ယေရုရှလင်မြို့ကျဆုံးခြင်း
၃၉
၁ ယုဒဘုရင်ဇေဒကိနန်းစံနဝမနှစ်၊ ဒသမ လ၌ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည် မိမိ ၏တပ်မတော်ကြီးတစ်ခုလုံးနှင့်လာရောက်၍ ယေရုရှလင်မြို့ကိုတိုက်ခိုက်လေသည်။-
၂ ဇေဒကိနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ စတုတ္ထ လ၊ နဝမရက်နေ့၌မြို့ရိုးများပြိုကျ၍ သွားလေ၏။
၃ (ယေရုရှလင်မြို့ကိုသိမ်းယူရရှိသောအခါ နေရဂါလရှရေဇာ၊ သံဂါနေဗော၊ စာသခိမ် နှင့်အခြားနေရဂါလရှရေဇာတို့အပါ အဝင်ဗာဗုလုန်ဘုရင်၏မှူးမတ်တို့သည် အလယ်တံခါးသို့လာ၍ထိုင်ကြ၏။)
၄ ဤအဖြစ်အပျက်ကိုယုဒဘုရင်ဇေဒကိ နှင့် စစ်သူရဲကောင်းတို့မြင်လေလျှင်ညဥ့်အခါ မြို့ထဲမှထွက်ပြေးရန်ကြိုးစားကြ၏။ သူ တို့သည်ဥယျာဉ်တော်လမ်းဖြင့်မြို့ရိုးနှစ်ခု ကြားရှိတံခါးမှထွက်၍ ယော်ဒန်ချိုင့်ဝှမ်း သို့ရှေ့ရှုထွက်ပြေးကြလေသည်။-
၅ သို့ရာတွင်ဗာဗုလုန်တပ်မတော်သည် သူ တို့အားလိုက်လံဖမ်းဆီးရာယေရိခေါ လွင်ပြင်အနီးတွင်ဇေဒကိကိုရမိကြ၏။ ထိုနောက်သူ့ကိုဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာရှိရာဟာမတ်နယ်မြေ၊ ရိဗလမြို့ သို့ခေါ်ဆောင်သွားကြ၏။ ထိုမြို့တွင်နေဗု ခဒ်နေဇာသည်ဇေဒကိအပေါ်၌စီရင် ချက်ချတော်မူ၏။-
၆ ရိဗလမြို့၌ပင်ဗာဗုလုန်ဘုရင်သည်ဇေဒ ကိ၏မျက်မှောက်တွင် သူ၏သားတော်တို့ကို ကွပ်မျက်စေလေသည်။ သူသည်ယုဒမှူးမတ် များကိုလည်းသတ်စေ၍၊-
၇ ဇေဒကိ၏မျက်စိများကိုထိုးဖောက်စေ၏။ ထိုနောက်သူ့အားဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားရန်သံကြိုးများဖြင့်ချည်နှောင်ထား စေလေသည်။-
၈ ဤအတောအတွင်း၌ဗာဗုလုန်အမျိုး သားတို့သည် ဘုရင့်နန်းတော်နှင့်ပြည်သူ တို့၏အိမ်များကိုမီးရှို့ကာယေရုရှလင် မြို့ရိုးတို့ကိုဖြိုချကြ၏။-
၉ နောက်ဆုံး၌တပ်မှူးနေဗုဇာရဒန်သည်မြို့ တွင်း၌ကျန်ရှိနေသူတို့အား မိမိထံသို့ ထွက်ပြေးလာကြသူတို့နှင့်အတူ သုံ့ပန်း များအဖြစ်ဖြင့်ဗာဗုလုန်မြို့သို့ခေါ် ဆောင်သွားလေ၏။-
၁၀ သူသည်ပစ္စည်းမဲ့ဆင်းရဲသားအချို့အား စပျစ် ဥယျာဉ်များနှင့်လယ်ယာများကိုပေးအပ် ကာယုဒပြည်တွင်ထားခဲ့၏။
အချုပ်ထောင်မှယေရမိလွတ်လာခြင်း
၁၁ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည် တပ်မှူး နေဗုဇာရဒန်အား၊-
၁၂ ``သင်သည်သွား၍ယေရမိကိုခေါ်ယူကာ ကောင်းစွာကြည့်ရှုစောင့်ရှောက်လော့။ သူ့ကို မညှင်းဆဲနှင့်။ သူအလိုရှိသည်အတိုင်း ဆောင်ရွက်၍ပေးလော့'' ဟုမှာကြားတော် မူ၏။-
၁၃ သို့ဖြစ်၍နေဗုဇာရဒန်နှင့်အမတ်ကြီး တစ်ဦးဖြစ်သူနေဗုရှာဇဗန်၊ အခြားအမတ် ကြီးနေရဂါလရှရေဇာအစရှိသည့် ဗာဗုလုန်ဘုရင်၏မှူးမတ်အပေါင်းတို့သည်၊-
၁၄ ငါ့အားနန်းတော်ဝင်းအတွင်းမှခေါ်ယူကြ၏။ ထိုနောက်သူတို့သည်ငါ့အားဘေးမဲ့လုံခြုံ စွာအိမ်သို့ပြန်လည်ပို့ဆောင်စေရန်ရှာဖန် ၏မြေး၊ အဟိတံ၏သားဂေဒလိ၏လက်သို့ ပေးအပ်ကြ၏။ သို့ဖြစ်၍ငါသည်မိမိ၏ အမျိုးသားများနှင့်အတူတစ်ဖန်နေထိုင် ရလေသည်။
ဧဗဒမေလက်အတွက်မျှော်လင့်ချက်
၁၅ ငါသည်နန်းတော်ဝင်းအတွင်း၌ အကျဉ်းခံ နေရစဉ်ထာဝရဘုရားသည်ငါ့အား ဗျာဒိတ်ပေးတော်မူ၏။-
၁၆ ကိုယ်တော်က``သင်သည်ဆူဒန်အမျိုးသား ဧဗဒမေလက်အား`ဣသရေလအမျိုးသား တို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရ ဘုရားကငါသည်ယခင်ကဖော်ပြခဲ့သည့် အတိုင်းဤမြို့ကိုယိုယွင်းပျက်စီးစေမည်။ ယင်းကိုချမ်းသာကြွယ်ဝစေလိမ့်မည်မဟုတ်။ အချိန်ကျသောအခါဤအမှုအရာများ ဖြစ်ပျက်လာသည်ကိုတွေ့မြင်နိုင်ရန်သင် သည်ထိုမြို့တွင်ရှိနေပေလိမ့်မည်။-
၁၇ သို့ရာတွင်သင့်အားငါထာဝရဘုရား ကွယ်ကာစောင့်ထိန်းတော်မူမည်ဖြစ်၍ သင် သည်မိမိကြောက်လန့်သည့်လူတို့၏လက် တွင်းသို့ကျရောက်ရလိမ့်မည်မဟုတ်။-
၁၈ ငါသည်သင့်ကိုဘေးမဲ့လုံခြုံစွာထားမည် ဖြစ်သဖြင့် သင်သည်အသတ်ခံရလိမ့်မည် မဟုတ်။ သင်သည်ငါ့ကိုယုံကြည်ကိုးစား သောကြောင့်အသက်ချမ်းသာရာရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏' ဟုမိန့်တော်မူကြောင်းဆင့် ဆိုလော့'' ဟုမှာကြားတော်မူ၏။