ကျ​ဆုံး​ပြီး​ချိန်​၌​ယေ​ရု​ရှ​လင်​မြို့​၏ အ​ခြေ​အ​နေ
၁ ပြောင်​လက်​သည့်​ရွှေ​တို့​သည်​မှေး​မှိန်​၍ သွား​လေ​ပြီ။
ဗိ​မာန်​တော်​ကျောက်​တို့​သည်​လည်း လမ်း​များ​ပေါ်​တွင်​ပြန့်​ကျဲ​လျက်​နေ​၏။
၂ ဇိ​အုန်​မြို့​သား​လူ​ငယ်​လူ​ရွယ်​တို့​သည်​ငါ​တို့ အ​ဖို့ ရွှေ​ကဲ့​သို့​အ​ဖိုး​ထိုက်​ခဲ့​သော်​လည်း
ယ​ခု​အ​ခါ​၌​မူ​မြေ​အိုး​များ​ကဲ့​သို့ မှတ်​ယူ​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။
၃ ဝံ​ပု​လွေ​မ​ပင်​လျှင်​မိ​မိ​သား​ငယ်​ကို​နို့​တိုက် ပြု​စု​တတ်​သော်​လည်း
ငါ​၏​အ​မျိုး​သား​များ​မူ​ကား
ငှက်​ကု​လား​အုတ်​များ​သ​ဖွယ်​မိ​မိ​တို့ သား​ငယ်​များ အ​ပေါ်​တွင်​ရက်​စက်​ကြ​ပေ​သည်။
၄ သူ​တို့​သည်​မိ​မိ​တို့​၏​နို့​စို့​က​လေး​များ​အား အ​စာ​ငတ်​ရေ​ငတ်​ထား​၍​သေ​စေ​ကြ​၏။
က​လေး​သူ​ငယ်​တို့​သည်​အ​စား​အ​စာ တောင်း​ခံ​လျက်​နေ​သော်​လည်း
သူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ပေး​ကြ။
၅ အ​မွန်​မြတ်​ဆုံး​စား​ဖွယ်​သောက်​ဖွယ်​များ​ကို
စား​သောက်​လေ့​ရှိ​သူ​တို့​သည်​လမ်း​များ​ပေါ် တွင် အ​စာ​ငတ်​၍​သေ​ကြ​ကုန်​၏။
ဇိမ်​ခံ​၍​ကြီး​ပြင်း​လာ​ကြ​သူ​တို့​သည်​လည်း အ​မှိုက်​ပုံ​ကို​လက်​နှင့်​ယက်​၍​အ​စာ​ရှာ​ရ ကြ​၏။
၆ ငါ​၏​လူ​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​ဖြင့် ရုတ်​တ​ရက်​ပြို​လဲ​ပျက်​စီး​ရ​သည့်
သော​ဒုံ​မြို့​ထက်​အ​ပြစ်​ဒဏ်​ပို​၍​ခံ​ရ ပါ​၏။
၇ ငါ​တို့​၏​မင်း​ညီ​မင်း​သား​များ​သည်​ညစ်​ညမ်း မှု​မ​ရှိ။ မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​သန့်​ရှင်း​ကြ​၏။
သူ​တို့​သည်​အ​သား​အ​ရည်​စို​ပြေ ကျန်း​မာ​လျက်
ခွန်​အား​တောင့်​တင်း​သန်​မာ​ကြ​ကုန်​သည်။
၈ ယ​ခု​အ​ခါ​သူ​တို့​၏​အ​ရုပ်​အ​ဆင်း​သည် မည်း​နက်​လျက်
မျိုး​မည်​မ​ပေါ်​ဘဲ​လမ်း​များ​ပေါ်​တွင်​လဲ​၍ သေ​နေ​ရ​ကြ​၏။
သူ​တို့​အ​သား​အ​ရည်​မှာ​သစ်​သား​သ​ဖွယ်
ခြောက်​ကပ်​လျက်​အ​ရိုး​များ​ပေါ်​တွင်​တွန့်​လိမ်​၍ နေ​လေ​ပြီ။
၉ စစ်​ပွဲ​တွင်​ကျ​ဆုံး​သေ​ကြေ​ရ​သူ​တို့​သည် အ​စာ​ရေ​စာ​ပြတ်​၍
ဆက်​လက်​အ​သက်​မ​ရှင်​နိုင်​တော့​ဘဲ
တ​ဖြည်း​ဖြည်း​ငတ်​မွတ်​သေ​ဆုံး​သူ​များ​ထက် သာ​၍​ကောင်း​သေး​သည်။
၁၀ ငါ​၏​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​သည်
ကြောက်​မက်​ဖွယ်​ကောင်း​လှ​၏။
ချစ်​ခင်​ကြင်​နာ​တတ်​သော​မိ​ခင်​များ​ပင်​လျှင် မိ​မိ​တို့​သား​သ​မီး​များ​ကို​ပြုတ်​၍​စား​ကြ​၏။
၁၁ ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သော
အ​မျက်​တော်​အ​ရှိန်​ကို​အ​စွမ်း​ကုန် လွှတ်​တော်​မူ​လေ​ပြီ။
ကိုယ်​တော်​သည်​ဇိ​အုန်​မြို့​တွင်​မီး​မွှေး​၍​ထို မြို့​ကို ပြာ​ကျ​စေ​တော်​မူ​ပါ​၏။
၁၂ အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည်​လည်း​ကောင်း
လူ​မျိုး​ခြား​တို့​၏​ဘု​ရင်​များ​သည်​လည်း​ကောင်း
အ​ဘယ်​ရန်​သူ​မျှ​ယေ​ရု​ရှ​လင်
မြို့​တံ​ခါး​များ​ကို​ချင်း​နင်း​ဝင်​ရောက်​နိုင်​လိမ့် မည်​ဟု မ​ယုံ​ကြ။
၁၃ သို့​ရာ​တွင်​ယင်း​သို့​ချင်း​နင်း​ဝင်​ရောက်​မှု​ကား ဖြစ်​ပွား​ခဲ့​ပြီ။
ထို​မြို့​၏​ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် များ​သည်
အ​ပြစ်​ကူး​ကြ​သ​ဖြင့်​အ​ပြစ်​မဲ့​သူ​တို့​သည် သေ​ရ​ကြ​လေ​ပြီ။
၁၄ မြို့​၏​ခေါင်း​ဆောင်​တို့​သည်​အ​ဘယ်​သူ​မျှ
မ​တို့​မ​ထိ​ချင်​အောင်​သွေး​များ​ပေ​ကျံ​လျက်
လမ်း​များ​တွင်​မျက်​မ​မြင်​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​နေ​ကြ​၏။
၁၅ လူ​တို့​က``ထွက်​သွား​ကြ​လော့၊သင်​တို့​သည် ညစ်​ညမ်း​လျက်​ရှိ​၏။
ငါ​တို့​ကို​မ​တို့​မ​ထိ​ကြ​နှင့်'' ဟု​အော်​ဟစ် ပြော​ဆို​ကြ​၏။
သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အား​လက်​ခံ မည့်​သူ မ​ရှိ​ဘဲ
တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​လေ​သည်။
၁၆ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား
ဂ​ရု​စိုက်​တော်​မ​မူ​တော့​သ​ဖြင့်​ကိုယ်​တော်​တိုင် ကွဲ​လွင့်​စေ​တော်​မူ​ပါ​၏။
ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်
ခေါင်း​ဆောင်​များ​ကို​လည်း​ပ​မာ​ဏ​ပြု​တော် မ​မူ​ပါ။ မျက်​နှာ​သာ​မ​ပေး​ကြ​တော့​ချေ။
၁၇ ငါ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ပေါ်​လာ​သည့် အ​ကူ​အ​ညီ​ကို​စောင့်​မျှော်​နေ​ခဲ့​ကြ​၏။
ငါ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ကူ​အ​ညီ​မ​ပေး နိုင်​သည့်
နိုင်​ငံ​မှ​အ​ကူ​အ​ညီ​ကို ဆက်​လက်​စောင့်​မျှော်​ခဲ့​ကြ​၏။
၁၈ ရန်​သူ​များ​သည်​ငါ​တို့​အား​စောင့်​၍
ကြည့်​နေ​ကြ​သ​ဖြင့်​ငါ​တို့​သည်
လမ်း​များ​ပေါ်​၌​ပင်​လျှင်​မ​သွား​မ​လာ​ရဲ ကြ​ပါ။
ငါ​တို့​၏​နေ့​ရက်​ကာ​လ​ကုန်​ဆုံး​ခဲ့​ပြီ။ နောက်​ဆုံး​အ​ချိန်​ရောက်​ခဲ့​ပြီ။
၁၉ သူ​တို့​သည်​မိုး​ကောင်း​ကင်​မှ​ထိုး​ဆင်း​လာ​သည့်
လင်း​ယုန်​ငှက်​များ​ကဲ့​သို့​ငါ​တို့​ကို​လိုက်​လံ ဖမ်း​ဆီး​ကြ​ပါ​၏။
တောင်​ကုန်း​များ​တွင်​ငါ​တို့​ကို​လိုက်​၍​ရှာ​ဖွေ ကြ​ပါ​၏။
သဲ​ကန္တာ​ရ​တွင်​အ​မှတ်​မ​ထင်​ဖမ်း​ဆီး​ကြ​ပါ​၏။
၂၀ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​သည့်​ဘု​ရင်
ငါ​တို့​၏​အ​သက်​သ​ခင်​ရန်​သူ​အ​ပေါင်း​တို့​၏​ဘေး​မှ
ကွယ်​ကာ​စောင့်​ရှောက်​ရန်​ငါ​တို့​ယုံ​ကြည်​ကိုး​စား​သည့် အ​ရှင်​ကို​ဖမ်း​ဆီး​ကြ​ပါ​၏။
၂၁ ဧ​ဒုံ​ပြည်​နှင့်​ဥ​ဇ​ပြည်​သား​တို့​ရယ်​မော​၍ နေ​ကြ​လော့။
သင်​တို့​ဝမ်း​မြောက်​နိုင်​သည့်​ကာ​လ​ဝမ်း​မြောက်​လျက် နေ​ကြ​လော့။
သင်​တို့​ကြုံ​တွေ့​ရ​မည့်​ဘေး​အန္တရာယ်​သည်​လည်း သက်​ရောက်​လာ​လိမ့်​မည်။
သင်​သည်​လည်း​အ​ဝတ်​မဲ့​လျက်​ဒ​ယိမ်း​ဒ​ယိုင်​နှင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။
၂၂ ဇိ​အုန်​မြို့​သည်​မိ​မိ​၏​အ​ပြစ်​ကြွေး​ကို​ပေး​ဆပ်​မှု ပြီး​ဆုံး​ပြီ။
ကိုယ်​တော်​ရှင်​သည်​ငါ​တို့​အား​တစ်​ကျွန်း​တစ်​နိုင်​ငံ​တွင် ဆက်​လက်​ထား​ရှိ​တော့​မည်​မ​ဟုတ်။
သို့​ရာ​တွင် အို ဧ​ဒုံ​ပြည်၊ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။
သင်​၏​အ​ပြစ်​ကို​ဖော်​ပြ​တော်​မူ​လိမ့်​မည်။
၄:၆ က၊ ၁၉:၂၄။ ၄:၁၀ တရား၊ ၂၈:၅၇။ ယေဇ၊ ၅:၁၀။