၂
ဂိ​ဗောင် ၉၅
၂၆-၃၈ အောက်​ဖော်​ပြ​ပါ​မြို့​တို့​တွင်​နေ​ထိုင်​ခဲ့​သူ​ဘိုး​ဘေး​များ​မှ ဆင်း​သက်​ပေါက်​ဖွား​လာ​သော​သူ​များ​သည်​လည်း​ပြန်​လာ​ကြ​လေ​သည်။ ဗက်​လင်​မြို့​နှင့်​နေ​တော​ဖ​မြို့ ၁၈၈
အာ​န​သုတ်​မြို့ ၁၂၈
ဗေ​သာ​ဇ​မာ​ဝက်​မြို့ ၄၂
ကိ​ရ​ယက်​ယာ​ရိမ်​မြို့၊ခေ​ဖိ​ရ​မြို့​နှင့်
ဗေ​ရုတ်​မြို့ ၇၄၃
ရာ​မ​မြို့​နှင့်​ဂါ​ဗ​မြို့ ၆၂၁
မိတ်​မတ်​မြို့ ၁၂၂
ဗေ​သ​လ​နှင့်​အာ​ဣ​မြို့ ၁၂၃
အ​ခြား​နေ​ဗော​မြို့ ၅၂
အ​ခြား​ဧ​လံ​မြို့ ၁၂၅၄
ဟာ​ရိမ်​မြို့ ၃၂၀
ယေ​ရိ​ခေါ​မြို့ ၃၄၅
လော​ဒ​မြို့၊ ဟာ​ဒိဒ်​မြို့​နှင့်​သြ​နော​မြို့ ၇၂၁
သေ​နာ​မြို့ ၃၉၃၀
၃၉-၄၂ ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယေ​ဒါ​ယ (ယော​ရှု​၏​သား​မြေး​များ) ၉၇၃
ဣ​မေ​ရ ၁၀၅၂
ပါ​ရှု​ရ ၁၂၄၇
ဟာ​ရိမ် ၁၀၁၇
၄၃-၄၅ ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​လေ​ဝိ​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယော​ရှု​နှင့်​ကာ​ဒ​မေ​လ(ဟော​ဒေ​ဝ​၏
သား​မြေး​များ) ၇၄
ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ
(အာ​သပ်​၏​သား​မြေး​များ) ၁၄၈
ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ
(ရှလ္လုံ၊အာ​တာ၊တာ​လ​မုန်၊အက္ကုပ်၊
ဟ​တိ​တ​နှင့်​ရှော​ဗဲ​တို့​၏​သား​မြေး​များ) ၁၃၈
၄၆-၅၆ ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​၏​သား​ချင်း​စု​နာ​မည်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။
ဇိ​ဟ၊ဟ​သု​ဖ၊တ​ဗ္ဗောက်၊
ကေ​ရုတ်၊သ​ယ၊ပါ​ဒုန်၊
လေ​ဗ​န၊ဟာ​ဂ​ဗ၊ရှာ​လ​မဲ၊
ဟာ​နန်၊ဂိဒ္ဒေ​လ၊ဂါ​ဟာ၊
ရာ​ယ၊ရေ​ဇိန်၊နေ​ကော​ဒ၊
ဂဇ္ဇမ်၊သြ​ဇ၊ပါ​သာ၊
ဗေ​သဲ၊မု​နိမ်၊နေ​ဖိ​ရှေ​သိမ်၊
ဗာ​က​ဗုတ်၊ဟာ​ကု​ဖ၊ဟာ​ရ​ဟု​ရ၊
ဗာ​ဇ​လိတ်၊မေ​ဟိ​ဒ၊ဟာ​ရ​ရှ၊
ဗာ​ရ​ကုတ်၊သိ​သ​ရ၊တာ​မ၊
နေ​ဇိ​နှင့်​ဟ​တိ​ဖ။
၅၇-၅၉ ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ရှော​လ​မုန်​၏​အ​စေ​ခံ​သား​ချင်း​စု​နာ​မည်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။
သော​တဲ၊သော​ဖ​ရက်၊ပေ​ရိ​ဒ၊
ယာ​လ၊ဒါ​ကုန်၊ဂိဒ္ဒေ​လ၊
ရှေ​ဖ​တိ၊ဟတ္တိ​လ၊ပေါ​ခ​ရက်၊
ဇေ​ဗိမ်​နှင့်​အာ​မုန်။
၆၀ ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​နှင့် ရှော​လ​မုန်​၏​အ​စေ​ခံ​များ​မှ​ဆင်း​သက်​ပေါက်​ဖွား​လာ​သူ​ဦး​ရေ​စု​စု​ပေါင်း​မှာ သုံး​ရာ​ကိုး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။
၆၁-၆၂ တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​ရ​ရှ​မြို့၊ ခေ​ရုပ်​မြို့၊ အဒ္ဒုန်​မြို့​နှင့်​ဣ​မေ​ရ​မြို့​တို့​မှ​ထွက်​ခွာ​လာ​သော​ဒေ​လာ​ယ၊ တော​ဘိ​နှင့်​နေ​ကော​ဒ​သား​ချင်း​စု​အ​နွယ်​ဝင်​များ​မှာ ခြောက်​ရာ​လေး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ မိ​မိ​တို့​ဆင်း​သက်​ပေါက်​ဖွား​လာ​ကြောင်း​သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ။
၆၃-၆၄ အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​ကား​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို​သက်​သေ​ခံ​အ​ထောက်​အ​ထား​ပြ​ရန်​တစ်​စုံ​တစ်​ရာ​ရှာ​၍​မ​တွေ့​နိုင်​ကြ။ ဟ​ဗာ​ယ၊ ကော​ဇ​နှင့်​ဗာ​ဇိ​လဲ (ဗာ​ဇိ​လဲ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​၏​ဘိုး​ဘေး​ဖြစ်​သူ​သည်​ဂိ​လဒ်​ပြည်​သား၊ ဗာ​ဇိ​လဲ​သား​ချင်း​စု​မှ​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​စုံ​ဖက်​ပြီး​နောက်​မိ​မိ​ယောက္ခ​မ​သား​ချင်း​စု​၏​နာ​မည်​ကို​ခံ​ယူ​ခဲ့​၏။)
ထို​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​မှာ​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ​သ​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​မ​ခံ​ရ​ကြ။- ၆၅ ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား``သင်​တို့​သည်​ဥ​ရိမ်​နှင့်​သု​မိမ်7 ကို​အ​သုံး​ပြု​၍​ဆုံး​ဖြတ်​နိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​မ​ပေါ်​မ​ချင်း​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​သည့်​အ​စား​အ​စာ​များ​ကို​မ​စား​ကြ​ရ'' ဟု​ဆို​၏။
၆၆ ပြန်​လာ​ကြ​သော​ပြည်​နှင်​ဒဏ်​သင့်​သူ
စု​စု​ပေါင်း​ဦး​ရေ ၄၂၃၆၀
၆၇-၆၉ ack သူ​တို့​၏​အ​စေ​ခံ​ယောကျာ်း
မိန်း​မ ၇၃၃၇
အ​မျိုး​သား​အ​မျိုး​သ​မီး
ဂီ​တ​ပ​ညာ​သည်​များ ၂၄၅
မြင်း ၇၃၆ ကောင်
လား ၂၄၅ ကောင်
ကု​လား​အုတ် ၄၃၅ ကောင်
မြည်း ၆၇၂၀ ကောင်
၇၀-၇၂ ဗိ​မာန်​တော်​ပြန်​လည်​တည်​ဆောက်​မှု​ကုန်​ကျ​စ​ရိတ်​အ​တွက် ပေး​လှူ​ကြ​သူ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ဘု​ရင်​ခံ​ရွှေ​အောင်​စ ၂၇၀
ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင်
အ​သုံး​ပြု​သည့်​အင်​တုံ ၅၀
ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ ၅၃၀
သား​ချင်း​စု​ခေါင်း​ဆောင်​များ
ရွှေ ၃၃၇​ပေါင်
ငွေ ၃၂၁၅​ပေါင်
ကျန်​ပြည်​သူ​များ​ရွှေ ၃၃၇ ပေါင်
ငွေ ၂၉၂၃ ပေါင်
ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ ၆၇
၇၃ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဂီ​တ​ပ​ညာ​သည်​များ၊ သာ​မန်​ပြည်​သူ​အ​မြောက်​အ​မြား၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​အ​စ​ရှိ​သော​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ယု​ဒ​မြို့​ရွာ​များ​တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။
7 ၇:၆၅ * ဥ​ရိမ်​နှင့်​သု​မိမ်။ ဘု​ရား​သ​ခင်​၏​အ​လို​တော်​သိ​ရှိ​ရန်​ယဇ်​ပု​ရော​ဟိတ်​အ​သုံး​ပြု​သည့်​အ​ရာ​နှစ်​ခု​ဖြစ်​သည်။ ယင်း​တို့​ကို​မည်​ကဲ့​သို့​အ​သုံး​ပြု​သည်​ကို​မ​သိ​ရ။ ၇:၆၅ ထွ၊ ၂၈:၃၀။ တရား၊ ၃၃:၈။ ၇:၇၃ ၅ရာ၊ ၉:၂။ နေ၊ ၁၁:၃။