ကိုယ်ရေပြားရောဂါပျောက်ကင်းသူများ ပြုလုပ်ရမည့်သန့်စင်ခြင်းဝတ်
၁၄
၁-၂ ထာဝရဘုရားကကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအားဘာသာရေးထုံးနည်း အရ သန့်စင်စေခြင်းဆိုင်ရာအောက်ဖော်ပြ ပါပညတ်များကိုမောရှေအားချမှတ်ပေး တော်မူ၏။ ထိုသူအားသန့်စင်သူအဖြစ် ကြေညာမည့်နေ့၌ယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။-
၃ ယဇ်ပုရောဟိတ်သည်သူ့ကိုစခန်းအပြင် သို့ထုတ်၍စစ်ဆေးရမည်။ သူ၏ရောဂါ ပျောက်ကင်းလျှင်၊-
၄ ဘာသာရေးထုံးနည်းအရသန့်စင်သောငှက် နှစ်ကောင်နှင့်တကွသစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကိုယူဆောင်စေ ခဲ့ရမည်။-
၅ ထို့နောက်စမ်းရေထည့်ထားသောမြေအိုးကို အောက်မှခံ၍ ငှက်တစ်ကောင်ကိုသတ်စေရ မည်။-
၆ ယဇ်ပုရောဟိတ်သည်သစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်နှင့်တကွငှက်အရှင်ကို သတ်ပြီးသောငှက်၏သွေးထဲ၌နှစ်ရမည်။-
၇ ထို့နောက်သူသည်ကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအား သွေးဖြင့်ခုနစ်ကြိမ်ပက် ဖျန်းပြီးလျှင်သန့်စင်သူဖြစ်ကြောင်းကြေ ညာရမည်။ ငှက်အရှင်ကိုကွင်းပြင်သို့ပျံ စေရမည်။-
၈ ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
၉ သတ္တမနေ့တွင်သူ၏ဆံပင်၊ မုတ်ဆိတ်မွေး၊ မျက်ခုံးမွေးနှင့်ကိုယ်ပေါ်မှအမွေးရှိသမျှ ကိုတစ်ဖန်ရိတ်ပြီးလျှင် မိမိအဝတ်များ ကိုဖွပ်လျှော်၍ရေချိုးရမည်။ ထိုအခါသူ သည်ဘာသာရေးထုံးနည်းအရသန့်စင် လိမ့်မည်။
၁၀ အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
၁၁ ယဇ်ပုရောဟိတ်သည်ထိုသူကိုအထက်ပါ ပူဇော်သကာများနှင့်တကွ ထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ် ဆောင်ခဲ့ရမည်။-
၁၂ ထို့နောက်ယဇ်ပုရောဟိတ်သည်သိုးအထီး တစ်ကောင်နှင့် သံလွင်ဆီအဝက်သားကို အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရ မည်။ ထိုပူဇော်သကာတို့ကို ယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအား အထူးလှူ ဖွယ်အဖြစ်ဆက်ကပ်ရမည်။-
၁၃ သူသည်အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ ရာယဇ်ကောင်များကို သတ်သောသန့်ရှင်းရာ ဌာနတွင်သိုးကိုသတ်ရမည်။ အပြစ်ဒဏ်ပြေ ရာယဇ်ကောင်သည်အပြစ်ဖြေရာယဇ်ကောင် ကဲ့သို့ ယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။ ထိုယဇ် သည်အလွန်သန့်ရှင်းသည်။-
၁၄ ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ်ကို ပြုနေသောသူ၏လက်ယာနားပျဉ်း၊ လက် ယာလက်မနှင့်လက်ယာခြေမတို့တွင်သိုး ၏သွေးဖြင့်သုတ်ရမည်။-
၁၅ ထို့နောက်ယဇ်ပုရောဟိတ်သည် မိမိ၏လက် ဝဲလက်ဖဝါးထဲသို့သံလွင်ဆီအနည်း ငယ်ကိုလောင်းထည့်လျက်၊-
၁၆ လက်ယာလက်ညှိုးဖြင့်ဆီကိုတို့၍ ထာဝရ ဘုရား၏ရှေ့တော်တွင်ခုနစ်ကြိမ်ဖျန်းရ မည်။-
၁၇ တစ်ဖန်သူသည်ဘာသာရေးထုံးနည်း အရ သန့်စင်ခြင်းဝတ်ကိုပြုနေသူ၏ လက်ယာနားပျဉ်း၊ လက်ယာလက်မ၊ လက် ယာခြေမတို့တွင်လက်ဖဝါးထဲမှဆီ နှင့်သိုး၏သွေးအနည်းငယ်ဖြင့်သုတ် ရမည်။-
၁၈ လက်ဖဝါးထဲတွင်ကျန်ရှိသောဆီဖြင့် ထို သူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအား ဖြင့်သူသည်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
၁၉ ထိုနောက်ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကိုပူဇော်၍ သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရမည်။ ထိုနောက်သူသည်မီးရှို့ရာယဇ် ကောင်ကိုသတ်၍၊-
၂၀ ဘောဇဉ်ပူဇော်သကာနှင့်တကွ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအား ဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ် ကိုဆောင်ရွက်ပြီးနောက်ရောဂါပျောက်ကင်း သူသည်သန့်စင်လိမ့်မည်။
၂၁ ထိုသူသည်ဆင်းရဲသဖြင့် အထက်ပါပူဇော် သကာများကိုသန့်စင်ခြင်းဝတ်အတွက် အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရန် မတတ်နိုင်လျှင် သိုးထီးကလေးတစ်ကောင် ကိုသာယူဆောင်ခဲ့ရမည်။ ထိုယဇ်သည်ယဇ် ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးလှူဘွယ်ဖြစ်သည်။ သူသည်ဘောဇဉ် ပူဇော်သကာအတွက် သံလွင်ဆီနှင့်ရော သောမုန့်ညက်နှစ်ပေါင်ကိုလည်းကောင်း၊ သံ လွင်ဆီအဝက်သားကိုလည်းကောင်းယူခဲ့ ရမည်။-
၂၂ အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ် အတွက်တစ်ကောင်စီပူဇော်ရန် ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင်ကိုလည်းယူခဲ့ရမည်။-
၂၃ သန့်စင်ခြင်းဝတ်ကိုပြုသည့်အဋ္ဌမနေ့၌ သူသည် ထိုပူဇော်သကာတို့ကိုယဇ်ပုရော ဟိတ်ထံတဲတော်တံခါးဝသို့ယူဆောင်ခဲ့ ရမည်။-
၂၄ ယဇ်ပုရောဟိတ်သည်သိုးနှင့်သံလွင်ဆီကို ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးပူဇော်သကာအဖြစ်ဆက်ကပ်ရမည်။-
၂၅ သူသည်သိုးကိုသတ်ပြီးလျှင်သွေးအနည်း ငယ်ဖြင့် ထိုသူ၏လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာခြေမတို့ကိုသုတ်ရမည်။-
၂၆ ထို့နောက်ယဇ်ပုရောဟိတ်သည် မိမိ၏လက်ဝဲ လက်ဖဝါးထဲတွင်ဆီအနည်းငယ်ကိုထည့် ၍၊-
၂၇ လက်ယာလက်ညှိုးဖြင့် ထာဝရဘုရား၏ ရှေ့တော်၌ခုနစ်ကြိမ်ဖျန်းရမည်။-
၂၈ တစ်ဖန်သူသည်သွေးသုတ်ပြီးသောနေရာ များဖြစ်သည့်လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာခြေမတို့တွင်ဆီအနည်း ငယ်သုတ်ရမည်။-
၂၉ တစ်ဖန်သူသည်လက်ဖဝါးထဲတွင်ကျန်ရှိ သောဆီဖြင့် ထိုသူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအားဖြင့်သန့်စင်ခြင်းဝတ်ကိုပြု ရမည်။-
၃၀ ထိုနောက်ယဇ်ပုရောဟိတ်သည်ချိုးတစ်ကောင်၊ သို့မဟုတ်ခိုတစ်ကောင်ကိုအပြစ်ဖြေရာ ယဇ်အတွက်လည်းကောင်း၊-
၃၁ အခြားတစ်ကောင်ကိုမီးရှို့ရာယဇ်အတွက် လည်းကောင်း၊ ဘောဇဉ်ပူဇော်သကာနှင့်တကွ ထာဝရဘုရားအားပူဇော်ရမည်။ ဤနည်း အားဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်း ဝတ်ကိုဆောင်ရွက်ရမည်။-
၃၂ ဤပညတ်သည်ကားဆင်းရဲ၍မတတ်နိုင် သည့်ကိုယ်ရေပြားရောဂါသည် လိုက်နာရ မည့်သန့်စင်ခြင်းဝတ်နှင့်ဆိုင်သောပညတ် ဖြစ်သတည်း။
အိမ်များတွင်ဖားဥစွဲခြင်း
၃၃-၃၄ ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား အိမ်များတွင်ဖားဥစွဲခြင်းနှင့်ပတ်သက် ၍ အောက်ဖော်ပြပါပညတ်များကိုချမှတ် ပေးတော်မူ၏။ (ဤပညတ်သည် ဣသရေလ အမျိုးသားတို့ပိုင်ဆိုင်နေထိုင်ရန် ထာဝရ ဘုရားပေးတော်မူမည့်ခါနာန်ပြည်သို့ရောက် ရှိပြီးနောက်လိုက်လျှောက်ရမည့်ပညတ်များ ဖြစ်သည်။-)
၃၅ တစ်စုံတစ်ယောက်သောသူသည် မိမိ၏အိမ် တွင်ဖားဥစွဲကြောင်းတွေ့ရလျှင် ယဇ်ပုရော ဟိတ်ထံသို့သွားရောက်တိုင်ကြားရမည်။-
၃၆ ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် မစစ်ဆေးမီ ပစ္စည်းရှိသမျှကိုအပြင်သို့ ထုတ်စေရမည်။ ထိုသို့မပြုလုပ်လျှင်အိမ်ထဲ ၌ရှိသမျှသောပစ္စည်းများကိုမသန့်စင်ဟု ကြေညာရမည်။ ထိုနောက်သူသည်အိမ်ထဲ သို့ဝင်၍၊-
၃၇ ဖားဥကိုစစ်ဆေးရမည်။ အိမ်ထရံပေါ် တွင်စိမ်းဖန့်ဖန့်၊ နီကြန့်ကြန့်ဖားဥစွဲသည့် အကွက်များချိုင့်ဝင်နေကြောင်းတွေ့ရှိရ လျှင်၊-
၃၈ သူသည်အိမ်အပြင်သို့ထွက်၍အိမ်ကို ခုနစ်ရက်ပိတ်ထားစေရမည်။-
၃၉ သူသည်သတ္တမနေ့၌ ထိုအိမ်သို့တစ်ဖန်သွား ရောက်စစ်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် ဖားဥများပြန့်ပွားလျက်ရှိကြောင်းတွေ့ရ လျှင်၊-
၄၀ ဖားဥစွဲသောကျောက်တုံးများကိုထုတ်၍ မြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။-
၄၁ ထိုနောက်အိမ်တွင်းထရံများမှအင်္ဂတေကို ခြစ်ခွာစေရမည်။ ခြစ်ခွာ၍ရသောအင်္ဂတေ ကိုမြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။-
၄၂ ထုတ်ပစ်သောကျောက်တုံးများနေရာတွင် အခြားကျောက်တုံးများဖြင့်အစားထိုး ၍ ထရံများကိုအင်္ဂတေဖြင့်အသစ်မွမ်းမံ စေရမည်။
၄၃ ထိုအိမ်တွင်ကျောက်တုံးများကိုထုတ်၍ထရံ များကိုခြစ်လျက် အင်္ဂတေအသစ်မွမ်းမံပြီး နောက်ဖားဥစွဲပြန်လျှင်၊-
၄၄ ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် စစ်ဆေးရမည်။ ဖားဥပြန့်ပွားလျက်ရှိသည် ကိုတွေ့ရလျှင်ထိုအိမ်သည်မသန့်စင်ချေ။-
၄၅ ထိုအခါအိမ်ကိုဖြိုချ၍ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကိုမြို့ပြင်ရှိအညစ်အကြေး စွန့်ရာအရပ်သို့ယူဆောင်သွားရမည်။-
၄၆ အိမ်ကိုပိတ်ထားသည့်ကာလအတွင်း အိမ်ထဲသို့ဝင်မိသူသည်ညဦးတိုင်အောင် မသန့်စင်ချေ။-
၄၇ ထိုအိမ်ထဲတွင်အိပ်မိစားမိသူသည်လည်း မိမိ၏အဝတ်များကိုဖွပ်လျှော်ရမည်။
၄၈ အိမ်ကိုအင်္ဂတေဖြင့်အသစ်မွမ်းမံပြီးသည့် နောက် ယဇ်ပုရောဟိတ်သွားရောက်စစ်ဆေးကြည့် သောအခါ ဖားဥထပ်မံ၍မစွဲကြောင်းတွေ့ ရှိရလျှင် ဖားဥလုံးဝမစွဲတော့ပြီဖြစ်သော ကြောင့် ထိုအိမ်သည်ဘာသာရေးထုံးနည်း အရသန့်စင်သည်ဟူ၍ကြေညာရမည်။-
၄၉ ထိုအိမ်အတွက်သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရန်သူသည်ငှက်နှစ်ကောင်၊ သစ်ကတိုး သား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကို ယူဆောင်ခဲ့ရမည်။-
၅၀ သူသည်စမ်းရေထည့်ထားသောမြေအိုးကို အောက်မှခံ၍ငှက်တစ်ကောင်ကိုသတ်ရမည်။-
၅၁ ထို့နောက်သစ်ကတိုးသား၊ ဟုဿုပ်ခက်၊ ကြိုး နီနှင့်တကွ ငှက်အရှင်ကိုသတ်ပြီးသော ငှက်၏သွေးနှင့်စမ်းရေထည့်လာသောအိုး ထဲတွင်နှစ်ပြီးလျှင် အိမ်ကိုခုနစ်ကြိမ်ပက် ဖျန်းရမည်။-
၅၂ ဤနည်းအားဖြင့်သူသည်ငှက်၏သွေး၊ စမ်း ရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ခက် နှင့်ကြိုးနီစသည်တို့ကိုအသုံးပြု၍အိမ် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။-
၅၃ ထိုနောက်ငှက်အရှင်ကိုမြို့ပြင်ကွင်းပြင် သို့လွှတ်လိုက်ရမည်။ ဤနည်းအားဖြင့်သူသည် အိမ်အတွက်သန့်စင်ခြင်းဝတ်ကိုပြုသဖြင့် အိမ်သည်ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။
၅၄ ဤပညတ်သည်ကား ဆိုးရွားသည့်ကိုယ်ရေ ပြားရောဂါများနှင့်ဆိုင်၍လည်းကောင်း၊-
၅၅-၅၆ ကိုယ်ရေပြားပေါ်တွင်ပေါက်သောအနာ၊ အနာ စိမ်း၊ သို့မဟုတ်ဖူးယောင်နာနှင့်ဆိုင်၍လည်း ကောင်း၊ အဝတ်အထည်နှင့်အိမ်များတွင်ဖားဥ စွဲခြင်းနှင့်ဆိုင်၍လည်းကောင်းပြဋ္ဌာန်းသော ပညတ်များဖြစ်သည်။-
၅၇ ဤပညတ်များသည်သန့်စင်သည်မသန့်စင် သည်ကို အဆုံးအဖြတ်ပေးသောပညတ်များ ဖြစ်သည်။