ခရစ်ယာန်ညီအစ်ကိုအချင်းချင်း တရားစွဲဆိုခြင်း
၆
၁ သင်တို့အချင်းချင်းအမှုဖြစ်ပွားလျှင် ဘုရား သခင်လူစုတော်၏စီရင်ဆုံးဖြတ်ခြင်းကိုခံ မည့်အစား အဘယ်ကြောင့်ဘုရားမရှိသည့် တရားသူကြီးများထံသို့သွားကြပါ သနည်း။-
၂ ဘုရားသခင်၏လူစုတော်သည်ကမ္ဘာလောက ကိုတရားစီရင်ရမည်ဖြစ်ကြောင်း သင်တို့ မသိကြပါသလော။ ကမ္ဘာလောကကိုတရား စီရင်ရမည့်သင်တို့သည် အမှုကိစ္စအသေး အဖွဲကလေးများကိုမစီရင်မဆုံးဖြတ် နိုင်ပါသလော။-
၃ ငါတို့သည်ကောင်းကင်တမန်များကိုတရား စီရင်ရကြမည်ဖြစ်ကြောင်း မသိသလော။-
၄ ထိုအမှုကိစ္စမျိုးပေါ်ပေါက်လာသောအခါ အသင်းတော်နှင့်မည်သို့မျှမသက်ဆိုင်သူ များအားစီရင်ဆုံးဖြတ်စေကြပါမည် လော။-
၅ သင်တို့ရှက်ဖွယ်ကောင်းလှ၏။ ခရစ်ယာန်ညီအစ်ကို အချင်းချင်းအမှုအခင်းဖြစ်ပွားကြသောအခါ အသင်းတော်နှင့်တရားစီရင်ဆုံးဖြတ်နိုင်သူ ပညာရှိတစ်ယောက်မျှမရှိသလော။-
၆ မယုံကြည်သူတရားသူကြီးများ၏ရှေ့တွင် ညီအစ်ကိုအချင်းချင်းတရားစွဲဆိုကြပါ သည်တကား။
၇ ဤသို့အချင်းချင်းတရားစွဲဆိုခြင်းသည် သင် တို့၏အတွက်ဆုံးရှုံးမှုဖြစ်စေ၏။ တရားစွဲဆို မည့်အစား မတရားပြုခြင်းကိုခံသည်ကပို ၍မကောင်းပါလော။ လုယက်ခြင်းခံရသည် ကပို၍မကောင်းပါလော။-
၈ သင်တို့သည်ဤသို့ခံမည့်အစားညီအစ်ကို ရင်းအချင်းချင်းကိုပင်လျှင် မတော်မတရား ပြုကြ၏။ လုယက်ကြ၏။-
၉ ဆိုးညစ်သောသူတို့သည်ဘုရားသခင်၏ နိုင်ငံတော်သားဖြစ်ကြရလိမ့်မည်မဟုတ် ကြောင်း သင်တို့မသိကြသလော။ လွဲမှား၍ မထင်ကြနှင့်။ ကာမဂုဏ်လိုက်စားသူများ၊ ရုပ်တုကိုကိုးကွယ်သူများ၊ သူ့သားအိမ်ရာ ကိုပြစ်မှားသူများ၊ ယောကျာ်းအချင်းချင်း မှားယွင်းသူများ၊-
၁၀ သူခိုးများ၊ လောဘလွန်ကူးသူများ၊ သေ သောက်ကြူးသူများ၊ ဆဲရေးတိုင်းထွာသူများ နှင့်လုယက်တိုက်ခိုက်သူများသည် ဘုရား သခင်၏နိုင်ငံတော်သားဖြစ်ကြရလိမ့်မည် မဟုတ်။-
၁၁ ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။
သင်တို့ကိုယ်ခန္ဓာကိုဘုရားသခင် ဘုန်းအသရေတော်အတွက်အသုံးပြုကြလော့
၁၂ သင်တို့က``ငါတို့သည်အဘယ်အမှုကိုမဆို ပြုနိုင်ခွင့်ရှိ၏'' ဟုဆိုကြလိမ့်မည်။ သင်တို့ ဆိုသည်အတိုင်းမှန်ပေ၏။ သို့သော်အရာ ခပ်သိမ်းသည် သင်တို့အဖို့အကျိုးမရှိနိုင်။ ငါသည်အဘယ်အမှုကိုမဆိုပြုပိုင်ခွင့် ရှိသည်ဟုဆိုနိုင်သော်လည်း အဘယ်အမှု ကမျှငါ့အား၎င်း၏ကျွန်ဖြစ်စေရန်ငါ အခွင့်ပေးလိမ့်မည်မဟုတ်။-
၁၃ ``အစားအစာသည်ဝမ်းအတွက်ဖြစ်၏။ ဝမ်း သည်လည်းအစားအစာအတွက်ဖြစ်၏'' ဟု သင်တို့ဆိုလိမ့်မည်။ ဤစကားသည်မှန်ပေ၏။ သို့ရာတွင်ဘုရားသခင်သည်ထိုအရာနှစ်ခု လုံးကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။ ကိုယ်ခန္ဓာ သည်ကာမဂုဏ်လိုက်စားရန်အတွက်မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် အတွက်ဖြစ်၏။ ဘုရားသခင်သည်လည်းကိုယ် ခန္ဓာလိုအပ်သည်များကိုချပေးတော်မူ၏။-
၁၄ ထာဝရဘုရားသည်သခင်ဘုရားကို ရှင်ပြန်ထမြောက်စေတော်မူ၏။ ငါတို့ကို လည်းတန်ခိုးတော်အားဖြင့်ရှင်ပြန်ထမြောက် စေတော်မူလိမ့်မည်။
၁၅ သင်တို့ကိုယ်ခန္ဓာများသည် ခရစ်တော်၏ကိုယ် အင်္ဂါများဖြစ်သည်ကိုမသိကြသလော။ ငါ သည်ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန် ဆာမ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ မဖြစ် စေနိုင်။-
၁၆ ပြည့်တန်ဆာမနှင့်ဆက်ဆံသောသူသည် ပြည့် တန်ဆာမနှင့်တစ်သားတည်းတစ်ကိုယ်တည်း ဖြစ်သည်ကိုသင်တို့မသိကြသလော။ ကျမ်း စာတော်က ``ထိုသူနှစ်ယောက်တို့သည်တစ် သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်'' ဟု ဆိုပေသည်။-
၁၇ သို့ရာတွင်သခင်ဘုရားနှင့်ဆက်ဆံသူသည် ဝိညာဉ်သဘောအားဖြင့်ကိုယ်တော်နှင့်တစ် သားတစ်ကိုယ်တည်းဖြစ်သတည်း။
၁၈ ကာမဂုဏ်လိုက်စားခြင်းကိုရှောင်ကြလော့။ အခြားအပြစ်မှန်သမျှသည်လူ၏ကိုယ် ခန္ဓာအကျိုးကိုမထိမခိုက်စေနိုင်။ ကာမဂုဏ် လိုက်စားခြင်းအပြစ်ကိုကူးလွန်သူသည် ကားမိမိ၏ကိုယ်ခန္ဓာကိုပြစ်မှား၏။-
၁၉ သင်တို့ကိုယ်ခန္ဓာသည်ဘုရားသခင်သင်တို့ အတွင်း၌ကိန်းအောင်းတော်မူသော၊ ဘုရား သခင်ပေးသနားတော်မူ၍ ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကိုသင်တို့မသိကြ သလော။ သင်တို့ကိုယ်ကိုသင်တို့မပိုင်။ ဘုရား သခင်သာလျှင်ပိုင်တော်မူ၏။-
၂၀ ကိုယ်တော်သည်သင်တို့အားအဖိုးအခပေး ၍ဝယ်ယူထားတော်မူသဖြင့် သင်တို့၏ကိုယ် ခန္ဓာကိုဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်အတွက်အသုံးပြုကြ လော့။