အာနနိနှင့်ရှဖိရေ
၅
၁ အာနနိဆိုသူနှင့်သူ၏ဇနီးရှဖိရေတို့ သည် မိမိတို့၏မြေကိုရောင်းချကြ၏။-
၂ သို့သော်အာနနိသည်ရောင်းရသောငွေအချို့ အဝက်ကို ဇနီးသည်၏သဘောတူညီချက် အရ မိမိအဖို့ဖယ်ထားပြီးမှကျန်ငွေကို တမန်တော်တို့အားပေးအပ်လေသည်။-
၃ ပေတရုက ``အာနနိ၊ သင်သည်လယ်ရောင်းရ ငွေအချို့အဝက်ကိုမိမိအဖို့ဖယ်ထားခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိုလှည့် စားလေပြီ။ အဘယ်ကြောင့်စာတန်အားသင် ၏စိတ်နှလုံးကိုစိုးမိုးခွင့်ပေးပါသနည်း။-
၄ သင်သည်ထိုလယ်ကိုမရောင်းချမီကပိုင်ဆိုင် သည်မဟုတ်လော။ ရောင်းချပြီးသောအခါ ၌လည်း မြေဖိုးငွေကိုပိုင်သည်မဟုတ်လော။ သို့ ပါလျက်အဘယ်ကြောင့်ဤသို့သောအကြံ အစည်ကိုပြုပါသနည်း။ သင်သည်လူကို လှည့်စားသည်မဟုတ်။ ဘုရားသခင်ကိုလှည့် စားလေပြီ'' ဟုဆို၏။-
၅ ထိုစကားကိုကြားသည်နှင့်တစ်ပြိုင်နက် အာနနိသည်လဲကျသေဆုံးလေသည်။ ဤ အဖြစ်အပျက်အကြောင်းကိုကြားကြသူ အပေါင်းသည် လွန်စွာကြောက်လန့်ကြ၏။-
၆ လူငယ်လူရွယ်များသည်လာ၍ အာနနိ၏ ရုပ်အလောင်းကိုအဝတ်နှင့်ပတ်ပြီးနောက် အပြင်သို့ထုတ်ယူသင်္ဂြိုဟ်ကြ၏။
၇ သုံးနာရီခန့်ကြာသောအခါ အာနနိ၏ ဇနီးရောက်လာ၏။ သို့ရာတွင်သူသည်ဖြစ် ပျက်ခဲ့သည့်အချင်းအရာကိုမသိ။-
၈ ပေတရုက``သင်တို့သည်လယ်ကိုအဖိုး ဤမျှဖြင့်ရောင်းပါသလော'' ဟုမေး၏။
ထိုအမျိုးသမီးက ``မှန်ပါ၏။ ဤမျှဖြင့် ပင်ရောင်းပါသည်'' ဟုဆို၏။-
၉ ပေတရုက ``သခင်ဘုရား၏ဝိညာဉ်တော် ကိုသွေးတိုးစမ်းရန် အဘယ်ကြောင့်သင်တို့ သဘောတူကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကိုသင်္ဂြိုဟ်ခဲ့သူတို့သည် ယခု တံခါးဝသို့ပြန်ရောက်ပြီ။ သူတို့သည်သင့် ကိုလည်းဆောင်ယူသွားကြလတ္တံ့' ဟုဆို၏။-
၁၀ ချက်ချင်းပင်ထိုအမျိုးသမီးသည် ပေတရု ၏ခြေရင်းတွင်လဲကျသေဆုံးလေ၏။ လူ ငယ်လူရွယ်တို့ရောက်လာကြသောအခါ ထိုအမျိုးသမီးသေဆုံးနေသည်ကိုတွေ့ ရ၏။ ရုပ်အလောင်းကိုထုတ်ယူပြီးလျှင် ခင်ပွန်းဖြစ်သူ၏အနီးတွင်သင်္ဂြိုဟ်ကြ၏။-
၁၁ အသင်းတော်တစ်သင်းလုံးနှင့်ထိုအဖြစ် အပျက်အကြောင်းကို ကြားကြသူအပေါင်း သည်လွန်စွာကြောက်လန့်ကြကုန်၏။
နိမိတ်လက္ခဏာနှင့်အံ့သြဖွယ်ရာများ
၁၂ တမန်တော်တို့သည်လူတို့ရှေ့တွင်အံ့သြဖွယ် ရာအမှုအရာများနှင့် နိမိတ်လက္ခဏာများ ကိုပြကြ၏။ ယုံကြည်သူအပေါင်းတို့သည် ရှောလမုန်မုခ်တွင်စုဝေးကြ၏။-
၁၃ လူတို့သည်ထိုသူတို့အားချီးကူးပြောဆို ကြသော်လည်း မည်သူတစ်စုံတစ်ယောက်မျှ သူတို့နှင့်မပေါင်းမသင်းဝံ့ကြ။-
၁၄ သို့ရာတွင်သခင်ဘုရားကိုသက်ဝင်ယုံကြည် သူ အမျိုးသားအမျိုးသမီးအရေအတွက် သည်ပို၍ပို၍များလာ၏။-
၁၅ လူတို့သည်သူနာများကိုယူဆောင်လာကြ ၏။ ပေတရုလျှောက်လာသောအခါယုတ်စွ အဆုံး၊ အချို့သောသူနာတို့အပေါ်သို့ ပေတရု၏အရိပ်လွှမ်းမိစေရန်အိပ်ရာ များ၊ ထမ်းစင်များဖြင့်သူနာများကိုလမ်း ပေါ်တွင်ချထားကြ၏။-
၁၆ ထို့ပြင်ယေရုရှလင်မြို့ပတ်ဝန်းကျင်မြို့ရွာ များမှ လူပရိသတ်တို့သည်ဖျားနာသူများ၊ နတ်မိစ္ဆာပူးဝင်နေသူများကိုခေါ်ဆောင်လာ ကြ၏။ ထိုသူနာအပေါင်းသည်ရောဂါပျောက် ကင်းသွားကြ၏။
တမန်တော်တို့ကို ညှဉ်းပန်းနှိပ်စက်ကြခြင်း
၁၇ ထိုအခါယဇ်ပုရောဟိတ်မင်းနှင့်သူ၏နောက် လိုက်များဖြစ်သော ဒေသဆိုင်ရာဇဒ္ဒုကဲဂိုဏ်း ဝင်များသည် တမန်တော်တို့ကိုလွန်စွာမနာ လိုဝန်တိုစိတ်ရှိလာကြသဖြင့် သူတို့ကို အရေးယူရန်ဆုံးဖြတ်ကြ၏။-
၁၈ သူတို့သည်တမန်တော်တို့ကိုဖမ်းဆီးပြီး လျှင် ထောင်တွင်အကျဉ်းချထားကြ၏။-
၁၉ သို့သော်ညအခါ၌သခင်ဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးများ ကိုဖွင့်၍ တမန်တော်တို့ကိုအပြင်သို့ ခေါ်ထုတ်ပြီးလျှင်၊-
၂၀ ``သင်တို့သည်ဗိမာန်တော်သို့သွား၍ လူတို့ အားဘဝသစ်အကြောင်းအလုံးစုံကို ဟောပြောကြလော့'' ဟုဆို၏။-
၂၁ တမန်တော်တို့သည်ကောင်းကင်တမန်၏စကား ကိုနာခံ၍ အရုဏ်တက်ချိန်၌ဗိမာန်တော်ထဲ သို့ဝင်၍ဟောပြောသွန်သင်ကြ၏။
ယဇ်ပုရောဟိတ်မင်းနှင့်သူ၏အပေါင်းဖော်တို့ သည် တရားလွှတ်တော်အစည်းအဝေးကိုပြု လုပ်ရန် အဖွဲ့ဝင်အပေါင်းတို့ကိုစုဝေးစေ၏။ ထိုနောက်တမန်တော်တို့ကိုခေါ်ဆောင်ခဲ့ရန် အမိန့်ပေး၍ လွှတ်တော်ရဲများကိုအကျဉ်း ထောင်သို့စေလွှတ်ကြ၏။-
၂၂ ထိုသူတို့သည်အကျဉ်းထောင်သို့ရောက်သော အခါ တမန်တော်တို့ကိုမတွေ့ရကြ။ သို့ဖြစ် ၍တရားလွှတ်တော်အဖွဲ့ဝင်တို့ထံသို့ပြန် လာပြီးလျှင်၊-
၂၃ ``အကျဉ်းထောင်တံခါးသည်သေချာစွာပိတ် လျက်ရှိသည်ကိုလည်းကောင်း၊ ထောင်စောင့်တို့ သည်လည်းတံခါးပြင်တွင်ရပ်လျက်ရှိသည် ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ပါ၏။ သို့ရာ တွင်တံခါးကိုဖွင့်လိုက်သောအခါ အတွင်း တွင်မည်သူ့ကိုမျှမတွေ့ရပါ'' ဟုလျှောက် ထားကြ၏။-
၂၄ ထိုစကားကိုကြားလျှင်ဗိမာန်တော်အစောင့် တပ်မှူးနှင့်ယဇ်ပုရောဟိတ်ကြီးတို့သည် ``ဤ အမှုကားအဘယ်သို့ဖြစ်ပါလိမ့်မည်နည်း'' ဟုတွေးတောကြ၏။-
၂၅ ထိုအခါလူတစ်ယောက်ရောက်ရှိလာ၍ ``အရှင် တို့အကျဉ်းချထားခဲ့သောသူများသည် ဗိမာန် တော်ထဲတွင်ရပ်လျက်လူတို့အားဟောပြော သွန်သင်နေပါသည်'' ဟုလျှောက်၏။-
၂၆ ထိုအခါဗိမာန်တော်အစောင့်တပ်မှူးသည် မိမိ၏တပ်သားများနှင့်သွားရောက်၍ တမန် တော်တို့ကိုခေါ်ဆောင်ခဲ့၏။ သို့ရာတွင်မိမိ တို့အားလူထုကခဲနှင့်ပေါက်မည်ကိုစိုးရိမ် သဖြင့် တမန်တော်တို့အားအကြမ်းဖက်မှု ကိုမပြုကြ။
၂၇ ဤသို့တမန်တော်တို့ကိုခေါ်ဆောင်လာပြီး လျှင် တရားလွှတ်တော်အဖွဲ့၏ရှေ့တွင်ရပ်စေ ၏။ ယဇ်ပုရောဟိတ်မင်းသည်တမန်တော်တို့ ကိုစစ်ဆေးမေးမြန်း၏။-
၂၈ သူက``ထိုနာမကိုအမှီပြု၍ဟောပြောသွန် သင်ခြင်းမပြုရန် သင်တို့အားငါတို့ကျပ်တည်း စွာအမိန့်ပေးခဲ့၏။ သို့ရာတွင်ယခုသင်တို့ သည်ယေရုရှလင်မြို့တစ်မြို့လုံးတွင် အနှံ့ အပြားဟောပြောသွန်သင်ကြလေပြီ။ ထို သူသေရသည်မှာငါတို့ကြောင့်ဖြစ်သည်ဟူ ၍ သင်တို့အပြစ်တင်လိုကြသည်တကား'' ဟုတမန်တော်တို့အားပြောကြားကြ ၏။
၂၉ ပေတရုနှင့်တမန်တော်တို့က``ငါတို့သည် လူ့အမိန့်ထက်ဘုရားသခင့်အမိန့်တော် ကိုနားထောင်ရမည်။-
၃၀ ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သင် တို့လက်ဝါးကပ်တိုင်ပေါ်မှာတင်၍သတ်ခဲ့ သောသခင်ယေရှုအား ရှင်ပြန်ထမြောက်စေ တော်မူပြီ။-
၃၁ ဣသရေလအမျိုးသားတို့သည်နောင်တရ ၍ မိမိတို့အပြစ်များမှပြေလွတ်စိမ့်သောငှာ ဘုရားသခင်သည်ထိုသခင်အားမိမိ၏ လက်ယာတော်ဘက်တွင်စံပယ်စေ၍ ဦးစီး ခေါင်းဆောင်အဖြစ်နှင့်ကယ်တင်ရှင်အဖြစ် ချီးမြှင့်တော်မူ၏။-
၃၂ ဤအမှုအရာများနှင့်ပတ်သက်၍ ငါတို့ သည်အသိသက်သေဖြစ်ကြ၏။ ဘုရားသခင် ၏အမိန့်ကိုနာခံသူတို့အားချပေးတော်မူ သည့်ဆုကျေးဇူးတည်းဟူသော ဝိညာဉ်တော် သည်လည်းအသိသက်သေဖြစ်တော်မူ၏'' ဟု ပြန်၍ပြောကြားကြ၏။
၃၃ ဤစကားကိုကြားကြသောအခါတရား လွှတ်တော်အဖွဲ့ဝင်တို့သည် ပြင်းစွာအမျက် ထွက်ကြသဖြင့် တမန်တော်တို့အားသေဒဏ် ပေးရန်တိုင်ပင်ကြ၏။-
၃၄ သို့ရာတွင်ဂါမလျေလနာမည်ရှိသော ဖာရိရှဲသည် တရားလွှတ်တော်တွင်ထိုင်ရာ မှထ၍ တမန်တော်တို့အားအပြင်သို့ခေတ္တ ခေါ်ထုတ်သွားရန်အမိန့်ပေး၏။ သူသည်လူ အပေါင်းတို့ရိုသေလေးစားသည့်ကျမ်းတတ် ဆရာတစ်ဦးဖြစ်၏။-
၃၅ ထိုသူက``ဣသရေလအမျိုးသားတို့၊ ဤ သူတို့အားသင်တို့ပြုမည့်အရာကိုသတိ နှင့်ပြုကြလော့။-
၃၆ လွန်ခဲ့သောနှစ်အနည်းငယ်ကသုဒဆိုသူ သည် မိမိကိုယ်ကိုခေါင်းဆောင်ကြီးတစ်ဦးဟု ဆိုကာပေါ်ပေါက်ခဲ့၏။ သူသည်နောက်လိုက်လူ လေးရာခန့်ရရှိခဲ့၏။ သို့ရာတွင်သူအသတ် ခံရပြီးနောက် သူ၏နောက်လိုက်များသည်တစ် ကွဲတစ်ပြားဖြစ်လျက် သူဦးဆောင်ခဲ့သော လှုပ်ရှားမှုသည်လည်းပျောက်ပျက်သွား၏။-
၃၇ ထိုနောက်သန်းခေါင်စာရင်းကောက်ချိန်၌ ဂါလိလဲပြည်သားယုဒဆိုသူပေါ်ပေါက် လာကာ လူတို့ကိုဆွဲဆောင်စည်းရုံးခဲ့၏။ သူ သည်လည်းသေကျေပျက်စီးရလျက် သူ၏ နောက်လိုက်အပေါင်းသည်ကွဲလွင့်သွားကြ ကုန်၏။-
၃၈ သို့ဖြစ်၍ယခုသင်တို့အားငါဆိုသည်ကား ဤသူတို့ကိုအရေးမယူကြနှင့်။ သူတို့ ဘာသာနေပါစေ။-
၃၉ သူတို့ကြံစည်ပြုလုပ်သောအမှုကိစ္စသည် လူမှဖြစ်ခဲ့သော်ထိုအကြံအစည်အမှု ကိစ္စသည်ပျက်ရမည်။ သို့ရာတွင်ဘုရား သခင်မှဖြစ်ပါမူ ထိုသူတို့ကိုမဖျက် နိုင်သည့်ပြင်ဘုရားသခင်အားသင်တို့ ဆန့်ကျင်ရာရောက်အံ့'' ဟုဆို၏။
ယုဒတရားလွှတ်တော်အဖွဲ့ဝင်တို့သည် ဂါမလျေလ၏အကြံပေးချက်ကိုလက်ခံ ပြီးလျှင်၊-
၄၀ တမန်တော်တို့ကိုခေါ်ယူကြ၏။ ထိုနောက်သူ တို့အားကြိမ်ဒဏ်ခတ်ကာ``ယေရှု၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းကိုနောက် တစ်ဖန်မပြုရ'' ဟုအမိန့်ပေးပြီးနောက် လွှတ်လိုက်ကြ၏။-
၄၁ တမန်တော်တို့သည်မိမိတို့အားသခင်ယေရှု အတွက် အသရေပျက်ခြင်းကိုခံထိုက်သူများ အဖြစ်ဖြင့် ဘုရားသခင်မှတ်တော်မူသောကြောင့် ဝမ်းမြောက်စွာယုဒတရားလွှတ်တော်မှထွက် သွားကြ၏။-
၄၂ နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်လည်းကောင်း၊ အိမ်များတွင်လည်းကောင်းသခင်ယေရှုသည် မေရှိယဖြစ်တော်မူကြောင်းကိုဆက်လက်၍ ဟောပြောသွန်သင်ကြ၏။