ဗိမာန်တော်မှထာဝရဘုရား၏ ဘုန်းအသရေတော်ထွက်ခွာခြင်း
၁၀
၁ ငါသည်အသက်ရှင်သောသတ္တဝါ တို့၏ဦးခေါင်းအထက်ရှိလိပ်ခုံးမိုးကိုကြည့် လိုက်ရာ နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့် တူသောအရာကိုမြင်ရ၏။-
၂ ဘုရားသခင်ကပိတ်ချောထည်ဝတ်ဆင် ထားသူအား``ထိုသတ္တဝါတို့၏အောက်၌ရှိ သောရထားဘီးများအကြားသို့သွား၍ ထိုသတ္တဝါတို့၏ကြားရှိမီးကျီးခဲတို့ ကိုလက်ခုပ်ဖြင့်ကျုံးကာမြို့ပေါ်သို့ကြဲ ချလော့'' ဟုမိန့်တော်မူ၏။
ထိုသူသည်လည်းငါ၏ရှေ့မှောက်၌ပင် ထွက်သွား၏။-
၃ သူဝင်လာသောအခါသတ္တဝါတို့သည်ဗိမာန် တော်၏တောင်ဘက်တွင်ရပ်နေကြ၏။ ဗိမာန် တော်အတွင်းတံတိုင်းသည်လည်းမိုးတိမ် ဖြင့်ပြည့်၏။-
၄ ထာဝရဘုရား၏တောက်ပသောအသရေ တော်သည် ထိုသတ္တဝါများမှအထက်သို့လျှံ တက်ပြီးလျှင် ဗိမာန်တော်အဝင်ဝသို့ရွေ့ လျား၏။ ထိုနောက်ဗိမာန်တော်သည်မိုးတိမ် များဖြင့်ပြည့်သဖြင့် တံတိုင်းသည်ဘုရားသခင်၏ဘုန်းအသရေဖြင့်ထွန်းတောက် လျက်နေ၏။-
၅ သတ္တဝါတို့၏တောင်ပံခတ်သံကိုအပြင် တံတိုင်းမှပင်ကြားရ၏။ ထိုအသံသည် အနန္တတန်ခိုးရှင်ဘုရားသခင်မိန့်မြွက် တော်မူသောအသံနှင့်တူ၏။
၆ ပိတ်ချောထည်ကိုဝတ်ဆင်ထားသူအား ထာ ဝရဘုရားကသတ္တဝါများ၏အောက်၌ ရှိသောရထားဘီးများအကြားမှ မီးကျီး ခဲအချို့ကိုယူရန်အမိန့်ပေးတော်မူသော အခါထိုသူသည်ဝင်၍ဘီးတစ်ခုအနီး ၌ရပ်လေ၏။-
၇ သတ္တဝါတစ်ပါးသည်လက်ကိုဆန့်၍သတ္တ ဝါများအကြား၌ရှိသည့်မီးကျီးခဲကို ကောက်ယူကာ ပိတ်ချောထည်ဝတ်ဆင်သူ ၏လက်ခုပ်ထဲသို့ထည့်၍ပေး၏။ ထိုသူ သည်လည်းမီးကျီးခဲများကိုယူ၍ ထွက်သွား၏။
၈ သတ္တဝါတိုင်း၏တောင်ပံများအောက်၌ လူ လက်နှင့်တူသောလက်တစ်ခုစီရှိသည်ကို လည်းကောင်း၊-
၉-၁၀ ထိုသတ္တဝါတို့၏နံဘေး၌ရထားဘီးတစ် ခုစီရှိသည်ကိုလည်းကောင်းငါမြင်ရ၏။ ထို ဘီးတို့သည်ကျောက်မျက်ရတနာများကဲ့ သို့အရောင်အဝါထွက်လျက်နေ၏။ ယင်းတို့ သည်ပုံသဏ္ဌာန်အရွယ်အစားချင်းတူညီ ကြလျက် ဘီးတိုင်းတွင်အခြားဘီးတစ်ခု ကကန့်လန့်ဖြတ်ထောင့်မှန်ကျကျတပ်ဆင် ထား၏။-
၁၁ ထိုဘီးတို့လှုပ်ရှားရာ၌ဘီးတို့သည်မလှည့် ဘဲ သတ္တဝါများသွားသည့်အတိုင်းသူတို့ မျက်နှာမူရာအရပ်၊ မည်သည့်အရပ်သို့ မဆိုသွားလာနိုင်ကြ၏။ သူတို့သည်မိမိ တို့ကိုယ်ကိုလှည့်နေရန်မလိုဘဲ အားလုံး တညီတညာတည်းမိမိတို့သွားလိုရာ ဘက်သို့သွားနိုင်ကြ၏။-
၁၂ သူတို့ကိုယ်ခန္ဓာများ၊ ကျောကုန်းများ၊ လက် များ၊ တောင်ပံများနှင့်ဘီးများသည်မျက်စိ များနှင့်ပြည့်နှက်လျက်ရှိ၏။-
၁၃ ထိုဘီးတို့ကို``စကြာဘီးများ'' ဟုခေါ်ဆို သည်ကိုငါကြားရ၏။
၁၄ ထိုသတ္တဝါတစ်ပါးလျှင်မျက်နှာလေးခုရှိ၍ ပထမမျက်နှာသည်ခေရုဗိမ်မျက်နှာ၊ ဒုတိယ မှာလူမျက်နှာ၊ တတိယကားခြင်္သေ့မျက်နှာ၊ စတုတ္ထမှာလင်းယုန်မျက်နှာဖြစ်၏။-
၁၅ သူတို့သည်လေထဲသို့ပျံတတ်ကြ၏။ (ထို သတ္တဝါတို့ကားခေဗာမြစ်အနီးတွင်ငါ တွေ့မြင်ခဲ့ရသောသတ္တဝါများပင်ဖြစ်၏။-)
၁၆ သတ္တဝါတို့လှုပ်ရှားသောအခါသူတို့အနီး ရှိဘီးတို့သည်လည်းလှုပ်ရှားကြ၏။ သူတို့ ပျံရန်အတောင်ကိုဖြန့်ကြသောအခါ ဘီး တို့သည်လည်းလိုက်၍သွားကြ၏။-
၁၇ ထိုသတ္တဝါတို့ရပ်ကြသောအခါဘီးတို့ သည်လည်းရပ်၏။ သတ္တဝါတို့ပျံသန်းကြ သောအခါဘီးတို့သည်လည်းလိုက်၍သွား ကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသတ္တဝါ များ၏ဝိညာဉ်ကဘီးတို့ကိုချုပ်ကိုင်၍ ထားသောကြောင့်ဖြစ်၏။
၁၈ ထိုနောက်ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည် ဗိမာန်တော်အဝင်ဝမှ ထွက်ခွာ၍သတ္တဝါတို့၏အထက်သို့ရွေ့ လျားသွားတော်မူ၏။-
၁၉ သူတို့သည်မိမိတို့တောင်ပံများကိုဖြန့်၍ ငါ၏မျက်မှောက်၌ပင်ကမ္ဘာမြေကြီးမှအထက် သို့ပျံတက်ကြ၏။ ထိုအခါဘီးတို့သည်လည်း လိုက်ပါသွားကြ၏။ သတ္တဝါတို့သည်ဗိမာန် တော်အရှေ့တံခါးတွင်ရပ်နားကြ၏။ ဣသ ရေလအမျိုးသားတို့ဘုရားသခင်၏ တောက်ပသောဘုန်းအသရေတော်သည် လည်းသူတို့အပေါ်၌တည်လေ၏။-
၂၀ ဤသတ္တဝါတို့သည်ခေဗာမြစ်အနီးတွင် ယခင်ကဣသရေလအမျိုးသားတို့၏ ဘုရားသခင်အောက်တွင် ငါမြင်ခဲ့ရသော သတ္တဝါများပင်ဖြစ်ကြောင်းငါသိ၏။
၂၁ သူတို့တစ်ပါးစီတွင်မျက်နှာလေးခု၊ တောင်ပံ လေးဘက်နှင့်ထိုတောင်ပံများ၏အောက်တွင် လူ့လက်နှင့်တူသောလက်တစ်ဖက်စီရှိ၏။-
၂၂ သူတို့၏မျက်နှာများသည်ခေဗာမြစ်အနီး တွင် ငါတွေ့မြင်ခဲ့ရသောမျက်နှာများနှင့် တထေရာတည်းဖြစ်၍နေ၏။ ထိုသတ္တဝါ အားလုံးပင်ရှေ့သို့တည့်တည့်ရွေ့လျား သွားတတ်ကြ၏။